အေထြအေထြဗဟုသုတ

သူစိမ္းေကာင္းရင္ ေဆြမ်ိဳးထက္သာတယ္ဆိုတာလဲ အမွန္ပါ ေဆြမ်ိဳးယုတ္တဲ့အခါ သူစိမ္းထက္သာတယ္ဆိုတာလဲ လက္ေတြ႕ပါ

သူစိမ္းေကာင္းရင္ ေဆြမ်ိဳးထက္သာတယ္ဆိုတာလဲ အမွန္ပါ ေဆြမ်ိဳးယုတ္တဲ့အခါ သူစိမ္းထက္သာတယ္ဆိုတာလဲ လက္ေတြ႕ပါ

ေဆြမ်ိဳးတိုင္း မေကာင္းဘူး မဟုတ္ပါဘူး ဒါေပမယ့္ ကိုယ္နဲ႔ ပတ္သက္တဲ့ ေဆြမ်ိဳးေတြကေတာ့ ေတာ္ေတာ္ ေငြခင္တတ္တဲ့ အမ်ိဳး

ေငြေလးျမင္ရင္ ဟိုးအေဝးႀကီးေရာက္ေနလဲ ေျပးၿပီးလာ ႏႈတ္ဆက္ေဖာ္ ရတယ္ ။ အမ်ိဳးဘယ္လိုေတာ္တာ ဘယ္ညာေတာ္တာ လာၿပီးစပ္ျပ တယ္ ။

ဘူးသီးကို ျမင္ေနၿပီပဲ အရီးေခၚဖို႔လဲ ဝန္မေလးဘူးေလ ဒါေပမယ့္ လက္ထဲမွာ ေငြမရွိတဲ့အခါလို႔ ဆက္ၿပီးေျပာဖို႔ေတာင္ အခ်ိန္မရဘူး

အနီးအနားမွာ ဘယ္သူ တစ္ဦး တစ္ေယာက္မွ မရွိေတာ့ဘူး ကိုယ္မ်ားနိမ့္က်ေနရင္ အရင္ဦးဆုံး အပုတ္ခ်တာ ကိုယ့္အမ်ိဳး အရင္းေခါက္ေခါက္ႀကီးေတြကပဲ

သူစိမ္းေတြက နဲနဲအျပစ္ေျပာရင္ သူတို႔က ပိုပိုသာသာေလး ထည့္ၿပီးေျပာတတ္ၾကတယ္ ကိုယ္မ်ားအဆင္မေျပရင္ ငဲ့ၾကည့္ဖို႔မေျပာနဲ႔ အကူအညီေတာင္းမွာေၾကာက္လို႔

လမ္းမွာေတြ႕ရင္ေတာင္ မေခၚႏိုင္မေျပာႏိုင္ ျဖစ္ေနၾကတာမ်ိဳးေလ။

ကိုယ့္ကို ဘယ္အခ်ိန္မွာ းမလဲလို႔ မ်က္လုံးေဒါက္ေထာက္ၾကည့္တဲ့ လူေတြထဲမွာ သူစိမ္းေတြထဲ အမ်ိဳးေတြမ်ားတယ္

ဒါေပမယ့္ ေဆြမ်ိဳးေတြက ကိုယ့္အေပၚ ေစတနာေတာ့ ထားပါ သူတို႔ သားသမီးေတြကိုသာ ႏိုင္ခ်င္မွ ႏိုင္တာ

ကိုယ္အမွားမ်ားေတြ႕လို႔ကေတာ့ ဆုံးမတာလိုလို ၾသဝါဒေႁခြတာလိုလိုနဲ႔ ပိုပိုသာသာေလး အျပစ္ေျပာတတ္ၾကတာေလ

ကိုယ္မရွိရင္ ဘယ္သူ႔ကိုမွ အားမကိုးနဲ႔ ကိုယ္ရွိလို႔ေပးႏိုင္တဲ့ အခါ ေပးလိုက္ပါ ဒါေပမယ့္ ဘာတစ္ခုကိုမွ ျပန္မေမွ်ာ္လင့္နဲ႔

ကိုယ္ေပးႏိုင္ကမ္း ေနႏိုင္တုန္းမွာ လူေတြအမ်ားႀကီး ရွိေကာင္းရွိႏိုင္ ပါတယ္ ေဆြမ်ိဳးအင္အား ေတာင့္တင္းေကာင္းေတာင့္တင္း ႏိုင္တယ္

ကိုယ့္မွာ ဘာမွမရွိတဲ့ အခါ ကိုယ္သူတို႔ကို ဘာမွ မေပးႏိုင္ေတာ့တဲ့ အခါ တစ္ေယာက္တည္း က်န္ခဲ့ရမွာလဲ ေမ့မထားနဲ႔

လူတိုင္းမေကာင္းဘူးလို႔ မေျပာလိုပါဘူး ဘဝေတြက မတူတဲ့ အခါ ရွင္သန္ရတဲ့ ပတ္ဝန္းက်င္ခ်င္းမတူတဲ့အခါ အျမင္ခ်င္းလဲ ကြာတတ္တယ္ေလ

ကိုယ္ျမင္ေနရတဲ့ ေဆြမ်ိဳးဆိုတာမ်ိဳးက ဒီလိုမ်ိဳးေတြ ပါပဲ နိမ့္က်တဲ့အခါ သူစိမ္းေတြထက္ ပိုပိုသာသာေလးေျပာတတ္တယ္ ကိုယ္မွားသြားတဲ့ အခါ သူစိမ္းေတြၾကား အတင္းခ်တတ္တယ္

ေငြရွိလာတဲ့အခါ အနားကပ္ၿပီး ၿပဳံးျပတယ္ မရွိေတာ့ဘူးဆိုတဲ့တစ္ေန႔ ဘာမွ မေတာ္သလို ေနတတ္ၾကတယ္

သဘာဝကေပးတဲ့ ေဆြေကာင္းမ်ိဳးေကာင္း ဆိုတဲ့ ကံဟာ ကိုယ့္ထံမွာ ပါမလာဘူး

ဘူးသီးသီးမွ အရီးလာေတာ္တဲ့သူက မ်ားတယ္ေလ

သူစိမ္းေကာင္းရင္ ေဆြမ်ိဳးထက္သာတယ္ ဆိုတာလဲ အမွန္ပါ ေဆြမ်ိဳးယုတ္တဲ့ အခါ သူစိမ္းထက္သာတယ္ဆိုတာလဲ လက္ေတြ႕ပါ ။

Zuu

Unicode

သူစိမ်းကောင်းရင် ဆွေမျိုးထက်သာတယ်ဆိုတာလဲ အမှန်ပါ ဆွေမျိုးယုတ်တဲ့အခါ သူစိမ်းထက်သာတယ်ဆိုတာလဲ လက်တွေ့ပါ

ဆွေမျိုးတိုင်း မကောင်းဘူး မဟုတ်ပါဘူး ဒါပေမယ့် ကိုယ်နဲ့ ပတ်သက်တဲ့ ဆွေမျိုးတွေကတော့ တော်တော် ငွေခင်တတ်တဲ့ အမျိုး

ငွေလေးမြင်ရင် ဟိုးအဝေးကြီးရောက်နေလဲ ပြေးပြီးလာ နှုတ်ဆက်ဖော် ရတယ် ။ အမျိုးဘယ်လိုတော်တာ ဘယ်ညာတော်တာ လာပြီးစပ်ပြ တယ် ။

ဘူးသီးကို မြင်နေပြီပဲ အရီးခေါ်ဖို့လဲ ဝန်မလေးဘူးလေ ဒါပေမယ့် လက်ထဲမှာ ငွေမရှိတဲ့အခါလို့ ဆက်ပြီးပြောဖို့တောင် အချိန်မရဘူး

အနီးအနားမှာ ဘယ်သူ တစ်ဦး တစ်ယောက်မှ မရှိတော့ဘူး ကိုယ်များနိမ့်ကျနေရင် အရင်ဦးဆုံး အပုတ်ချတာ ကိုယ့်အမျိုး အရင်းခေါက်ခေါက်ကြီးတွေကပဲ

သူစိမ်းတွေက နဲနဲအပြစ်ပြောရင် သူတို့က ပိုပိုသာသာလေး ထည့်ပြီးပြောတတ်ကြတယ် ကိုယ်များအဆင်မပြေရင် ငဲ့ကြည့်ဖို့မပြောနဲ့ အကူအညီတောင်းမှာကြောက်လို့

လမ်းမှာတွေ့ရင်တောင် မခေါ်နိုင်မပြောနိုင် ဖြစ်နေကြတာမျိုးလေ။

ကိုယ့်ကို ဘယ်အချိန်မှာ းမလဲလို့ မျက်လုံးဒေါက်ထောက်ကြည့်တဲ့ လူတွေထဲမှာ သူစိမ်းတွေထဲ အမျိုးတွေများတယ်

ဒါပေမယ့် ဆွေမျိုးတွေက ကိုယ့်အပေါ် စေတနာတော့ ထားပါ သူတို့ သားသမီးတွေကိုသာ နိုင်ချင်မှ နိုင်တာ

ကိုယ်အမှားများတွေ့လို့ကတော့ ဆုံးမတာလိုလို သြဝါဒခြွေတာလိုလိုနဲ့ ပိုပိုသာသာလေး အပြစ်ပြောတတ်ကြတာလေ

ကိုယ်မရှိရင် ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ်ရှိလို့ပေးနိုင်တဲ့ အခါ ပေးလိုက်ပါ ဒါပေမယ့် ဘာတစ်ခုကိုမှ ပြန်မမျှော်လင့်နဲ့

ကိုယ်ပေးနိုင်ကမ်း နေနိုင်တုန်းမှာ လူတွေအများကြီး ရှိကောင်းရှိနိုင် ပါတယ် ဆွေမျိုးအင်အား တောင့်တင်းကောင်းတောင့်တင်း နိုင်တယ်

ကိုယ့်မှာ ဘာမှမရှိတဲ့ အခါ ကိုယ်သူတို့ကို ဘာမှ မပေးနိုင်တော့တဲ့ အခါ တစ်ယောက်တည်း ကျန်ခဲ့ရမှာလဲ မေ့မထားနဲ့

လူတိုင်းမကောင်းဘူးလို့ မပြောလိုပါဘူး ဘဝတွေက မတူတဲ့ အခါ ရှင်သန်ရတဲ့ ပတ်ဝန်းကျင်ချင်းမတူတဲ့အခါ အမြင်ချင်းလဲ ကွာတတ်တယ်လေ

ကိုယ်မြင်နေရတဲ့ ဆွေမျိုးဆိုတာမျိုးက ဒီလိုမျိုးတွေ ပါပဲ နိမ့်ကျတဲ့အခါ သူစိမ်းတွေထက် ပိုပိုသာသာလေးပြောတတ်တယ် ကိုယ်မှားသွားတဲ့ အခါ သူစိမ်းတွေကြား အတင်းချတတ်တယ်

ငွေရှိလာတဲ့အခါ အနားကပ်ပြီး ပြုံးပြတယ် မရှိတော့ဘူးဆိုတဲ့တစ်နေ့ ဘာမှ မတော်သလို နေတတ်ကြတယ်

သဘာဝကပေးတဲ့ ဆွေကောင်းမျိုးကောင်း ဆိုတဲ့ ကံဟာ ကိုယ့်ထံမှာ ပါမလာဘူး

ဘူးသီးသီးမှ အရီးလာတော်တဲ့သူက များတယ်လေ

သူစိမ်းကောင်းရင် ဆွေမျိုးထက်သာတယ် ဆိုတာလဲ အမှန်ပါ ဆွေမျိုးယုတ်တဲ့ အခါ သူစိမ်းထက်သာတယ်ဆိုတာလဲ လက်တွေ့ပါ ။

Zuu