ၾကားသိရသမွ်

” မိုင်းဖုန်းဆရာတော်၏ ထူးခြားချက်များ … “

” မိုင်းဖုန်းဆရာတော်၏ ထူးခြားချက်များ … ”

ဆရာတော်၏ ထူးခြားချက်များမှာ….

(၁) ငယ်စဉ်ကတည်းကစပြီး သက်သတ်လွတ်ဘုဉ်းပေးခြင်း။

(၂) ငယ်စဉ်ကတည်းကစ၍ကမ္မဋ္ဌာန်းဘာ၀နာကျင့်ကြံခြင်း။

(၃) လူသူကင်းမဲ့သည့် တောတောင်အတွင်းရှိ ဂူများတွင် တစ်ပါးတည်းမကြောက် မ ရွံ့တရားအား ထုတ်ခြင်း။

(၄) ဘာသာစကားအမျိုးမျိုး စာပေအမျိုးမျိုး သင်ယူခြင်းမပြုဘဲ အလိုလိုတတ်မြောက်နေခြင်း။

(၅) မတ်တတ်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် မလှုပ်မရှားပဲ တစ်ဆက်တည်းကျင့်ကြံနိုင်ခြင်း။

(၆) ထိုင်လျှက် အနေအထားဖြင့်ခုနှစ်ရက်တိုင်တိုင် တစ်ထိုင်တည်းတရားအားထုတ်နိုင်ခြင်း။

(၇) ဝါတွင်းသုံးလအတွင်းဂူ(သို့) တောတောင်တစ်နေရာရာတွင် စဉ်ဆက်မပြတ်တရားထိုင်ခြင်း။

(၈) ဝါတွင်းသုံးလ ဂူအောင်းနေစဉ် ဆွမ်းဘုဉ်းပေးခြင်းမရှိဘဲ သစ်သီး၊သစ်ဥ၊ သစ်ဖုများကိုသာ အဟာရ အဖြစ်မှီဝဲခြင်း။

(၉) ဝါတွင်းသုံးလ ကာလအတွင်း အမြဲတမ်း၀စီပိတ်ကျင့်ကြံခြင်း။

(၁၀) လူ၊နတ်၊သတ္တဝါတို့အား သွန်သင်ဆုံးမသြ၀ါဒစကားကို တရားတော်များနာပွားနေခြင်းမှ အလိုလို ပေါ်ပေါက်လာခြင်း။

(၁၁) လူ၊နတ်၊သတ္တဝါအားလုံး အဆင့်အတန်းမခွဲခြားဘဲမျှမျှတတ မေတ္တာထား ဆက်ဆံခြင်း။

(၁၂) အများတကာမှာ အလွန်ချမ်းနေပြီး ဖိနပ်၊ ခြေအိတ် အပြည့်အစုံနှင့် သွားလာနေထိုင် သော်လည်း ဆရာတော်မှာ ဗလာခြေဖြင့်ကြွ တော်မူခြင်း။

(၁၃) အများတကာမှာအလွန်ပူလောင်နေသည့် ကျောက်ခဲကျောက်စရစ်သဲပြင်များတွင် ဖိနပ်ဖြင့်သာသွားလာ၍ရသော နေရာများ တွင်လည်း ဆရာတော်မှာ ဗလာခြေဖြင့်သာ ကြွချီတော်မူခြင်း။

(၁၄) ရွှေ ၊ငွေ၊ ရတနာ အ၀တ်အစား အသုံးအဆောင် အစားအစာများအားလုံးနှမြောတွန့်တိုခြင်းမရှိဘဲ လူအများသို့ဒါန ပေးလှူခြင်း။

(၁၅)မရေမတွက်နိုင်သော သာသနိက အဆောက်အဦး၊ စေတီ၊ ပုထိုးတည်ဆောက်ရေးလုပ်ငန်း တို့တွင်ပါ၀င်လှူဒါန်းခြင်း။

(၁၆)ရပ်နီးရပ်ဝေး မည်သည့်နိုင်ငံ၊မည်သည့်နေရာဋ္ဌာနသို့မဆို အဓိဋ္ဌါန်ပြုပါက အခက်အခဲမရှိ ကြွရောက်တော်မူနိုင်ခြင်း။

(၁၇)မိမိ၏အတိတ်ဘ၀ အဆက်ဆက်ကို သိတော်မူခြင်း။

(၁၈) မိမိ၏ အနာဂတ်ကို ကြိုတင်သိတော်မူခြင်း။

(၁၉)မျက်နှာမြင်ရုံမျှဖြင့်တစ်ဖက်သား၏အတွင်းစိတ်ကို သိတော်မူခြင်း။

(၂၀)နေ့စဉ်နံနက်၊ညမပျက်မြတ်စွာဘုရားထံ၀တ်ပြုဆုတောင်းမေတ္တာပို့သခြင်း။

(၂၁)ဗုဒ္ဓသာသနာဆိုင်ရာတန်ခိုးကြီးအထွတ်အမြတ်နေရာဋ္ဌာနအားလုံးကိုသိမြင်တော်မူခြင်း။

(၂၂)သီလ၊သမာဓိဂုဏ်ကြောင့် အဆိပ်ရှိသတ္တဝါများ အကိုက်ခံရခြင်းမရှိခြင်း။

(၂၃)ကိုယ်ခန္ဓာမကြီးမသေး၊ မနိမ့်မမြင့်၊ မ၀မပိန်၊ အသံံသြဇာရှိခြင်း။ လူအများက သူထက်ငါဖူး မြော်လိုခြင်း၊ တစ်ကြိမ်ထက်မက လှူဒါန်းလိုခြင်း၊ တရားနာပြီးရင်းထပ်မံနာလိုခြင်း၊ သတင်းကြားရုံဖြင့် ဖူးမြော်လိုစိတ် အလိုလိုပေါ်ပေါက်ခြင်း။

(၂၄) မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံတို့မှ ဆရာတော်များကဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံရခြင်း တို့ဖြစ်ကြောင်းထပ်မံသိရသည်။

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံ၀ရသည်

(၃)နှစ် ကာလတိုင်တိုင် ဂူပိတ် တရားကျင့်ကြံအားထုတ်တော်မူသည်။

ထို့ကြောင့်ဆံတော်များနှင့် မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးများ ရှည်လျားနေလျှက်ရှိသည်ကို တွေ့ရပြီး ဂူကထွက်လာအပြီးမှာတော့ ဆံတော်များ ရိတ်ပယ်ထားသည်ကို တွေ့ရှိရသည်။

ဆရာတော်သည် ဂူပိတ်တရားကျင့်နေစဉ်အတွင်း သစ်သီးဆွမ်းသာ ဘုန်းပေးသည်ဟုသိရပါသည်။

ဆရာတော်အား ဖူးမျှော်ရန်နှင့် တရားနာယူနိုင်ရန် အတွက် မြန်မာနိုင်ငံ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၊ တာချီလိတ်မြို့နယ်မှ တိုင်းရင်းသားများ အပါအ၀င် ထိုင်းနိုင်ငံ ဘက်မှ ဆရာတော်အား ကြည်ညိုကြသူများသည် ဆရာတော်ရှိရာ သွားရောက် ဖူးမျှော်ကြသည်မှာ လူဦးရေ ထောင် သောင်းမက ရှိကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ငယ်စဉ်ကတည်းက တရားဓမ္မ ကျင့်ကြံ ပွားများအားထုတ်ခြင်း၊ အကျင့်သီလ မြဲမြံမှုရှိခြင်း၊ စေတီပုထိုးများစွာ တည်ထား၍ သာသနာပြုခြင်း တို့ကြောင့် မြန်မာပြည်မှ တိုင်းရင်းသားများ သျှမ်းတိုင်းရင်းသားများအပြင် ထိုင်းနိုင်ငံမှလည်း ကြည်ညိုကိုးကွယ်သူများ များပြားကြောင်းတွေ့ရှိရသည်။

မိုင်းဖုန်းဆရာတော်ကြီးသက်တော်ရာကျော်ရှည်ပြီးသာသနာပြုနိုင်ပါစေကြောင်းဆုမွန်တောင်းရင်းဓမ္မမိတ်ဆွေအပေါင်း ကျန်းမာ ချမ်းသာကြပါစေခင်ဗျာ။