အင်္ကျီမှာ ဆီစွန်းသွားတဲ့အခါ အရမ်းကို စိတ်ညစ်ရပါတယ်။ တချို့ ဆီစွန်းတွေက မပျောက်တာကြောင့် ကိုယ်ကြိုက်ရတဲ့ အဝတ်အစားတွေ အလကား ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကို သိထားရင် အဝတ်အစား ဆီစွန်းလည်း စိတ်ပူစရာ မလိုတော့ပါဘူးနော်။
၁။ ရှားစောင်းလက်ပက်ဂျယ်
– ရေနွေးထဲမှာ ဆီစွန်းတဲ့ အဝတ်အစားကို ထည့်စိမ်လိုက်ပါ။
– ရှားစောင်းလက်ပက်ဂျယ်ကို ဆီစွန်းနေရာမှာ သုတ်ပြီး ပွတ်တိုက်လိုက်ပါ။
– ပြီးတော့ အဝတ်ကို ရေနွေးနဲ့လျှော်ပါ။
– နောက်ဆုံးမှာတော့ လေနဲ့ အခြောက်ခံလိုက်ရင် ရပါပြီ။
၂။ ပြောင်းကော်မှုန့်
– ပြောင်းကော်မှုန့် အနည်းငယ်နဲ့ ဆီစွန်းအဝတ်ကို မိနစ် ၃၀ ခန့် ရောစိမ်ထားပါ။
– ပြီးရင် သွားတိုက်တံလေးနဲ့ ဆီစွန်းနဲ့နေရာကို ပွတ်တိုက်ပါ။
– နောက်ဆုံးမှာတော့ ရေအေးနဲ့ပြန်လျှော်ပါ။
၃။ သံပုရာရည်
– အဝတ်အစားမှာ ဆီစွန်းသွားရင် ဆီစုပ်စက္ကူနဲ့ မြန်မြန်သုတ်လိုက်ပါ။
– သံပုရာရည်ကို ဆီစွန်းတဲ့နေရာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ။
– နောက်တစ်ဆင့်မှာတော့ ဆီစွန်းနေတဲ့ နေရာကို ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး လျှော်ပါ။
၄။ ပန်းကန်ဆေး ဆပ်ပြာရည်
– ဆီစွန်းတဲ့အဝတ်ကို ပန်းကန်ဆေး ဆပ်ပြာရည်နဲ့ ၁၀ မိနစ်ခန့် စိမ်ထားပါ။
– အဝတ်အစားကို ရေနွေးနဲ့ပြန်လျှော်ပါ။
– ပြီးရင်တော့ ရေဆေးချပြီး အခြောက်ခံလိုက်လို့ ရပါပြီ။
၅။ ပန်းသီးရှာလကာရည်
– ပန်းသီးရှာလကာရည် အနည်းငယ်ကို ဆီစွန်းအဝတ်မှာ သုတ်လိမ်းပါ။
– ပြီးရင် ချည်ပိတ်စလေးနဲ့ ပွတ်ပေးပြီး ၁၅ မိနစ်ကြာ ထားပါ။
– နောက်ဆုံးမှာတော့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
၆။ ဆားနှင့် အရက်ပြန်
– ဆား စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ အရက်ပြန် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။
– ဆီစုပ်တဲ့ချည်သားနဲ့ ဆီစွန်းတဲ့အဝတ်ကို ပွတ်တိုက်ပါ။
– နောက်တစ်ဆင့်မှာတော့ ဆားနဲ့အရက်ပြန် ရောထားတဲ့အရည်ကို ချည်သားလေးနဲ့တို့ပြီး ဆီစွန်းတဲ့ အဝတ်မှာ ပွတ်တိုက်ပါ။
– ဒီနည်းလမ်းက ပြင်းထန်တာကြောင့် အခြားအဝတ်အစားမှာ အရင်ဆုံး စမ်းကြည့်စေချင်ပါတယ်။
၇။ သွားတိုက်ဆေး
– သွားတိုက်ဆေး အနည်းငယ်ကို ဆီစွန်းနဲ့နေရာမှာ သုတ်လိမ်းပြီး သွားတိုက်တံနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။
– ဒီနည်းလမ်းကတော့ သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပြီးရင် ရေအေးနဲ့ ဆေးချပေးလိုက်ပါ။
၈။ Carbonated water
– Carbonated water ကို အစွန်းအထင်းတွေရှိတဲ့ နေရာကို လောင်းချပါ။
– သေသေချာချာ ပွတ်တိုက်ပြီး လိုအပ်ရင် carbonated water ကို ထပ်လောင်းချပါ။
– ပြီးရင်တော့ လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
၉။ Hair Spray
– အစွန်းအထင်းရှိတဲ့ နေရာကို hair spray ဖျန်းပြီး ၃ နာရီခန့်ကြာအောင် ထားပါ။
– နောက်ဆုံးမှာတော့ ပုံမှန်လျှော်နေကျ ဆပ်ပြာနဲ့ လျှော်လို့ရပါပြီ။
for zawgyi
အဝတ်အစားတွေမှာ ဆီစွန်းသွားခဲ့ရင် အလွယ်တကူ ဆီပြောင်စေတဲ့ နည်းလမ်း (၉) ခု
အင်္ကျီမှာ ဆီစွန်းသွားတဲ့အခါ အရမ်းကို စိတ်ညစ်ရပါတယ်။ တချို့ဆီစွန်းတွေက မပျောက်တာကြောင့် ကိုယ်ကြိုက်ရတဲ့ အဝတ်အစားတွေ အလကား ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကို သိထားရင် အဝတ်အစား ဆီစွန်းလည်း စိတ်ပူစရာ မလိုတော့ပါဘူးနော်။
၁။ ရှားစောင်းလက်ပက်ဂျယ်
– ရေနွေးထဲမှာ ဆီစွန်းတဲ့ အဝတ်အစားကို ထည့်စိမ်လိုက်ပါ။
– ရှားစောင်းလက်ပက်ဂျယ်ကို ဆီစွန်းနေရာမှာ သုတ်ပြီး ပွတ်တိုက်လိုက်ပါ။
– ပြီးတော့ အဝတ်ကို ရေနွေးနဲ့လျှော်ပါ။
– နောက်ဆုံးမှာတော့ လေနဲ့ အခြောက်ခံလိုက်ရင် ရပါပြီ။
၂။ ပြောင်းကော်မှုန့်
– ပြောင်းကော်မှုန့် အနည်းငယ်နဲ့ ဆီစွန်းအဝတ်ကို မိနစ် ၃၀ ခန့် ရောစိမ်ထားပါ။
– ပြီးရင် သွားတိုက်တံလေးနဲ့ ဆီစွန်းနဲ့နေရာကို ပွတ်တိုက်ပါ။
– နောက်ဆုံးမှာတော့ ရေအေးနဲ့ပြန်လျှော်ပါ။
၃။ သံပုရာရည်
– အဝတ်အစားမှာ ဆီစွန်းသွားရင် ဆီစုပ်စက္ကူနဲ့ မြန်မြန်သုတ်လိုက်ပါ။
– သံပုရာရည်ကို ဆီစွန်းတဲ့နေရာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ။
– နောက်တစ်ဆင့်မှာတော့ ဆီစွန်းနေတဲ့နေရာကို ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး လျှော်ပါ။
၄။ ပန်းကန်ဆေး ဆပ်ပြာရည်
– ဆီစွန်းတဲ့အဝတ်ကို ပန်းကန်ဆေးဆပ်ပြာရည်နဲ့ ၁၀ မိနစ်ခန့် စိမ်ထားပါ။
– အဝတ်အစားကို ရေနွေးနဲ့ပြန်လျှော်ပါ။
– ပြီးရင်တော့ ရေဆေးချပြီး အခြောက်ခံလိုက်လို့ ရပါပြီ။
၅။ ပန်းသီးရှာလကာရည်
– ပန်းသီးရှာလကာရည်အနည်းငယ်ကို ဆီစွန်းအဝတ်မှာ သုတ်လိမ်းပါ။
– ပြီးရင် ချည်ပိတ်စလေးနဲ့ ပွတ်ပေးပြီး ၁၅ မိနစ်ကြာ ထားပါ။
– နောက်ဆုံးမှာတော့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
၆။ ဆားနှင့် အရက်ပြန်
– ဆား စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ အရက်ပြန် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။
– ဆီစုပ်တဲ့ချည်သားနဲ့ ဆီစွန်းတဲ့အဝတ်ကို ပွတ်တိုက်ပါ။
– နောက်တစ်ဆင့်မှာတော့ ဆားနဲ့အရက်ပြန် ရောထားတဲ့အရည်ကို ချည်သားလေးနဲ့တို့ပြီး ဆီစွန်းတဲ့ အဝတ်မှာ ပွတ်တိုက်ပါ။
– ဒီနည်းလမ်းက ပြင်းထန်တာကြောင့် အခြားအဝတ်အစားမှာ အရင်ဆုံး စမ်းကြည့်စေချင်ပါတယ်။
၇။ သွားတိုက်ဆေး
– သွားတိုက်ဆေးအနည်းငယ်ကို ဆီစွန်းနဲ့နေရာမှာ သုတ်လိမ်းပြီး သွားတိုက်တံနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။
– ဒီနည်းလမ်းကတော့ သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပြီးရင် ရေအေးနဲ့ ဆေးချပေးလိုက်ပါ။
၈။ Carbonated water
– Carbonated water ကို အစွန်းအထင်းတွေရှိတဲ့ နေရာကို လောင်းချပါ။
– သေသေချာချာ ပွတ်တိုက်ပြီး လိုအပ်ရင် carbonated water ကို ထပ်လောင်းချပါ။
– ပြီးရင်တော့ လျှော်နေကျအတိုင် းလျှော်လို့ရပါပြီ။
၉။ Hair Spray
– အစွန်းအထင်းရှိတဲ့ နေရာကို hair spray ဖျန်းပြီး ၃ နာရီခန့်ကြာအောင် ထားပါ။
– နောက်ဆုံးမှာတော့ ပုံမှန်လျှော်နေကျ ဆပ်ပြာနဲ့ လျှော်လို့ရပါပြီ။