ၾကားသိရသမွ်






Source: Smile Lmp’s fb

Credit

စမိုင်းလ်တို့ရဲ့ဇိမ်ခံအိမ်ကြီးကိစ္စနဲ့ပတ်သက်ပြီး သူမတင်လိုက်တဲ့စာသားလေးတစ်ခုကြောင့် ဝေဖန်ခံရတဲ့အပေါ်ပြန်လည်ဖြေရှင်းလိုက်တဲ့ ပိုင်တံခွန်ရဲ့ကောင်မလေး

ပရိသတ်ကြီးရေမင်းသားချေ ာပိုင်တံခွန် ကတော့ အမိုက်စားဘော်ဒီနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီးနှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။ပိုင်တံခွန် ကတော့ သူရဲ့အချစ်ရေးကို တရားဝင်ချပြထားတာလည်းဖြစ်ပါတယ်။

မင်းသမီး စမိုင်းလ် ဟာ အမေရိကန်နိုင်ငံမှာ ဒေါ်လာ (၁၆.၇) သန်းတန် နေအိမ်ကြီးဝယ်ယူ လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ း လူပြောများနေတာပဲဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ ပတ်သက်ပြီး ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေး ကလည်း သူ့ရဲ့အင်စတာဂရမ် Story မှာ “16.7 Million ရန်ကုန်မြို့ထဲမှာသုံးရင် ပြည်လမ်းမှာ ၁ ဧက မပြည့်တပပြည့်မြေကွက်အလွတ်ပဲရမယ်” ဆိုပြီး ရေးသားခဲ့တာကြောင့် ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးကိုအထင်လွဲနေကြတာပဲဖြစ်ပါတယ်နော်။

အဲ့ဒီသတင်းတွေ အတွက် ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေးက “လူတွေကလည်း စိတ်ပျက်ဖို့ တကယ်ကောင်းနေပြီ။ မင်းသမီးစမိုင်းလ် ဆိုတာ ကိုရဲ့ အမအရင်းလို ခင်တဲ့သူ။ သူများနိုင်ငံ မှာဆို အခုလို ငွေပမာဏနဲ့ တန်ရာတန်ကြေးအကောင်းဆုံးတွေရတာ ဝမ်းသာလို့ရေးတာ။ ဒီမြန်မာနိုင်ငံမှာဆို ဒီငွေပမာဏနဲ့ မတန်မရာ ငွေတွေဖောင်းပွပြီး အခုလိုကောင်းတာတွေ မရဘူးလို့ပြောချင်တာ။ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” ဆိုပြီး ဒီကနေ့ သူမရဲ့ အင်စတာဂရမ် Story မှာ ရေးသားဖြေရှင်းလာပါတယ်။

Source: Smile Lmp’s fb

Credit