ၾကားသိရသမွ်

“တက်စီ အငှားမောင်းခဲ့တဲ့ (၁၅) နှစ်အတွင်း ကွမ်းယာဖိုးအတွက် ကားတစ်စီးတန်ဖိုးနဲ့ ညီတဲ့ငွေကို သုံးစွဲခဲ့သူတစ်ဦးရဲ့ မလှပတဲ့ ဘ၀နိဂုံး”

ဦးလေးဆီမှာ တက္ကစီငှားမောင်းတဲ့လူ ဒီနေ့ဆုံးသွားတယ် တက္ကစီမောင်းခဲ့တာ (၁၅)နှစ်ရှိခဲ့တယ်တဲ့…

လွန်ခဲ့တဲ့ ၂၀၀၇ ထည်းက တက္ကစီမောင်း ရင်း #ကွမ်းအရမ်းစားတယ် အခုမဆုံးခင် နောက်ဆုံးလတွေမှာ ကွမ်းယာဆိုင်က သူ့ဆီကလကုန်မှရှင်းတာ တလ နှစ်သိန်း တနေ့(၇၀၀၀)ဖိုးစားတာ ရက်မပျက်ဘူး နှစ်သိန်းတသောင်းကျတာကို တသောင်း လျော့ပေးတဲ့သဘော။

၂၀၀၇ ကနေ ၂၀၂၂ အထိ ကွမ်းယာစျေး က တရစ်ခြင်းတက်လာတော့ ပျမ်းမျှ တလတသိန်းနဲ့တွက်ရင် လပေါင်း ၁၈၀ သိန်း ၁၈၀ ဆိုရင် ကိုယ်ပိုင်တက္ကတစီး ကောင်းကောင်းရတယ် ကားကလည်း သေတဲ့အထိ အငှားမောင်းဘဝပဲ။

ညအိပ်ရင်တောင်ကွမ်းငုံပြီးအိပ်တော့ပါးစောင်ပေါက်ထွက်ပြီး ကင်ဆာကနေ အသက်ပါနုတ်သွားတာရောဂါကိုကုလိုက် ရတဲ့မိသားစုခင်မြာရှာလည်းဖတ်ဖတ်မော ပညာရေး ကျမ်းမာရေး လူမူရေး အရာရာ ကွမ်းစရိတ်ထဲရေစုန်မျောခဲ့တာ။

ကွမ်းတရာကိုတွက်ကြည့်ရင် ကွမ်းရွက် ကလွဲလို့ အားလုံးဟာ ဓာတုအရောအနှော ကွမ်းရွက်တောင်အထွက်တိုးအောင် တရုတ်ကလာတဲ့ရွက်ဖြန်းအားတိုးမြေသြဇာ လှိမ့်ကာသုံး ဆေးရွက်ကြီးအခြေခံပြီး ဓာတုအရောနဲ့ အိန္ဒိယက လှိမ့်ကာဆော် ကွမ်းစားဆေးပေါင်းစုံသွင်းနေတာ အိန္ဒိယနဲ့တရုတ်အကြားနေရတဲ့အားသာ
ချက်ပထဝီတော့သိပ်မသိဘူး နှစ်ကောင် လုံးဆော်သမျှ မြန်မာတွေခံဖက်ကချည်း ထုံးကလည်းရောသမျှ ထောပတ် နို့ ဖျော်ရည် ဓါတ်ပြုပြီးအက်စစ်တွေဖြစ်ပေါ် ကွမ်းသီးလှရွကြွတ်အောင်ယမ်းစိမ်းစိမ်။

ကွမ်းကိစ္စစကားပြန်ဆက်ရရင်မြန်မာပြည်ကအဖျက်သမားတွေဖြစ်တဲ့ ကွမ်းသာမက ဆေးလိပ် အရက် ဒီသုံးမျိုး သာမရှိခဲ့ မသုံးစွဲခဲ့ရင် သာမန် ပုံမှန် အလုပ် လေးလုပ်ရုံနဲ့ ကျမ်းမာသန်စွမ်းတဲ့ ဘဝ တခုကို အဆင်ပြေပြေတည်ဆောက်နိုင်ပါလိမ့်မယ်

ဒီသုံးမျိုးထဲကတမျိုးမျိုး ငြိစွန်းနေရင်——

-မကြာမှီရောဂါဝင်မယ်

-အလုပ်အကိုင်ပျက်မယ်

-ကုန်ကျစရိတ်တွေတိုးလာမယ်

-ခန္တာယွင်းမယ်

-နောက်ဆုံးအသက်တိုမယ်

ကောင်းမယ်ထင်ရင်ဆက်လုပ်ကြပေါ့

မြန်မာတွေတနေ့ တဘီလီယံကျပ်ဖိုး သိန်း(၁၀၀၀၀)ဖိုးကွမ်းစားတယ်ဆိုပဲ

ကျော်နေမင်း(မြို့ပြ)

Credit ….