ၾကားသိရသမွ်

MDY-PDF ကတော့ ပြောတဲ့အတိုင်းတကယ်လုပ်တာနော်…သတိပေးချက် မလိုက်နာတဲ့ DENKO ဆီဆိုင် ဗုံးခွဲခံရပြီ…ရုပ်သံ

မန္တလေးမြို့လည် (၇၈)လမ်း၊ ခင်စောမူကွေ့က DENKO ဆီဆိုင် ဗုံးထုခံရ ၊

သတိပေးချက် မလိုက်နာတဲ့ ဆိုင်တွေကို သတိပေးဖောက်ခွဲတာလို့ MDY-PDF ဆို၊

MFP ၊ ဩဂုတ် – ၁၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်း ခင်စောမူကွေ့က DENKO ဓာတ်ဆီအရောင်းဆိုင်ကို ဒီနေ့ သြဂုတ်(၁၃)ရက် ညနေ(၅)နာရီကျော်မှာ ဗုံးထု သတိပေးခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

“ဆိုင်များ ပိတ်ရန် ထုတ်ပြန်ခဲ့ပြီးချိန် နှစ်နာရီကျော်သည်အထိ မပိတ်သော ဆိုင်အားလုံးကို သတိပေးလိုက်ခြင်း ဖြစ်သည်။ ပြည်သူများ မထိခိုက်စေရန် လွတ်သောနေရာသို့ ပစ်ပေးခဲ့သည် “ လို့ MDY-PDF က ဖော်ပြပါတယ်။

မန္တလေးမြို့က ဓာတ်ဆီဆိုင်တွေ အနေနဲ့ တန်းစီစနစ်နဲ့ ရောင်းချနေတာကို ရပ်နားပြီး ငါးနာရီအတွင်း ပြည်သူတွေကို ဆီအလုံအလောက် ရောင်းပေးဖို့ မန္တလေးမြို့ပြပြောက်ကျား MDY-PDF အဖွဲ့က ဒီနေ့ ညနေပိုင်းမှာ သတိပေးချက် ထုတ်ပြန်ပြီးနောက် ဆိုင်မပိတ်ဘဲ တန်းစီစနစ်နဲ့ ဆက်ရောင်းနေတဲ့ ဆိုင်တွေကို သတိပေးဖောက်ခွဲတာလို့ ဆိုပါတယ်။

လက်ရှိ မန္တလေးမြို့ပေါ်မှာ စက်သုံးဆီပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အခြေခံလူတန်းစားတွေ အဓိက ထိခိုက်နေတာဖြစ်ပြီး အလုပ်နဲ့အလှမ်းဝေးသူတွေဆိုရင် တစ်ရက်ကို ဆီနှစ်ထောင်ဖိုးထည့်မှ အဆင်ပြေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

ဒါပေမယ့် ဆီဆိုင်အချို့ဟာ စက်သုံးဆီ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ပိတ်ထားကြပြီး အဲဒီဆီဆိုင်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ ဆီဈေးကွက်ကို လက်ဝါးကြီးအုပ် ဈေးကစားနေတဲ့ စစ်ကောင်စီ ထောက်တိုင်ဆိုင်တွေကို သတိပေးတာလည်း ဖြစ်တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

crd