ၾကားသိရသမွ်

ကလေးကိုကြည့်ပါဦး၊ ဘယ်လောက်ကြေကွဲမတတ် ခံစားလိုက်ရမလဲ💔

ကေလးကိုၾကည့္ပါဦး၊ ဘယ္ေလာက္ေၾကကြဲမတတ္ ခံစားလိုက္ရမလဲ💔

ဟားခါးၿမိဳ႕အနီး အိမ္စီးကားတစ္စီး ပစ္ခတ္ခံရလို႔ ကေလးတစ္ေယာက္မိခင္ ေသဆုံး၊ ၂ဦး ဒဏ္ရာရရွိခဲ့။

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ကေန ဂန႔္ေဂၚဖက္သို႔သြားတဲ့ ပါေဂ်ရိုအိမ္စီးကားတစ္စီးဟာ ယေန႔ ဩဂုတ္ ၁၂ ရက္၊ နံနက္ပိုင္း ၈နာရီခန႔္က သေနတ္နဲ႔ပစ္ခတ္ခံရလို႔

ကေလးတစ္ေယာက္မိခင္ ေဒၚ ရွန္ႏွဲမ္က်ဲရ္ (၂၂) ႏွစ္ ေသဆုံးခဲ့ၿပီး ၎နဲ႔အတူ ကားစီးလာတဲ့ အမ်ိဳးသား ၂ဦး ဒဏ္ရာရရွိၾကေၾကာင္း သတင္းရရွိပါတယ္

ပရဟိတအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ဟားခါးၿမိဳ႕နဲ႔ ၄မိုင္အကြာမွ ပစ္ခတ္ခံရတာပါ။ သူတို႔ ၄မိုင္အနီးေရာက္ေတာ့ ေသနက္ပစ္သံၾကားၾကတယ္

ကားကိုရပ္ၿပီး အားလုံးေခါင္းငုံၾကတယ္။ သူတို႔ေနာက္မွာ အျခားခရီးသည္ကားေတြလည္းရွိၾကတယ္။ သူတို႔က ေရွ႕ဆုံးမွာ။ ေဒၚ ရွန္ႏွဲမ္က်ဲရ္းရဲ့ ေခါင္းမွာက်ည္ထိသြားတာ ေနရာမွာပဲ ပြဲခ်င္းေသသြားတယ္

ေနာက္ၿပီး အတူလိုက္ပါတဲ့ ဆလိုင္း ကပ္သင္ဟရဲ လည္း ေပါင္မွာက်ည္ထိလို႔ ဒဏ္ရာျပင္းထန္တယ္။ ေဒၚ ရွန္ႏွဲမ္က်ဲရ္ရဲ့ ေယာကၤ်ား ေပါလ္လ်န္လည္း ေနာက္ေက်ာမွာ ဒဏ္ရာရရွိတယ္။ သူကေတာ့ သိပ္မျပင္းထန္ဘူး လို႔ ေျပာပါတယ္

အခင္းျဖစ္ပြားတဲ့ ၄မိုင္ဝန္းက်င္တြင္ ယေန႔နံနက္ပိုင္းက စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ေတာ္လွန္ေရးတပ္ဖြဲ႕အၾကား တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ဘယ္သူ႔က်ည္ဆံနဲ႔ ဆုံးသြားတာလဲဆိုတာ မသိရပါ။ ဒဏ္ရာရရွိသူမ်ားကို ဟားခါးၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ထားရွိကာ ေဆးကုသေပးလ်က္ရွိပါတယ္

ေဒၚ ရွန္ႏွဲမ္က်ဲရ္သည္ ဖလမ္းၿမိဳ႕နယ္ ရာလ္လန္ေက်းရြာ(Ral lang) ဇာတိျဖစ္ၿပီး Hakha Township Christian Ministers Fellowship (HCMF) ရဲ့ အကူအညီျဖင့္ ၎ရဲ့႐ုပ္အေလာင္းအား ရြာဖက္သို႔ ပို႔ေဆာင္ေပးေၾကာင္း HCMF တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္ Credit Zalen News

ကလေးကိုကြည့်ပါဦး၊ ဘယ်လောက်ကြေကွဲမတတ် ခံစားလိုက်ရမလဲ💔

ဟားခါးမြို့အနီး အိမ်စီးကားတစ်စီး ပစ်ခတ်ခံရလို့ ကလေးတစ်ယောက်မိခင် သေဆုံး၊ ၂ဦး ဒဏ်ရာရရှိခဲ့။

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ဂန့်ဂေါ်ဖက်သို့သွားတဲ့ ပါဂျေရိုအိမ်စီးကားတစ်စီးဟာ ယနေ့ ဩဂုတ် ၁၂ ရက်၊ နံနက်ပိုင်း ၈နာရီခန့်က သနေတ်နဲ့ပစ်ခတ်ခံရလို့

ကလေးတစ်ယောက်မိခင် ဒေါ် ရှန်နှဲမ်ကျဲရ် (၂၂) နှစ် သေဆုံးခဲ့ပြီး ၎င်းနဲ့အတူ ကားစီးလာတဲ့ အမျိုးသား ၂ဦး ဒဏ်ရာရရှိကြကြောင်း သတင်းရရှိပါတယ်

ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဟားခါးမြို့နဲ့ ၄မိုင်အကွာမှ ပစ်ခတ်ခံရတာပါ။ သူတို့ ၄မိုင်အနီးရောက်တော့ သေနက်ပစ်သံကြားကြတယ်

ကားကိုရပ်ပြီး အားလုံးခေါင်းငုံကြတယ်။ သူတို့နောက်မှာ အခြားခရီးသည်ကားတွေလည်းရှိကြတယ်။ သူတို့က ရှေ့ဆုံးမှာ။ ဒေါ် ရှန်နှဲမ်ကျဲရ်းရဲ့ ခေါင်းမှာကျည်ထိသွားတာ နေရာမှာပဲ ပွဲချင်းသေသွားတယ်

နောက်ပြီး အတူလိုက်ပါတဲ့ ဆလိုင်း ကပ်သင်ဟရဲ လည်း ပေါင်မှာကျည်ထိလို့ ဒဏ်ရာပြင်းထန်တယ်။ ဒေါ် ရှန်နှဲမ်ကျဲရ်ရဲ့ ယောင်္ကျား ပေါလ်လျန်လည်း နောက်ကျောမှာ ဒဏ်ရာရရှိတယ်။ သူကတော့ သိပ်မပြင်းထန်ဘူး လို့ ပြောပါတယ်

အခင်းဖြစ်ပွားတဲ့ ၄မိုင်ဝန်းကျင်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဘယ်သူ့ကျည်ဆံနဲ့ ဆုံးသွားတာလဲဆိုတာ မသိရပါ။ ဒဏ်ရာရရှိသူများကို ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ထားရှိကာ ဆေးကုသပေးလျက်ရှိပါတယ်

ဒေါ် ရှန်နှဲမ်ကျဲရ်သည် ဖလမ်းမြို့နယ် ရာလ်လန်ကျေးရွာ(Ral lang) ဇာတိဖြစ်ပြီး Hakha Township Christian Ministers Fellowship (HCMF) ရဲ့ အကူအညီဖြင့် ၎င်းရဲ့ရုပ်အလောင်းအား ရွာဖက်သို့ ပို့ဆောင်ပေးကြောင်း HCMF တာဝန်ရှိသူတစ်ဦးက ပြောပါတယ် Credit Zalen News