![]()

![]()

![]()

![]()


Rain (For Ialinks)
Unicode
ဆားဝက်ခြံနဲ့အမည်းစက်အတွက်သာသုံးသည့်Maskကိုမသိပဲ လှချင်သည့်စိတ်နဲ့ ဇနီးဖြစ်သူရဲ့အလှကုန်ကို ယူသုံးခဲ့မိသော ခင်ပွန်းသည်ရဲ့အဖြစ်
အမျိုးသမီးတိုင်းအတွက် အသားအရည်ထိန်းသိမ်းမှုနဲ့ အလှအပရေးရာတို့သည် အလွန်အရေးကြီးပြီး ကိုယ်ရဲ့အသားအရည်နဲ့အဆင်ပြေမည့် Creamတို့ Maskတို့က်ုလည်း အသုံးပြုများလာကြသည်။
![]()
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ခင်ပွန်းသည်တစ်ဦးသည် အိမ်မှာနေရင်း မျက်နှာလေးဖြူကာ အသားအရည်တင်းတင်းလေးရချင်၍ ဇနီးဖြစ်သူရဲ့ အလှကုန် ပစ္စည်းများကို အသုံးပြုရန် လိုက်ရှာရာတွင် မျက်နှာလိမ်းခရင်တစ်ခုကိုတွေ့ရှိပြီး တစ်မျက်နှာလုံးအပြည့် လိမ်းခဲ့သည်။
![]()
ခင်ပွန်းဖြစ်သူသည် မျက်နှာလိမ်းခရင်ကို မိနစ်၂၀လောက်ထားပြီးပါက မျက်နှာသစ်လိုက်ရင် သူလိုချင်သောကြည်လင်ဝင်းပသည့်အသားအရည်များဖြစ်လာမည်ဟု မျှော်လင့်ကာ ပျော်ပျော်ကြီးစောင့်နေခဲ့သည်။
![]()
ထို့နောက် ဇနီးဖြစ်သူမှ ရေချိုးခန်းထဲက ထွက်လာချိန် ခင်ပွန်းသည်ကိုမြင်ပြီး ရယ်မောကာ ထိုMaskသည် ဆားဝက်ခြံနဲ့ အမည်းစက်အတွက်သာအသုံးပြုရကြောင်းရှင်းပြခဲ့ပြီး အချိန်ပြည့်တာနဲ့ Maskမည်းကြီးကို ခွာပေးခဲ့ရာတွင် မျက်ခုံးမွှေးတွေပါကျွတ်လူမတတ်နာလွန်းတာကြောင့် နောက်ထပ်မကပ်တော့ပူးဟု ကြေကွဲစွာ ဆိုခဲ့သည်။
Rain (For Ialinks)
Crd



