ေဗဒင္

ဝါခေါင်လမွေးဖွားသူများအတွက် တစ်သက်တာ ဟောစာတမ်း…

ဝါခေါင်လမွေးဖွားသူများ

ဝါခေါင်လမွေးဖွားသူများသည် ဂုဏ်ကျက်သရေရှိသူများဖြစ်ပြီး အစစအရာရာခေါင်းဆောင်လိုစိတ်ရှိတယ်။ အစစ စွန့်ဦးတီထွင်ကြံဆနိုင်သောအစွမ်းသတ္တိနှင့် ပြည့်စုံတယ်။ စိတ်အားထက်သန်သူများ ဖြစ်ကြမယ်။

မိမိကိုယ်ကို အလွန် အထင်ကြီးတတ်ကြတယ်မည်သည့်ကိစ္စမဆိုလိုသည်ထက်ပို၍ ပြောလို၊ လုပ်လို၊ သုံးစွဲလိုတတ်ကြ၏။ပညာရှိသုခမိန်ဖြစ်တတ်တယ်။ ရဲရင့်ထက်မြက်ပြီးတည်ကြည်၏။ယောက်ျားပီသတယ်။ အမျိုးသမီးများသည်လည်းယေက်ျားဆန်ဆန် ထက်မြက်တတ်ကြတယ်။သစ္စာရှိတတ်ကြတယ်ကတိသစ္စာကို အလွန်တန်ဖိုးထားတတ်ကြတယ်။ထက်မြက်ရုံသာမကစိတ်ဓါတ်ပြင်းထန်သူများဖြစ်တယ်။

သူတစ်ပါးက မိမိအား မြောက်စားခြင်း၊နေရာပေးခြင်း၊ ဆရာတင်ခြင်း၊ ဦးစားပေးခြင်း ဖြစ်လာပါက အချိန်ကုန်ငွေကုန်ခံ၍ကိုယ်ကျိုးစွန့်၍ အားပါးတရ လုပ်တတ်၏။အမုန်းခံစရာရှိကအမုန်းခံ၍ အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်၏။ကိုယ့်ကိုမြှောက်ပင့်မှန်းသိသိနှင့်ပင် သာယာနေတတ်၏။ ဟန်နှင့် ပန်နှင့်နေတတ်၏။အသေးအဖွဲကိစ္စများကို ငွေမည်မျှပင်ရပါစေ စိတ်မဝင်စား။စမတ်ကျကျနှင့်လူအထင်ကြီးမည့်ကိစ္စများကိုဆိုလျှင်ငွေရနည်းသည်ဖြစ်စေ လုပ်ကိုင်လိုတယ်။

အားနည်းချက်မှာ ဘာပဲလုပ်လုပ် မလိုအပ်ဘဲ အကျယ်ချဲ့ခြင်း၊အချိန်ဆွဲခြင်း၊ ဇီဇာကြောင်ခြင်း၊ သူတစ်ပါးအကြံလက်မခံခြင်း၊သူတစ်ပါး အကြံဉာဏ်ယူရတာကို အောက်ကျသည်၊သိက္ခာကျသည်ဟု မာနတင်းကာ အကြံကောင်းများလက်လွတ်ခံခြင်းတို့ပင်ဖြစ်တတ်တယ် သို့သော်အမြင်ထူးခြားတယ်။ ဘယ်တော့မှ နောက်မတွန့်တတ်။လူဖြောင့်စိတ်တိုများဖြစ်မည် စိတ်မြန်သည်။ အားမနာတတ်။

မခံချင်စိတ်ကြီးမားသဖြင့် ခက်ထန်သည်။ မှန်သည်ထင်က မည်သူ့ကိုမှသည်းမခံတတ်ရာသက်ပန်တစ်ခုတည်းသောတရားသေဝါဒကို

စွဲကိုင်ထားတတ်တယ်သူများတကာနှင့် အမြင်မတူတတ်ကိုယ်ကိုင်စွဲသော ဝါဒအတိုင်းခံယူလျှောက်လှမ်းတတ်တယ်ငြင်းခုံစရာရှိက

အခိုင်အမာငြင်းခုံတတ်တယ် ဆန့်ကျင်စရာရှိက ရဲရဲဆန့်ကျင်တတ်တယ်ဥပဒေစည်းကမ်းများကိုအသစ်ပြုပြင်ပြောင်းလဲပစ်လိုသူများဖြစ်ကြမယ်အခွင့်အရေးကိုလည်း မရရအောင်ယူတတ်ကြတယ်။ မှန်သည်ထင်က ပြောရဲ၊ လုပ်ရဲသောသတ္တိရှိမယ်သူတစ်ပါးကို ရန်လိုသောစိတ်မရှိ ကိုယ့်အပေါ် လျှို့ဝှက်ရန်သူများရှိနေတတ်ကြတယ် စီးပွားရေးဘက်တွင်အားနည်းတတ်ကြတယ်စိတ်ထိခိုက်လွယ်မယ်။တစ်ယောက်တည်းကြိတ်ပြီးမွန်းကြပ်နေအောင်ခံစားရခြင်းမျိုး မကြာခဏကြုံရတတ်သည် သူတစ်ပါးကို အားပေးစကားမပြောတတ်သလိုကိုယ်တိုင်ခံစားစရာရှိက ဖြေမဆည်နိုင်အောင်ခံစားချက်ကြီးတတ်တယ်။

ဘဝတွင် ကျွမ်းကျင်မှုတွေများပြီးရွေးချယ်ရခက်နေသော အနေအထားတို့များစွာ ကြုံရတတ်ပါတယ်ဟိုစပ်စပ်ဒီစပ်စပ်နေရာတကာဝါသနာပါမယ် ဂမ္ဘီရပါရမီရင့်သန်မည်။ စည်းကမ်းဘောင်အတွင်းနေမှကောင်းစားပါမည်။တစ်ခုခုစည်းဖောက်မိက သူတစ်ပါးထက် ဘဝနာတတ်ပါတယ်ဥပဒေနှင့်မကင်းသော အလုပ်တို့ လုပ်မိပါက သူများထက်ပိုထိနာတတ်ပါတယ်ကြိုးစားရချိန်တွင် အားမာန်အပြည့်ရှိသလောက်အောင်မြင်သွားချိန်တွင် စိတ်ပျံ့လွင့်ပြီး အပျော်အပါးဘက်လိုက်သွားတတ်တယ်ဘဝသက်တာတွင်ငွေကိုအားတိုက်ပြီးကိုယ်စွမ်းညာဏ်စွမ်းနှင့်ကြိုးစားပြီးရှာရတတ်သည်။

စိတ်သဘောထားကောင်းမွန်ခြင်း၊ အကင်းပါးခြင်း၊ လိမ္မာပါးနပ်စွာပြောဆိုပြုလုပ်တတ်ခြင်း၊ စာပေဗဟုသုတအသိညာဏ်နှင့်ပြည့်စုံခြင်းတို့ကြောင့်ဘဝတွင် လူတစ်လုံးသူတစ်လုံးဖြစ်အောင်ကြီးမြင့်တတ်ကြမည်။ဝါခေါင်လမွေးဖွားသူတို့သည် အချစ်ကြီးသူများဖြစ်တယ်ပင်ကိုယ်စိတ်ဓါတ်ရဲရင့်ထက်မြက်သလောက် နှလုံးသားရေးတွင် အရှုံးပေး၍ချစ်တတ်ကြတယ်။ ဘဝကို အချစ်ဖြင့်တည်ဆောက်လိုကြသည်။မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ထင်မိထင်ရာတမ်းတမ်းစွဲချစ်မိတတ်ကြမည်ဘဝတွင်ဝါခေါင်လဖွားအများစုသည် လူပျိုကြီး၊ အပျိုကြီးများဖြစ်တတ်ကြတာများပါမည်။

အိမ်ထောင်ပြုသောအခါ သစ္စာကြီးမားသူများဖြစ်တယ်။မိမိချစ်သူအပေါ်အိမ်ထောင်ဘက်အပေါ်အထူးသစ္စာထားတတ်တယ်မိမိချစ်သူ၊ မိမိအိမ်ထောင်ဖက်အတွက်စိတ်ချမ်းသာအောင်မည်သို့ဆောင်ရွက်ပေးရမည်ကိုအမြဲကြံဆနေတတ်ကြသည်အိမ်ထောင်ဖက်မှာအမျိုးသား၊အမျိုးသမီးအားလုံးမိဘစီမံသော အိမ်ထောင်ရေးကို လက်ခံသင့်ပါတယ်။ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်က အိမ်ထောင်ရေးသောကကြုံရတတ်တယ်။

ထို့အပြင်ချစ်တတ်သောစရိုက်ကိုပြသင့်ပါတယ် အိမ်ထောင်ဖက်အပေါ်တွင်ဖြစ်စေ၊ကိုယ့်ချစ်သူအပေါ်တွင်ဖြစ်စေ ကိုယ့်ဘက်က အမြင်သက်သက်ဖြင့်သုံးသပ်ခြင်း၊ ဆုံးဖြတ်ခြင်းမပြုဘဲ နားလည်မှုထားပေးကစိတ်ချမ်းသာမှုရရှိတတ်ကြပါမည် မည်သည့်ကိစ္စမဆိုမာနသိက္ခာမကြည့်ဘဲအကျိုးရလာဒ်ဖြင့် ချင့်ချိန်ပြီးလုပ်မှ စီးပွားဖြစ်တတ်မည်။အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း၊ ပန်းချီအနုပညာ၊ စစ်ဘက်၊ တည်ဆောက်ရေးလုပ်ငန်းဖိနပ်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အထူးကောင်းကျိုးပေးမည်။

ဝါခေါင်လမွေးဖွားသူများသည် ကျန်းမာရေးတွင် ရောဂါကြီးများစွာမဖြစ်တတ်ပါ။ အသေးအဖွဲမျှသာ ဖြစ်တတ်ပါသည်။ကျန်းမာသန်စွမ်းတတ်ကြပါသည်။ သို့သော် မိမိကိုယ်ကိုယ်ဟိုရောဂါရှိသလိုလို၊ သည်ရောဂါရှိသလိုလိုနှင့်ထင်ယောင်ထင်မှားဖြစ်တတ်ကြ၏။

ထူးထူးဆန်းဆန်းခံစားရသည်ဟုလည်းသံသယစွဲနှင့်ရောဂါအမည်တပ်တတ်ကြတယ် စိတ်ရောဂါတစ်မျိုးဟုသာဆိုရပေမည်။

အထူးသတိပြုရန်မှာဘယ်အကြောင်းနှင့်မှ စိတ်ဆင်းရဲမခံကြပါနှင့်စိတ်ပင်ပန်းမှုကြောင့် နှလုံးရောဂါနှင့် သွေးတိုးရောဂါ ဖြစ်တတ်ပါမည်။မျက်စေ့မှုံတတ်ကြ၏အသေးအဖွဲအားဖြင့် ခေါင်းကိုက် ဇက်ကြောတက်အာရုံကြောရောဂါတို့သာ မကြာခဏဖြစ်တတ်ကြမယ်။အစာအိမ်ခွဲစိတ်ရခြင်းမျိုးကြုံရတတ်သည်။ဝါခေါင်လမွေးဖွားသူတို့သည် မီး၊ အပူလောင်၊ လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းတို့ကိုအထူးသတိထားပါ။

မီးဘေးအန္တရာယ်ကို အစစကြိုတင်သတိရှိသင့်ပါသည်။လျှပ်စစ်မီးနှင့်စပ်ယှဉ်သောနေရာတို့တွင်အသးအဖွဲမှစလျှက် သတိပြုသင့်ပါသည်။လျှပ်စစ်လျှော့ဖြစ်တတ်တယ်အပူလောင်တတ်ပါသည်။ငွေကြေးဥစ္စာ မထင်မှတ်ဘဲရရှိပြီး ဘဝအမြင့်သို့တက်လှမ်းသွားနိုင်ကြမည်။အများအပေါ် ဦးဆောင်နိုင်စွမ်း ရှိမည် ကိုယ်လုပ်မှအကောင်းထင်တတ်ခြင်းအာဏာပြမိတတ်ခြင်းတို့ကြောင့် ဘဝတွင် ထိခိုက်နစ်နာတတ်ပါတယ်။စာပေဗဟုသုတများပြီးအသိဉာဏ်ရှိမည်။ မည်သူ့ကိုမှ အောက်မကျို့ဘဲရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်တယ်။အထက်လူကြီးတို့ကအထင်လွဲတတ်တယ်။

ဝါခေါင်လမွေးဖွားသူတို့သည်ရဲဝံ့စွန့်စားသူများဖြစ်၏။ နိုင်ငံရပ်ခြားသို့ သွားရတတ်၏။သူတစ်ပါးအတွက် ကြားမှ အနစ်နာခံမိ၍ ဘဝတွင် ထိခိုက်နစ်နာတတ်သည်။ရရှိသော အောင်မြင်မှုနှင့် ပစ္စည်းဥစ္စာတို့ကို တန်ကြေးမထားတတ်၍နစ်နာတတ်တယ်ဘဝတိုးတက်အောင်မြင်စေရန် အရက်သေစာနှင့် စီးကရက်ကို အထူးရှောင်ပါ။

သူတစ်ပါးအိမ်ယာကိုအထူးရှောင်ပါအပျော်အပါးလျှော့ပါ။ ၎င်းသုံးချက်ကိုသာအဓိကဆင်ခြင်ပါကစည်းကမ်းကြီးခြင်း၊ သန့်သန့်ခန့်ခန့်နေတတ်ခြင်း၊စနစ်တကျလုပ်တတ်ခြင်းတို့ကြောင့် ဘဝတွင် အောင်မြင်မည်။စိတ်ထက်ခြင်း၊စိတ်ခိုင်ခြင်း၊ ဝီရိယကြီးခြင်းတို့က အောင်မြင်မှုကိုပံ့ပိုးပေးလိမ့်မည်။ရဲရဲတောက် ကျောက်အနီကို လက်စွပ်ကွင်း၍ ဝတ်ထားပါ။

ဝါေခါင္လေမြးဖြားသူမ်ား

ဝါေခါင္လေမြးဖြားသူမ်ားသည္ ဂုဏ္က်က္သေရရွိသူမ်ားျဖစ္ၿပီး အစစအရာရာေခါင္းေဆာင္လိုစိတ္ရွိတယ္။ အစစ စြန႔္ဦးတီထြင္ႀကံဆႏိုင္ေသာအစြမ္းသတၱိႏွင့္ ျပည့္စုံတယ္။ စိတ္အားထက္သန္သူမ်ား ျဖစ္ၾကမယ္။

မိမိကိုယ္ကို အလြန္ အထင္ႀကီးတတ္ၾကတယ္မည္သည့္ကိစၥမဆိုလိုသည္ထက္ပို၍ ေျပာလို၊ လုပ္လို၊ သုံးစြဲလိုတတ္ၾက၏။ပညာရွိသုခမိန္ျဖစ္တတ္တယ္။ ရဲရင့္ထက္ျမက္ၿပီးတည္ၾကည္၏။ေယာက္်ားပီသတယ္။ အမ်ိဳးသမီးမ်ားသည္လည္းေယက္်ားဆန္ဆန္ ထက္ျမက္တတ္ၾကတယ္။သစၥာရွိတတ္ၾကတယ္ကတိသစၥာကို အလြန္တန္ဖိုးထားတတ္ၾကတယ္။ထက္ျမက္႐ုံသာမကစိတ္ဓါတ္ျပင္းထန္သူမ်ားျဖစ္တယ္။

သူတစ္ပါးက မိမိအား ေျမာက္စားျခင္း၊ေနရာေပးျခင္း၊ ဆရာတင္ျခင္း၊ ဦးစားေပးျခင္း ျဖစ္လာပါက အခ်ိန္ကုန္ေငြကုန္ခံ၍ကိုယ္က်ိဳးစြန႔္၍ အားပါးတရ လုပ္တတ္၏။အမုန္းခံစရာရွိကအမုန္းခံ၍ အားႀကိဳးမာန္တက္ ေဆာင္႐ြက္ေပးတတ္၏။ကိုယ့္ကိုေျမႇာက္ပင့္မွန္းသိသိႏွင့္ပင္ သာယာေနတတ္၏။ ဟန္ႏွင့္ ပန္ႏွင့္ေနတတ္၏။အေသးအဖြဲကိစၥမ်ားကို ေငြမည္မွ်ပင္ရပါေစ စိတ္မဝင္စား။စမတ္က်က်ႏွင့္လူအထင္ႀကီးမည့္ကိစၥမ်ားကိုဆိုလွ်င္ေငြရနည္းသည္ျဖစ္ေစ လုပ္ကိုင္လိုတယ္။

အားနည္းခ်က္မွာ ဘာပဲလုပ္လုပ္ မလိုအပ္ဘဲ အက်ယ္ခ်ဲ႕ျခင္း၊အခ်ိန္ဆြဲျခင္း၊ ဇီဇာေၾကာင္ျခင္း၊ သူတစ္ပါးအႀကံလက္မခံျခင္း၊သူတစ္ပါး အႀကံဉာဏ္ယူရတာကို ေအာက္က်သည္၊သိကၡာက်သည္ဟု မာနတင္းကာ အႀကံေကာင္းမ်ားလက္လြတ္ခံျခင္းတို႔ပင္ျဖစ္တတ္တယ္ သို႔ေသာ္အျမင္ထူးျခားတယ္။ ဘယ္ေတာ့မွ ေနာက္မတြန႔္တတ္။လူေျဖာင့္စိတ္တိုမ်ားျဖစ္မည္ စိတ္ျမန္သည္။ အားမနာတတ္။

မခံခ်င္စိတ္ႀကီးမားသျဖင့္ ခက္ထန္သည္။ မွန္သည္ထင္က မည္သူ႔ကိုမွသည္းမခံတတ္ရာသက္ပန္တစ္ခုတည္းေသာတရားေသဝါဒကို

စြဲကိုင္ထားတတ္တယ္သူမ်ားတကာႏွင့္ အျမင္မတူတတ္ကိုယ္ကိုင္စြဲေသာ ဝါဒအတိုင္းခံယူေလွ်ာက္လွမ္းတတ္တယ္ျငင္းခုံစရာရွိက

အခိုင္အမာျငင္းခုံတတ္တယ္ ဆန႔္က်င္စရာရွိက ရဲရဲဆန႔္က်င္တတ္တယ္ဥပေဒစည္းကမ္းမ်ားကိုအသစ္ျပဳျပင္ေျပာင္းလဲပစ္လိုသူမ်ားျဖစ္ၾကမယ္အခြင့္အေရးကိုလည္း မရရေအာင္ယူတတ္ၾကတယ္။ မွန္သည္ထင္က ေျပာရဲ၊ လုပ္ရဲေသာသတၱိရွိမယ္သူတစ္ပါးကို ရန္လိုေသာစိတ္မရွိ ကိုယ့္အေပၚ လွ်ိဳ႕ဝွက္ရန္သူမ်ားရွိေနတတ္ၾကတယ္ စီးပြားေရးဘက္တြင္အားနည္းတတ္ၾကတယ္စိတ္ထိခိုက္လြယ္မယ္။တစ္ေယာက္တည္းႀကိတ္ၿပီးမြန္းၾကပ္ေနေအာင္ခံစားရျခင္းမ်ိဳး မၾကာခဏႀကဳံရတတ္သည္ သူတစ္ပါးကို အားေပးစကားမေျပာတတ္သလိုကိုယ္တိုင္ခံစားစရာရွိက ေျဖမဆည္ႏိုင္ေအာင္ခံစားခ်က္ႀကီးတတ္တယ္။

ဘဝတြင္ ကြၽမ္းက်င္မႈေတြမ်ားၿပီးေ႐ြးခ်ယ္ရခက္ေနေသာ အေနအထားတို႔မ်ားစြာ ႀကဳံရတတ္ပါတယ္ဟိုစပ္စပ္ဒီစပ္စပ္ေနရာတကာဝါသနာပါမယ္ ဂမၻီရပါရမီရင့္သန္မည္။ စည္းကမ္းေဘာင္အတြင္းေနမွေကာင္းစားပါမည္။တစ္ခုခုစည္းေဖာက္မိက သူတစ္ပါးထက္ ဘဝနာတတ္ပါတယ္ဥပေဒႏွင့္မကင္းေသာ အလုပ္တို႔ လုပ္မိပါက သူမ်ားထက္ပိုထိနာတတ္ပါတယ္ႀကိဳးစားရခ်ိန္တြင္ အားမာန္အျပည့္ရွိသေလာက္ေအာင္ျမင္သြားခ်ိန္တြင္ စိတ္ပ်ံ႕လြင့္ၿပီး အေပ်ာ္အပါးဘက္လိုက္သြားတတ္တယ္ဘဝသက္တာတြင္ေငြကိုအားတိုက္ၿပီးကိုယ္စြမ္းညာဏ္စြမ္းႏွင့္ႀကိဳးစားၿပီးရွာရတတ္သည္။

စိတ္သေဘာထားေကာင္းမြန္ျခင္း၊ အကင္းပါးျခင္း၊ လိမၼာပါးနပ္စြာေျပာဆိုျပဳလုပ္တတ္ျခင္း၊ စာေပဗဟုသုတအသိညာဏ္ႏွင့္ျပည့္စုံျခင္းတို႔ေၾကာင့္ဘဝတြင္ လူတစ္လုံးသူတစ္လုံးျဖစ္ေအာင္ႀကီးျမင့္တတ္ၾကမည္။ဝါေခါင္လေမြးဖြားသူတို႔သည္ အခ်စ္ႀကီးသူမ်ားျဖစ္တယ္ပင္ကိုယ္စိတ္ဓါတ္ရဲရင့္ထက္ျမက္သေလာက္ ႏွလုံးသားေရးတြင္ အရႈံးေပး၍ခ်စ္တတ္ၾကတယ္။ ဘဝကို အခ်စ္ျဖင့္တည္ေဆာက္လိုၾကသည္။မွားသည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ ထင္မိထင္ရာတမ္းတမ္းစြဲခ်စ္မိတတ္ၾကမည္ဘဝတြင္ဝါေခါင္လဖြားအမ်ားစုသည္ လူပ်ိဳႀကီး၊ အပ်ိဳႀကီးမ်ားျဖစ္တတ္ၾကတာမ်ားပါမည္။

အိမ္ေထာင္ျပဳေသာအခါ သစၥာႀကီးမားသူမ်ားျဖစ္တယ္။မိမိခ်စ္သူအေပၚအိမ္ေထာင္ဘက္အေပၚအထူးသစၥာထားတတ္တယ္မိမိခ်စ္သူ၊ မိမိအိမ္ေထာင္ဖက္အတြက္စိတ္ခ်မ္းသာေအာင္မည္သို႔ေဆာင္႐ြက္ေပးရမည္ကိုအၿမဲႀကံဆေနတတ္ၾကသည္အိမ္ေထာင္ဖက္မွာအမ်ိဳးသား၊အမ်ိဳးသမီးအားလုံးမိဘစီမံေသာ အိမ္ေထာင္ေရးကို လက္ခံသင့္ပါတယ္။ကိုယ့္သေဘာႏွင့္ကိုယ္ ဆုံးျဖတ္က အိမ္ေထာင္ေရးေသာကႀကဳံရတတ္တယ္။

ထို႔အျပင္ခ်စ္တတ္ေသာစ႐ိုက္ကိုျပသင့္ပါတယ္ အိမ္ေထာင္ဖက္အေပၚတြင္ျဖစ္ေစ၊ကိုယ့္ခ်စ္သူအေပၚတြင္ျဖစ္ေစ ကိုယ့္ဘက္က အျမင္သက္သက္ျဖင့္သုံးသပ္ျခင္း၊ ဆုံးျဖတ္ျခင္းမျပဳဘဲ နားလည္မႈထားေပးကစိတ္ခ်မ္းသာမႈရရွိတတ္ၾကပါမည္ မည္သည့္ကိစၥမဆိုမာနသိကၡာမၾကည့္ဘဲအက်ိဳးရလာဒ္ျဖင့္ ခ်င့္ခ်ိန္ၿပီးလုပ္မွ စီးပြားျဖစ္တတ္မည္။အုပ္ခ်ဳပ္မႈဆိုင္ရာလုပ္ငန္း၊ ပန္းခ်ီအႏုပညာ၊ စစ္ဘက္၊ တည္ေဆာက္ေရးလုပ္ငန္းဖိနပ္လုပ္ငန္း၊စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားျဖင့္ အထူးေကာင္းက်ိဳးေပးမည္။

ဝါေခါင္လေမြးဖြားသူမ်ားသည္ က်န္းမာေရးတြင္ ေရာဂါႀကီးမ်ားစြာမျဖစ္တတ္ပါ။ အေသးအဖြဲမွ်သာ ျဖစ္တတ္ပါသည္။က်န္းမာသန္စြမ္းတတ္ၾကပါသည္။ သို႔ေသာ္ မိမိကိုယ္ကိုယ္ဟိုေရာဂါရွိသလိုလို၊ သည္ေရာဂါရွိသလိုလိုႏွင့္ထင္ေယာင္ထင္မွားျဖစ္တတ္ၾက၏။

ထူးထူးဆန္းဆန္းခံစားရသည္ဟုလည္းသံသယစြဲႏွင့္ေရာဂါအမည္တပ္တတ္ၾကတယ္ စိတ္ေရာဂါတစ္မ်ိဳးဟုသာဆိုရေပမည္။

အထူးသတိျပဳရန္မွာဘယ္အေၾကာင္းႏွင့္မွ စိတ္ဆင္းရဲမခံၾကပါႏွင့္စိတ္ပင္ပန္းမႈေၾကာင့္ ႏွလုံးေရာဂါႏွင့္ ေသြးတိုးေရာဂါ ျဖစ္တတ္ပါမည္။မ်က္ေစ့မႈံတတ္ၾက၏အေသးအဖြဲအားျဖင့္ ေခါင္းကိုက္ ဇက္ေၾကာတက္အာ႐ုံေၾကာေရာဂါတို႔သာ မၾကာခဏျဖစ္တတ္ၾကမယ္။အစာအိမ္ခြဲစိတ္ရျခင္းမ်ိဳးႀကဳံရတတ္သည္။ဝါေခါင္လေမြးဖြားသူတို႔သည္ မီး၊ အပူေလာင္၊ လွ်ပ္စစ္ေရွာ့ခ္ျဖစ္ျခင္းတို႔ကိုအထူးသတိထားပါ။

မီးေဘးအႏၲရာယ္ကို အစစႀကိဳတင္သတိရွိသင့္ပါသည္။လွ်ပ္စစ္မီးႏွင့္စပ္ယွဥ္ေသာေနရာတို႔တြင္အသးအဖြဲမွစလွ်က္ သတိျပဳသင့္ပါသည္။လွ်ပ္စစ္ေလွ်ာ့ျဖစ္တတ္တယ္အပူေလာင္တတ္ပါသည္။ေငြေၾကးဥစၥာ မထင္မွတ္ဘဲရရွိၿပီး ဘဝအျမင့္သို႔တက္လွမ္းသြားႏိုင္ၾကမည္။အမ်ားအေပၚ ဦးေဆာင္ႏိုင္စြမ္း ရွိမည္ ကိုယ္လုပ္မွအေကာင္းထင္တတ္ျခင္းအာဏာျပမိတတ္ျခင္းတို႔ေၾကာင့္ ဘဝတြင္ ထိခိုက္နစ္နာတတ္ပါတယ္။စာေပဗဟုသုတမ်ားၿပီးအသိဉာဏ္ရွိမည္။ မည္သူ႔ကိုမွ ေအာက္မက်ိဳ႕ဘဲရဲရဲဝံ့ဝံ့လုပ္ကိုင္တတ္တယ္။အထက္လူႀကီးတို႔ကအထင္လြဲတတ္တယ္။

ဝါေခါင္လေမြးဖြားသူတို႔သည္ရဲဝံ့စြန႔္စားသူမ်ားျဖစ္၏။ ႏိုင္ငံရပ္ျခားသို႔ သြားရတတ္၏။သူတစ္ပါးအတြက္ ၾကားမွ အနစ္နာခံမိ၍ ဘဝတြင္ ထိခိုက္နစ္နာတတ္သည္။ရရွိေသာ ေအာင္ျမင္မႈႏွင့္ ပစၥည္းဥစၥာတို႔ကို တန္ေၾကးမထားတတ္၍နစ္နာတတ္တယ္ဘဝတိုးတက္ေအာင္ျမင္ေစရန္ အရက္ေသစာႏွင့္ စီးကရက္ကို အထူးေရွာင္ပါ။

သူတစ္ပါးအိမ္ယာကိုအထူးေရွာင္ပါအေပ်ာ္အပါးေလွ်ာ့ပါ။ ၎သုံးခ်က္ကိုသာအဓိကဆင္ျခင္ပါကစည္းကမ္းႀကီးျခင္း၊ သန႔္သန႔္ခန႔္ခန႔္ေနတတ္ျခင္း၊စနစ္တက်လုပ္တတ္ျခင္းတို႔ေၾကာင့္ ဘဝတြင္ ေအာင္ျမင္မည္။စိတ္ထက္ျခင္း၊စိတ္ခိုင္ျခင္း၊ ဝီရိယႀကီးျခင္းတို႔က ေအာင္ျမင္မႈကိုပံ့ပိုးေပးလိမ့္မည္။ရဲရဲေတာက္ ေက်ာက္အနီကို လက္စြပ္ကြင္း၍ ဝတ္ထားပါ။