ရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးနေပြီး နေအိမ်တွေကျောင်းတွေ…
ရန်ကုန်က မြို့နယ်အချို့မှာ ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်တွေ ရွှေ့ပြောင်းရတာတွေနဲ့
ကျောင်းတွေယာယီပိတ်ထားတယ်လို့ အဆိုပါမြို့နယ်တွေဆီကနေ သိရပါတယ်။
ရွှေပေါက်ကံမြို့မှာ ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်တွေရေဝင်ကာ
စာသင်ကျောင်းအချို့ ယာယီပိတ်ထားရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“အိမ်ထဲတွေလည်းရေဝင်တယ် ကျောင်းတွေမှာလည်း ရေဝင်တယ်၊ အိမ်ကသားက အလက ၁၀ မှာတက်တာ
ဒီနေရေတက်နေလို့ ကျောင်းပိတ်လို့ပြန်လာရတယ်”လို့ ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေနဲ့လမ်းတွေပေါ်မှာ
ရေတွေဝင်ရောက်ပြီး မီးသတ်တွေက ကူညီပြောင်းရွေ့ပေးနေရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“အပိုင်း ၁၁နဲ့ ၁၇ မှာ ပိုဆိုးတယ်၊ အခု မီးသတ်တွေက ကူပြီးရွေ့ပေးနေတယ် ရေဘေးလွှတ်တဲ့နေရာတွေကို”လို့ပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာလည်း အိမ်တွေနဲ့ကျောင်းတွေမှာ ရေဝင်ပြီး ကလေးတွေကျောင်းတက်ရာမှာ
အခက်အခဲဖြစ်နေတယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။
“အလက ၉ မှာဆို စာသင်ကျောင်းအထဲထိ ရေတွေဝင်တာ၊ လမ်းတွေမှာလည်း ရေတွေပြည့်နေတယ် မိုးကလည်းအခုချိန်ထိ မတိတ်ဘူး”လို့ ပြောပါတယ်။
မိုးရွာသွန်းမှုကြောင့် ရေကြီးတာအပြင် ဒဂုံအရှေ့၊တိုက်ကြီး၊ကြည့်မြင်တိုင်၊လှိုင်၊ဒလမြို့နယ်တွေမှာ
လေပြင်းတိုက်ခတ်လို့ သစ်ပင်ကြီးတွေပြိုလဲခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီကနေ့ မိုးသည်းထန်စွာရွာသွန်းလို့ ရန်ကုန်မှာ မြောက်ဥက္ကလာပ၊ရွှေပေါက်ကံ၊တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊
မရမ်းကုန်း၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေမှာ ရေတက်ရေလျှံမှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ မနက် ၇နာရီအချိန် တိုင်းထွာခန့်မှန်းချက်အရ ဒီကနေ့ ညနေပိုင်းအထိ ရန်ကုန်၊
မန္တလေးနဲ့ နေပြည်တော်အနီးတဝိုက် နေရာကွက်ကြားမိုးထစ်ချုန်းရွာနိုင်ပြီး လာမယ့် နှစ်ရက်အတွက်
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုမယ်လို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်
Unicode,
ရန္ကုန္မွာ မိုးသည္းထန္စြာ႐ြာသြန္းလို႔ ေရႀကီးေနၿပီး ေနအိမ္ေတြေက်ာင္းေတြ…see more
ရန္ကုန္က ၿမိဳ႕နယ္အခ်ိဳ႕မွာ ဒီကေန႔ မနက္ပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေနအိမ္ေတြ ေ႐ႊ႕ေျပာင္းရတာေတြနဲ႔
ေက်ာင္းေတြယာယီပိတ္ထားတယ္လို႔ အဆိုပါၿမိဳ႕နယ္ေတြဆီကေန သိရပါတယ္။
ေ႐ႊေပါက္ကံၿမိဳ႕မွာ ဒီကေန႔ မနက္ပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းၿပီးေနာက္ ေနအိမ္ေတြေရဝင္ကာ
စာသင္ေက်ာင္းအခ်ိဳ႕ ယာယီပိတ္ထားရတယ္လို႔ ရပ္ကြက္ေနသူတဦးက ေျပာပါတယ္။
“အိမ္ထဲေတြလည္းေရဝင္တယ္ ေက်ာင္းေတြမွာလည္း ေရဝင္တယ္၊ အိမ္ကသားက အလက ၁၀ မွာတက္တာ
ဒီေနေရတက္ေနလို႔ ေက်ာင္းပိတ္လို႔ျပန္လာရတယ္”လို႔ ေျပာပါတယ္။
မဂၤလာဒုံၿမိဳ႕နယ္ ေပါက္ကုန္းရပ္ကြက္မွာလည္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေနအိမ္ေတြနဲ႔လမ္းေတြေပၚမွာ
ေရေတြဝင္ေရာက္ၿပီး မီးသတ္ေတြက ကူညီေျပာင္းေ႐ြ႕ေပးေနရတယ္လို႔ ရပ္ကြက္ေနသူတဦးက ေျပာပါတယ္။
“အပိုင္း ၁၁နဲ႔ ၁၇ မွာ ပိုဆိုးတယ္၊ အခု မီးသတ္ေတြက ကူၿပီးေ႐ြ႕ေပးေနတယ္ ေရေဘးလႊတ္တဲ့ေနရာေတြကို”လို႔ေျပာပါတယ္။
ေ႐ႊျပည္သာၿမိဳ႕နယ္မွာလည္း အိမ္ေတြနဲ႔ေက်ာင္းေတြမွာ ေရဝင္ၿပီး ကေလးေတြေက်ာင္းတက္ရာမွာ
အခက္အခဲျဖစ္ေနတယ္လို႔ ရပ္ကြက္ေနသူတဦးကေျပာပါတယ္။
“အလက ၉ မွာဆို စာသင္ေက်ာင္းအထဲထိ ေရေတြဝင္တာ၊ လမ္းေတြမွာလည္း ေရေတြျပည့္ေနတယ္ မိုးကလည္းအခုခ်ိန္ထိ မတိတ္ဘူး”လို႔ ေျပာပါတယ္။
မိုး႐ြာသြန္းမႈေၾကာင့္ ေရႀကီးတာအျပင္ ဒဂုံအေရွ႕၊တိုက္ႀကီး၊ၾကည့္ျမင္တိုင္၊လႈိင္၊ဒလၿမိဳ႕နယ္ေတြမွာ
ေလျပင္းတိုက္ခတ္လို႔ သစ္ပင္ႀကီးေတြၿပိဳလဲခဲ့တယ္လို႔ မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။
ဒီကေန႔ မိုးသည္းထန္စြာ႐ြာသြန္းလို႔ ရန္ကုန္မွာ ေျမာက္ဥကၠလာပ၊ေ႐ႊေပါက္ကံ၊ေတာင္ဥကၠလာ၊ ေျမာက္ဒဂုံ၊ သာေကတ၊ တာေမြ၊ မဂၤလာေတာင္ၫြန႔္၊
မရမ္းကုန္း၊ ေ႐ႊျပည္သာ စတဲ့ၿမိဳ႕နယ္ေတြမွာ ေရတက္ေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။
မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ဒီကေန႔ မနက္ ၇နာရီအခ်ိန္ တိုင္းထြာခန႔္မွန္းခ်က္အရ ဒီကေန႔ ညေနပိုင္းအထိ ရန္ကုန္၊
မႏၲေလးနဲ႔ ေနျပည္ေတာ္အနီးတဝိုက္ ေနရာကြက္ၾကားမိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး လာမယ့္ ႏွစ္ရက္အတြက္
ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးဆက္လက္ပိုမယ္လို႔ ထုတ္ျပန္ထားတာလည္း ျဖစ္ပါတယ္။
crd



