ၾကားသိရသမွ်

အာဏာသိမ်းခံရပြီးနောက် ရန်ကုန်မြို့က လူငယ်တွေကြား သိသိသာသာပျံ့နှံ့လာတဲ့ တရုတ်ထုတ်မူးယစ်ဆေးများ

အာဏာသိမ်းခံရပြီးနောက် ရန်ကုန်မြို့က လူငယ်တွေကြား သိသိသာသာပျံ့နှံ့လာတဲ့ တရုတ်ထုတ်မူးယစ်ဆေးများ

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာမှာ ရန်ကုန်မြို့က လူငယ်တွေအကြား ပါတီသုံး တရုတ်ထုတ်ထုတ် မူးယစ်ဆေးဝါးတွေဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့လို့ လာနေပါတယ် ။

K လို့ လူငယ်တွေကြား ခေါ်ဝေါ်လေ့ရှိကြတဲ့ ကက်တမင်း မူးယစ်ဆေးဟာ အခုရန်ကုန်မြို့ရဲ့ Night Life လောကမှာတော့ လူငယ်တွေအကြား သုံးစွဲမှုအများဆုံး ဖြစ်နေပါတယ်။

အဲဒီ့ K ဟာ ကိုကင်းနဲ့ ဆင်တူပြီး ကိုကင်းသုံးစွဲသလိုပဲ နှာခေါင်းနဲ့ရှူသွင်းသုံးစွဲရတာ ဖြစ်ပါတယ်။

K သုံးစွဲပြီး ရန်ကုန် Night life တွေကို ဖြတ်သန်းနေတဲ့ လူငယ်တစ်ဦးကတော့ ” xစ်ကောင်စီက တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်တော်တို့လူငယ်တွေကို လွတ်လပ်စွာ ခွင့်ပြုထားတာဆိုလို့ ဒီမူးယစ်ဆေးတွေပဲရှိတယ်။

K မှ မဟုတ်ဘူး WY၊ ဘိန်းဖြူ မူးယစ်းဆေးဝါး အကုန်က ကျွန်တော်တို့ လက်တကမ်းမှာပဲ။ xစ်ကောင်စီက လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲနေရင် သူတို့ကို မတော်လှန်နိုင်တော့ဘူး ထင်နေတာ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကြိုက်တာလည်းလုပ်မယ် ဒီလူမဆန်တဲ့ကောင်တွေကိုလည်း ဆက်တော်လှန်နေမှာပဲလို့” aamij ကို ပြောပါတယ်။

ရန်ကုန်မှာတော့ K တစ်ဂရမ် တစ်ထုတ်ကို ကာလပေါက်စျေး ငွေကျပ် ၆သောင်းကနေ တစ်သိန်းကျော်အထိရှိပြီး အမျိုးအစား အစားစားရှိကာ စျေးလဲကွဲပြားနေပါတယ်။

ရန်ကုန်မြို့ရဲ့ Club တိုင်းလိုလိုမှာ K ကို အလွယ်တကူရရှိနိုင်ပြီး ဝိုင်းတိုင်းလိုလိုရဲ့ စားပွဲပေါ်က ပန်းကန်းပြားအဖြူနဲ့ လူငယ်တွေ သုံးစွဲနေကြတာဟာ ရန်ကုန် Night Life အတွက် မထူးဆန်းတော့တဲ့ အရာတွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့နယ်စပ်မြို့တွေဖြစ်တဲ့ လာရှိိုးမြို့ နဲ့ တာချီလိတ်မြို့တွေမှာတော့ K ကို တရားဝင် သုံးစွဲခွင့်ရှိသလို သုံးစွဲနေကြပြီး ဒါတွေကတော့အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတာတွေပါ။

ရန်ကုန်မြို့မှာတော့ အဲဒီ့မူးယစ်ဆေးဝါးကို ၂၀၂၂ ခုနှစ် ဇွန်လကမှ စတင်ဖမ်းဆီးလာတာတွေရှိနေပေမယ့် အခုချိန်ထိ တရားဝင်နီးပါ ရန်ကုန်မြို့က Night life လောကမှာ သုံးစွဲနေကြဆဲပါ။

အဲ့ဒီမူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမိပါကလည်း စစ်ကောင်စီကို ငွေကျပ် သိန်ထောင်ဂဏန်းနီးပါးပေးကာ လွတ်မြောက်အောင် ညှိနှိုင်းလို့ရတယ်လို့လည်း aamij မှ စုံစမ်းသိရှိရပါတယ်။

ဒီမူးယစ်ဆေးဝါးတွေကို xစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ ခရိုနီစီးပွားရေးသမားတွေက အဓိက နည်းလမ်းပေါင်းစုံနဲ့ ဖြုန့်ဖြူးနေတာပါ။

ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါးကို လက်ခွဲဖြန့်ဖြူးနေသူတစ်ဦးကတော့ ” ဒီမူးယစ်ဆေးဝါးတွေကို xစ်ကောင်စီနဲ့ သူတို့သားသမီးအသိုင်းအဝိုင်းတွေ၊ ပိုက်ဆံရှိသားသမီးတွေ သုံးကြတာဗျ။

ခုနောက်ပိုင်းကတော့ လူလတ်တန်းစားတွေ၊ အသက်မပြည့်သေးတဲ့ ကလေးတွေပါ သုံးလာကြတာကို တွေ့ရတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေ လာဝယ်ရင် ကျွန်တော်ကမရောင်းချင်ဘူး ဒါပေမယ့်ဗျာ ကျွန်တော်မရောင်းလည်းတစ်ခြားသူက ရောင်းနေတာပဲ။ ကျွန်တော်လည်းဒါတွေကို ရောင်းချင်လို့ ရောင်းနေတာမဟုတ်ဘူး။

ဒီကာလမှ လွယ်လွယ်ကူကူ လုပ်စားလို့ရတာဆိုလို့ ဒီအလုပ်ပဲရှိလို့ လုပ်နေရတာ” လို့ aamij ကိုပြောပါတယ်။
Kကို သုံးစွဲးထားသူတွေအတွက် clubတွေကလဲ လူငယ်တွေအကြား ဆေးသမားတီးလုံးလို့ခေါ်တဲ့ DJတွေကို ဖွင့်ပေးလေ့ တီးပေးလေ့ရှိပါတယ်။

ဒီ မူးယစ်ဆေးဝါးကို သုံးဆွဲပြီးနောက် ၂၄ နာရီအတွင်း အကျိုးသက်ရောက်မှုရှိပြီး ဆေးအရှိန်ပြယ်သွားတဲ့အခါ ကိုယ်လက် နာကျင်ကိုက်ခဲတာ စိတ်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါတွေကို သုံးစွဲတာ များလာတဲ့ အခါမှာတော့ ဦးနှောက်နဲ့ အာရုံကြော၊ အသက်ရှူလမ်းကြောင်း
၊ အစာအိမ် စတာတွေကို ထိခိုက်နိုင်ပြီး မှတ်ဉာဏ်တွေ မေ့လျော့တာမျိုးနဲ့ အနံ့ခံအာရုံ ပျောက်ဆုံးတာတွေဖြစ်နိုင်ပြီး ဆေးလွန်ပါက အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိပါ ဖြစ်နိုင်ပါတယ်။

လားရှိုးမြို့မှာတော့ ဆေးလွန်ပြီး သေဆုံးသူ ၁၀ဂဏန်းအထက်ရှိနေတယ်လို့ သိရပါတယ်။ K လို့ခေါ်တဲ့ မူးယစ်ဆေးကို တရုတ်နိုင်ငံကနေ စတင်ပြီး မြန်မာနိုင်ငံကို တရားမဝင်တင်သွင်းလာတာဖြစ်ကာ ယခုအခါမှာတော့ ပြည်တွင်းမှာ ထုတ်လုပ်နေပြီလို့ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေ အရသိရပါတယ်။

Photo & News / AAMIJ

Credit to Original Uploader

Zawgyi ဖြင့်ဖတ်ရန်

အာဏာသိမ္းခံရၿပီးေနာက္ ရန္ကုန္ၿမိဳ႕က လူငယ္ေတြၾကား သိသိသာသာပ်ံ႕ႏွံ႔လာတဲ့ တ႐ုတ္ထုတ္မူးယစ္ေဆးမ်ား

အာဏာသိမ္းၿပီးေနာက္ တစ္ႏွစ္ေက်ာ္အၾကာမွာ ရန္ကုန္ၿမိဳ႕က လူငယ္ေတြအၾကား ပါတီသုံး တ႐ုတ္ထုတ္ထုတ္ မူးယစ္ေဆးဝါးေတြဟာ အရွိန္အဟုန္နဲ႔ ပ်ံ႕ႏွံ႔လို႔ လာေနပါတယ္ ။

K လို႔ လူငယ္ေတြၾကား ေခၚေဝၚေလ့ရွိၾကတဲ့ ကက္တမင္း မူးယစ္ေဆးဟာ အခုရန္ကုန္ၿမိဳ႕ရဲ႕ Night Life ေလာကမွာေတာ့ လူငယ္ေတြအၾကား သုံးစြဲမႈအမ်ားဆုံး ျဖစ္ေနပါတယ္။

အဲဒီ့ K ဟာ ကိုကင္းနဲ႔ ဆင္တူၿပီး ကိုကင္းသုံးစြဲသလိုပဲ ႏွာေခါင္းနဲ႔ရႉသြင္းသုံးစြဲရတာ ျဖစ္ပါတယ္။

K သုံးစြဲၿပီး ရန္ကုန္ Night life ေတြကို ျဖတ္သန္းေနတဲ့ လူငယ္တစ္ဦးကေတာ့ ” xစ္ေကာင္စီက တစ္ႏိုင္ငံလုံးမွာရွိတဲ့ ကြၽန္ေတာ္တို႔လူငယ္ေတြကို လြတ္လပ္စြာ ခြင့္ျပဳထားတာဆိုလို႔ ဒီမူးယစ္ေဆးေတြပဲရွိတယ္။

K မွ မဟုတ္ဘူး WY၊ ဘိန္းျဖဴ မူးယစ္းေဆးဝါး အကုန္က ကြၽန္ေတာ္တို႔ လက္တကမ္းမွာပဲ။ xစ္ေကာင္စီက လူငယ္ေတြ မူးယစ္ေဆးဝါးသုံးစြဲေနရင္ သူတို႔ကို မေတာ္လွန္ႏိုင္ေတာ့ဘူး ထင္ေနတာ။ ကြၽန္ေတာ္တို႔ကေတာ့ ကြၽန္ေတာ္တို႔ႀကိဳက္တာလည္းလုပ္မယ္ ဒီလူမဆန္တဲ့ေကာင္ေတြကိုလည္း ဆက္ေတာ္လွန္ေနမွာပဲလို႔” aamij ကို ေျပာပါတယ္။

ရန္ကုန္မွာေတာ့ K တစ္ဂရမ္ တစ္ထုတ္ကို ကာလေပါက္ေစ်း ေငြက်ပ္ ၆ေသာင္းကေန တစ္သိန္းေက်ာ္အထိရွိၿပီး အမ်ိဳးအစား အစားစားရွိကာ ေစ်းလဲကြဲျပားေနပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ Club တိုင္းလိုလိုမွာ K ကို အလြယ္တကူရရွိႏိုင္ၿပီး ဝိုင္းတိုင္းလိုလိုရဲ႕ စားပြဲေပၚက ပန္းကန္းျပားအျဖဴနဲ႔ လူငယ္ေတြ သုံးစြဲေနၾကတာဟာ ရန္ကုန္ Night Life အတြက္ မထူးဆန္းေတာ့တဲ့ အရာေတြပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕နယ္စပ္ၿမိဳ႕ေတြျဖစ္တဲ့ လာရွိိုးၿမိဳ႕ နဲ႔ တာခ်ီလိတ္ၿမိဳ႕ေတြမွာေတာ့ K ကို တရားဝင္ သုံးစြဲခြင့္ရွိသလို သုံးစြဲေနၾကၿပီး ဒါေတြကေတာ့အာဏာသိမ္းၿပီးေနာက္ပိုင္းျဖစ္ေပၚလာတာေတြပါ။

ရန္ကုန္ၿမိဳ႕မွာေတာ့ အဲဒီ့မူးယစ္ေဆးဝါးကို ၂၀၂၂ ခုႏွစ္ ဇြန္လကမွ စတင္ဖမ္းဆီးလာတာေတြရွိေနေပမယ့္ အခုခ်ိန္ထိ တရားဝင္နီးပါ ရန္ကုန္ၿမိဳ႕က Night life ေလာကမွာ သုံးစြဲေနၾကဆဲပါ။

အဲ့ဒီမူးယစ္ေဆးဝါးေတြနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးမိပါကလည္း စစ္ေကာင္စီကို ေငြက်ပ္ သိန္ေထာင္ဂဏန္းနီးပါးေပးကာ လြတ္ေျမာက္ေအာင္ ညႇိႏႈိင္းလို႔ရတယ္လို႔လည္း aamij မွ စုံစမ္းသိရွိရပါတယ္။

ဒီမူးယစ္ေဆးဝါးေတြကို xစ္ေကာင္စီနဲ႔ ပတ္သက္ဆက္ႏြယ္တဲ့ ခ႐ိုနီစီးပြားေရးသမားေတြက အဓိက နည္းလမ္းေပါင္းစုံနဲ႔ ျဖဳန႔္ျဖဴးေနတာပါ။

ရန္ကုန္ၿမိဳ႕အတြင္း မူးယစ္ေဆးဝါးကို လက္ခြဲျဖန္႔ျဖဴးေနသူတစ္ဦးကေတာ့ ” ဒီမူးယစ္ေဆးဝါးေတြကို xစ္ေကာင္စီနဲ႔ သူတို႔သားသမီးအသိုင္းအဝိုင္းေတြ၊ ပိုက္ဆံရွိသားသမီးေတြ သုံးၾကတာဗ်။

ခုေနာက္ပိုင္းကေတာ့ လူလတ္တန္းစားေတြ၊ အသက္မျပည့္ေသးတဲ့ ကေလးေတြပါ သုံးလာၾကတာကို ေတြ႕ရတယ္။ အသက္မျပည့္ေသးတဲ့ကေလးေတြ လာဝယ္ရင္ ကြၽန္ေတာ္ကမေရာင္းခ်င္ဘူး ဒါေပမယ့္ဗ်ာ ကြၽန္ေတာ္မေရာင္းလည္းတစ္ျခားသူက ေရာင္းေနတာပဲ။ ကြၽန္ေတာ္လည္းဒါေတြကို ေရာင္းခ်င္လို႔ ေရာင္းေနတာမဟုတ္ဘူး။

ဒီကာလမွ လြယ္လြယ္ကူကူ လုပ္စားလို႔ရတာဆိုလို႔ ဒီအလုပ္ပဲရွိလို႔ လုပ္ေနရတာ” လို႔ aamij ကိုေျပာပါတယ္။
Kကို သုံးစြဲးထားသူေတြအတြက္ clubေတြကလဲ လူငယ္ေတြအၾကား ေဆးသမားတီးလုံးလို႔ေခၚတဲ့ DJေတြကို ဖြင့္ေပးေလ့ တီးေပးေလ့ရွိပါတယ္။

ဒီ မူးယစ္ေဆးဝါးကို သုံးဆြဲၿပီးေနာက္ ၂၄ နာရီအတြင္း အက်ိဳးသက္ေရာက္မႈရွိၿပီး ေဆးအရွိန္ျပယ္သြားတဲ့အခါ ကိုယ္လက္ နာက်င္ကိုက္ခဲတာ စိတ္က်တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ဒါေတြကို သုံးစြဲတာ မ်ားလာတဲ့ အခါမွာေတာ့ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ၊ အသက္ရႉလမ္းေၾကာင္း
၊ အစာအိမ္ စတာေတြကို ထိခိုက္ႏိုင္ၿပီး မွတ္ဉာဏ္ေတြ ေမ့ေလ်ာ့တာမ်ိဳးနဲ႔ အနံ႔ခံအာ႐ုံ ေပ်ာက္ဆုံးတာေတြျဖစ္ႏိုင္ၿပီး ေဆးလြန္ပါက အသက္အႏၲရာယ္ ဆုံးရႈံးတဲ့အထိပါ ျဖစ္ႏိုင္ပါတယ္။

လားရႈိးၿမိဳ႕မွာေတာ့ ေဆးလြန္ၿပီး ေသဆုံးသူ ၁၀ဂဏန္းအထက္ရွိေနတယ္လို႔ သိရပါတယ္။ K လို႔ေခၚတဲ့ မူးယစ္ေဆးကို တ႐ုတ္ႏိုင္ငံကေန စတင္ၿပီး ျမန္မာႏိုင္ငံကို တရားမဝင္တင္သြင္းလာတာျဖစ္ကာ ယခုအခါမွာေတာ့ ျပည္တြင္းမွာ ထုတ္လုပ္ေနၿပီလို႔ အတည္မျပဳႏိုင္ေသးတဲ့ သတင္းအခ်က္အလက္ေတြ အရသိရပါတယ္။

Photo & News / AAMIJ

Credit to Original Uploader