ၾကားသိရသမွ်

ဆယ်တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ထားတဲ့ အသက်(၁၈)နှစ်ရွယ်အမျိုးသမီးငယ်လေး

ဆယ်တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ထားတဲ့ အသက်(၁၈)နှစ်ရွယ်အမျိုးသမီးငယ်လေး

ရခိုင်ပြည်နယ်မှာ ဒုစရိုက်မှုနဲ့ လုယ-က် thetဖြတ်မှုတွေ ဖြစ်ပွားမှု မြင့်တက်လာ…

စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံစိုက်ရာ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းက အမျိုးသမီးငယ်တစ်ဦး thetဖြတ်ခံရမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီအစိုးရအဖွဲ့ရုံးနဲ့ကပ်လျက် နေရာတစ်ခုမှာဖြစ်ပွားခဲ့တာပါ။

အဲဒီနေရာဟာ စစ်တွေမြို့ရဲ့ လူအသွားအလာအများဆုံးနဲ့ စည်ကားတဲ့နေရာတွေထဲပါဝင်ပြီး မေယုလမ်းမပေါ်က ပြည်နယ်အားကစားရုံရှေ့ ဈေးဆိုင်းတန်းက ဆိုင်ခန်းတစ်ခန်းအထဲမှာ ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူဟာ မင်းဂံရပ်ကွက် (၁၀) ခ-တန်းက အသက် ၁၈ နှစ်အရွယ် ဈေးဆိုင်ဝန်ထမ်း မနွယ်သန္တာဝင်းဖြစ်ပါတယ်။

အမျိုးသမီးငယ်ဟာ အခုနှစ်မှာပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာနဲ့အောင်မြင်ခဲ့ပြီး တက္ကသိုလ်တက်ဖို့ ပိုက်ဆံစုရင်း ဈေးဆိုင်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေတာလို့ မိသားစုတွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့ညနေပိုင်း ပုံမှန်ဆိုင်ပိတ်ချိန်လွန်လို့ အိမ်ပြန်မရောက်လာသို သူ့ကိုဖုန်းဆက်သွယ်လို့လည်း မရတာကြောင့် သူအလုပ်လုပ်နေတဲ့နေရာကို မိသားစုတွေလိုက်လာခဲ့ရာမှာ

ဈေးဆိုင်ထဲ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ နှစ်ချက်အပြင် တခြားအညိုအမဲစွဲနေတဲ့ဒဏ်ရာတွေနဲ့ tay ဆုံးနေတာကို တွေ့ရှိခဲ့ကြတာလို့ သိရပါတယ်။

သူ ဘယ်အချိန်ကအthetခံလိုက်ရတယ်ဆိုတာ မသိရသလို အလော-င်းကိုတွေ့တဲ့အခါမှာ tayဆုံးနေတာကြာနေပြီဖြစ်ကြောင်းနဲ့ ဈေးဆိုင်ရဲ့ အတွင်းဘက်ထဲမှာ tayဆုံးနေတဲ့အနေအထားကို တွေ့မြင်ခဲ့ရတာလို့ဆိုပါတယ်။

အခင်းဖြစ်ပွားတာ သုံရက်ကြာမြင့်ခဲ့ပေမဲ့ လူthetမှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာပေါ်ပေါက်တာတွေမရှိသေးသလို

လူthetမှုဖြစ်ပွားခဲ့တဲ့ စျေးဆိုင်လည်း မနေ့သြဂုတ် ၁၈ ရက်မှာ ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

ဒီလိုလူသတ်မှုဖြစ်စဉ်တွေ အခုလအတွင်း စစ်တွေမြို့ပေါ်မှာ အနည်းဆုံး ၄ ခုခန့်ဖြစ်ပွားခဲ့ပြီးဖြစ်ကာ ရဲစခန်းကိုလာရောက် အဖမ်းခံတဲ့တရားခံတစ်ဦးကလွဲပြီး

ကျန်အမှုတွေအတွက် တရားခံဖမ်းဆီးရမိတယ်လို့ မကြားရသေးဘူးလို့မြို့ခံတွေကပြောပါတယ်။

ဒါ့အပြင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အားလုံးနီးပါးမှာ ခိုးဆိုးလုယ-က် လူthetတာတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိနေပါတယ်။

အဖြစ်အများဆုံးကတော့ ခိုးမှုဖြစ်ပြီး ပြည်သူတွေရဲ့မလုံခြုံမှုတွေက နေ့စဉ်နဲ့အမျှ မြင့်တက်လို့လာနေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဩဂုတ်လ ၁၆ ရက်ညမှာလည်း မောင်တောမြို့ပေါ်မှာတစ်မှုနဲ့ ကျေက်တော်မြို့နယ် အပေါ်က်ဝကျေးရွာမှာတစ်မှု ခိုးမှုနစ်ခုဖြစ်ပွားခဲ့ပါတယ်။

မောင်တောကအမှုမှာတော့ အိမ်ရှင်မျိုးသမီးကိုပါ darနဲ့ထိုးခဲ့တဲ့အတွက် ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သိရပြီး ငွေသား ကျပ်သိန်း ၂၀ နဲ့ ရွှေထည်ပစ္စည်းတွေလည်းဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အပေါက်ဝကျေးရွာအမှုမှာတော့ ရွှေချိန် ၁၀ ကျပ်သားကျော်နဲ့ ငွေသား ကျပ်သိန်း ၁၀၀ ကျော်အခိုးခံလိုက်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်အတွင်းက နေအိမ်တစ်အိမ်မှာ ညအချိန်သူခိုးအခိုးခံလိုက်ရတာကြောင့်

ငွေသားကျပ်သိန်း ၃၀၀ နဲ့ ရွှေည်ပစ္စည်းတွေအပါအဝင် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၇၀၀ ကျော်ဖိုးခန့်အခိုးခံလိုက်ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ခဲ့ပါတယ်။

အခုလို ခိုးဆိုးလုယ-က်မှုတွေဟာ ရခိုင်ပြည်နယ်အတွင်း နေ့စဉ်လိုလို ဖြစ်ပွားလေ့ရှိပြီး ဒီလိုပြည်သူတွေရဲ့ ရင်ဆိုင်နေရတဲ့ မလုံခြုံမှုတွေနဲ့ပတ်သက်လို့

လက်ရှိအာဏာစိုးမိုးမှုရှိနေတဲ့ ဒေသတွေက အာဏာပိုင်အဖွဲ့အစည်းတွေအပေါ်မှာ တာဝန်ရှိတယ်လို့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

ဓာတ်ပုံ-CJ

ပုံစာ-မနွယ်သန္တာ၀င်းရဲ့နာရေးကို သြဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့

Source – BBC Burmese











လူthetမှုဖြစ်ပွားခဲ့တဲ့ ဈေးဆိုင်လည်း မနေ့သြဂုတ် ၁၈ ရက်မှာ ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။












ဓာတ်ပုံ-CJ


Source – BBC Burmese