ဗဟုသုတ

သားသမီးများကို ပြုစုပျိုးထောင်တဲ့အခါ လွှဲမှားနေတဲ့ အယူအဆ တစ်ချို့…

သားသမီးမ်ားကို ျပဳစုပ်ဳိးေထာင္တဲ့အခါ လႊဲမွားေနတဲ့ အယူအဆ တစ္ခ်ဳိ႕…

သားသမီးမ်ားကိုု ေျခေမြးမီးမေလာင္၊ လက္ေမြးမီးမေလာင္ ထားႏိုုင္တာကိုု တင့္ေတာင့္တင့္တယ္ ထားႏိုုင္တယ္ ဆိုုၿပီး ဂုုဏ္ယူေနၾကတဲ့ မိဘမ်ား ေတြ႔ဖူးပါတယ္။ ဒါေပမဲ့ မိဘမ်ား သိထားဖိုု႔က…

ေခေမြးမီးမေလာင္၊ လက္ေမြးမီးမေလာင္ကေန ေျခေက်ာ မတင္း၊ လက္ေက်ာ မတင္းတဲ့ သားသမီးမ်ား ျဖစ္လာၾကမွာပါ။ အဲဒီအခါက်မွ ကယ္ပါလိုု႔ ေအာ္ရင္ အခ်ိန္ မမီေတာ့ပါဘူး။ သားသမီးကိုု ပိုုးေမြးေမြးသလိုု ထားတယ္ဆိုုၿပီး…

၀င့္ၾကြားတဲ့ မိဘမ်ား ေတြ႔ဖူးပါတယ္။ အဲဒီ မိဘမ်ားကိုု တစ္ခုုပဲ ေမးခ်င္ပါတယ္… ပိုုးကေလးကိုု ပိုုးေမြး ေမြးရင္ အေၾကာင္းမဟုုတ္ေပမဲ့… ပိုုးႀကီးလာတဲ့ အခါက်ရင္ ဘယ္လိုု ဆက္ေမြးရမလဲ… စဥ္းစားၿပီး ေျဖၾကားေပးၾကည့္ေစခ်င္ပါတယ္။

ကြ်န္ေတာ္တိုု႔ အမ်ားစုုဟာ ဆင္းရဲရင္ ဆင္းရဲသေလာက္ သားသမီးမ်ားကိုု လစ္လွဴရူ႕ ႏိုုင္ၾကၿပီး ခ်မ္းသာရင္ ခ်မ္းသာသလိုု သားသမီးမ်ား အေပၚ အကဲပိုု အလိုုလိုုက္ အခ်စ္ထက္ အႏွစ္က ပိုုတတ္ ၾကတယ္။

သင္ အလြန္ခ်မ္းသာတယ္၊ တိုုက္ႀကီးက ဟီးေနတာပဲ၊ သားသမီးမ်ားအတြက္ ဆယ္သက္ စားမကုုန္တဲ့ စည္းစိမ္ဥစၥာမ်ား ပိုုင္ဆိုုင္ထားပါတယ္။ အဲဒီေတာ့… မိဘမ်ားေရာ၊ သားသမီးမ်ားပါ လြတ္လြတ္လပ္လပ္၊ စိတ္ခ်လက္ခ် ၀င့္၀ါလိုု႔ ရပါၿပီ။

တစ္ခုုပဲေမးခ်င္တယ္… မ်ဳိးဆက္ သံုုးဆက္ထက္ ခ်မ္းသာတဲ့ မိသားစုု သင္ ေတြ႔ဖူးပါသလား။ ခ်မ္းသာတဲ့ မိသားစုု ေတာ္ေတာ္မ်ားမ်ား ဒီလိုု ခရီးသြားပါတယ္။ ပထမမ်ဳိးဆက္… အလြန္ႀကိဳးစားတယ္၊ ပိုုက္ဆံရွာတယ္၊ ပိုုက္ဆံစုုတယ္၊ စည္းကမ္းႀကီးတယ္၊

ဒုုတိယမ်ဳိးဆက္ဟာ… သူတိုု႔ရဲ႕ စည္းကမ္း တင္းၾကပ္မႈေအာင္မွာ ႀကီးျပင္းလာပါတယ္။ အဲဒီေတာ့ ပထမမ်ဳိးဆက္လိုုပဲ အလုုပ္ ဆက္လုုပ္ပါတယ္။ ထိန္းထိန္းသိမ္းသိမ္း ရိွပါတယ္။ အဲ… ငါတိုု႔မိဘတုုန္းက ငါတိုု႔ကိုု ေတာ္ေတာ္ တင္းၾကပ္ခဲ့တာပဲ၊

ငါတိုု႔သားသမီးက်ရင္ လြတ္လြတ္လပ္လပ္ ထားေတာ့မယ္ ဆိုုၿပီး… တတိယမ်ဳိးဆက္ကိုုလည္း ပ်ဳိးေထာင္လိုုက္ေရာ ျဖဳန္းတီးတဲ့ တတိရ မ်ဳိးဆက္ ျဖစ္လာေတာ့တာပါပဲ။ ပထမမ်ုုဳိးဆက္ဟာ… ရွာေဖြတဲ့မ်ဳိးဆက္ျဖစ္တယ္၊

ဒုုတိယမ်ဳိးဆက္ဟာ… ထိန္းသိမ္းတဲ့ မ်ဳိးဆက္ျဖစ္တယ္၊ တတိယမ်ဳိးဆက္ဟာ… ျဖဳန္းတီးတဲ့ မ်ဳိးဆက္ ျဖစ္သြားပါတယ္။ အေျခြအရံ ေပါမ်ားျခင္းကိုု မဂၤလာတစ္ပါးလိုု႔ ဆိုုပါတယ္… သားသမီးမ်ားကိုု အေျခြအရံ ေပါေပါမ်ားမ်ား ထားေပးရင္ေတာ့

သူတိုု႔ေလးေတြအတြက္ ေနာင္ခါမွာ အသံုုးမက်ဖိုု႔၊ ပ်က္ဆီးဖိုု႔ ေသေသခ်ာခ်ာ လမ္းခင္းေပးလိုုက္တာပါ။ မည္သည့္ ေအာင္ျမင္မႈမွ သားသမီးကို ေအာင္ျမင္ေအာင္ ပ်ဳိးေထာင္ႏိုုင္တာေလာက္

ဂုုဏ္ယူစရာ မေကာင္းပါ။ မည္သည့္ ဆံုုးရံူးမႈမွ သားသမီးကို ပ်ဳိးေထာင္တာ ဆံုုးရံူးသေလာက္ စိတ္ဆင္းရဲစရာ မေကာင္းပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သားသမီးများကို ပြုစုပျိုးထောင်တဲ့အခါ လွှဲမှားနေတဲ့ အယူအဆ တစ်ချို့…

သားသမီးများကို ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ထားနိုင်တာကို တင့်တောင့်တင့်တယ် ထားနိုင်တယ် ဆိုပြီး ဂုဏ်ယူနေကြတဲ့ မိဘများ တွေ့ဖူးပါတယ်။ ဒါပေမဲ့ မိဘများ သိထားဖို့က…

ခေမွေးမီးမလောင်၊ လက်မွေးမီးမလောင်ကနေ ခြေကျော မတင်း၊ လက်ကျော မတင်းတဲ့ သားသမီးများ ဖြစ်လာကြမှာပါ။ အဲဒီအခါကျမှ ကယ်ပါလို့ အော်ရင် အချိန် မမီတော့ပါဘူး။ သားသမီးကို ပိုးမွေးမွေးသလို ထားတယ်ဆိုပြီး…

ဝင့်ကြွားတဲ့ မိဘများ တွေ့ဖူးပါတယ်။ အဲဒီ မိဘများကို တစ်ခုပဲ မေးချင်ပါတယ်… ပိုးကလေးကို ပိုးမွေး မွေးရင် အကြောင်းမဟုတ်ပေမဲ့… ပိုးကြီးလာတဲ့ အခါကျရင် ဘယ်လို ဆက်မွေးရမလဲ… စဉ်းစားပြီး ဖြေကြားပေးကြည့်စေချင်ပါတယ်။

ကျွန်တော်တို့ အများစုဟာ ဆင်းရဲရင် ဆင်းရဲသလောက် သားသမီးများကို လစ်လှူရူ့ နိုင်ကြပြီး ချမ်းသာရင် ချမ်းသာသလို သားသမီးများ အပေါ် အကဲပို အလိုလိုက် အချစ်ထက် အနှစ်က ပိုတတ် ကြတယ်။

သင် အလွန်ချမ်းသာတယ်၊ တိုက်ကြီးက ဟီးနေတာပဲ၊ သားသမီးများအတွက် ဆယ်သက် စားမကုန်တဲ့ စည်းစိမ်ဥစ္စာများ ပိုင်ဆိုင်ထားပါတယ်။ အဲဒီတော့… မိဘများရော၊ သားသမီးများပါ လွတ်လွတ်လပ်လပ်၊ စိတ်ချလက်ချ ဝင့်ဝါလို့ ရပါပြီ။

တစ်ခုပဲမေးချင်တယ်… မျိုးဆက် သုံးဆက်ထက် ချမ်းသာတဲ့ မိသားစု သင် တွေ့ဖူးပါသလား။ ချမ်းသာတဲ့ မိသားစု တော်တော်များများ ဒီလို ခရီးသွားပါတယ်။ ပထမမျိုးဆက်… အလွန်ကြိုးစားတယ်၊ ပိုက်ဆံရှာတယ်၊ ပိုက်ဆံစုတယ်၊ စည်းကမ်းကြီးတယ်၊

ဒုတိယမျိုးဆက်ဟာ… သူတို့ရဲ့ စည်းကမ်း တင်းကြပ်မှုအောင်မှာ ကြီးပြင်းလာပါတယ်။ အဲဒီတော့ ပထမမျိုးဆက်လိုပဲ အလုပ် ဆက်လုပ်ပါတယ်။ ထိန်းထိန်းသိမ်းသိမ်း ရှိပါတယ်။ အဲ… ငါတို့မိဘတုန်းက ငါတို့ကို တော်တော် တင်းကြပ်ခဲ့တာပဲ၊

ငါတို့သားသမီးကျရင် လွတ်လွတ်လပ်လပ် ထားတော့မယ် ဆိုပြီး… တတိယမျိုးဆက်ကိုလည်း ပျိုးထောင်လိုက်ရော ဖြုန်းတီးတဲ့ တတိရ မျိုးဆက် ဖြစ်လာတော့တာပါပဲ။ ပထမမျိုုးဆက်ဟာ… ရှာဖွေတဲ့မျိုးဆက်ဖြစ်တယ်၊

ဒုတိယမျိုးဆက်ဟာ… ထိန်းသိမ်းတဲ့ မျိုးဆက်ဖြစ်တယ်၊ တတိယမျိုးဆက်ဟာ… ဖြုန်းတီးတဲ့ မျိုးဆက် ဖြစ်သွားပါတယ်။ အခြွေအရံ ပေါများခြင်းကို မင်္ဂလာတစ်ပါးလို့ ဆိုပါတယ်… သားသမီးများကို အခြွေအရံ ပေါပေါများများ ထားပေးရင်တော့

သူတို့လေးတွေအတွက် နောင်ခါမှာ အသုံးမကျဖို့၊ ပျက်ဆီးဖို့ သေသေချာချာ လမ်းခင်းပေးလိုက်တာပါ။ မည်သည့် အောင်မြင်မှုမှ သားသမီးကို အောင်မြင်အောင် ပျိုးထောင်နိုင်တာလောက်

ဂုဏ်ယူစရာ မကောင်းပါ။ မည်သည့် ဆုံးရူံးမှုမှ သားသမီးကို ပျိုးထောင်တာ ဆုံးရူံးသလောက် စိတ်ဆင်းရဲစရာ မကောင်းပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။