ကြွေသီးကွဲ ခြင်းအားပြုပြင်မှာမို့လို့ ရန်ကုန်မှာ နံနက်၇ နာရီကနေ ညနေ ၄ နာရီအထိ ၉ နာရီကြာ မီးပြတ်မယ်
ရန်ကုန်မှာ နံနက်၇ နာရီကနေ ညနေ ၄ နာရီအထိ ၉ နာရီကြာ မီးပြတ်မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC က ပြောပါတယ်
ရွှေလီ-မန်စံ အမှတ်(၂)ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ်(၂၁၅)၏ ကြွေသီးကွဲ ခြင်းအားပြုပြင်မှာမို့လို့ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် နံနက် ၇ နာရီမှညနေ ၄ နာရီအထိ မီးပြတ်မယ်လို့ပြောပါတယ်
ယင်းဓာတ်အားလိုင်းပြန်လည်ပြုပြင်နေချိန်၌ ဓာတ်အားစနစ်ကွန်ယက်အတွင်း ရွှေလီဓာတ်အားပေး စက်ရုံမှဓာတ်အားထုတ်လုပ်မှု(400)MW ခန့် လျော့နည်းမှာမို့လို့
ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသည့်အချိန်များ၌ မြို့နယ်နေရာအချို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်မည်ဟု YESC က ပြောတာပါ
အရေးကြီးနေရာများ၌ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထား ဆောင်ရွက်သွားမယ်လို့တော့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်
ေႂကြသီးကြဲ ျခင္းအားျပဳျပင္မွာမို႔လို႔ ရန္ကုန္မွာ နံနက္၇ နာရီကေန ညေန ၄ နာရီအထိ ၉ နာရီၾကာ မီးျပတ္မယ္
ရန္ကုန္မွာ နံနက္၇ နာရီကေန ညေန ၄ နာရီအထိ ၉ နာရီၾကာ မီးျပတ္မယ္လို႔ ရန္ကုန္ လၽွပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း YESC က ေျပာပါတယ္
ေရႊလီ-မန္စံ အမွတ္(၂)ဓာတ္အားလိုင္းရွိ တာဝါတိုင္အမွတ္(၂၁၅)၏ ေႂကြသီးကြဲ ျခင္းအားျပဳျပင္မွာမို႔လို႔ ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ နံနက္ ၇ နာရီမွညေန ၄ နာရီအထိ မီးျပတ္မယ္လို႔ေျပာပါတယ္
ယင္းဓာတ္အားလိုင္းျပန္လည္ျပဳျပင္ေနခ်ိန္၌ ဓာတ္အားစနစ္ကြန္ယက္အတြင္း ေရႊလီဓာတ္အားေပး စက္႐ုံမွဓာတ္အားထုတ္လုပ္မႈ(400)MW ခန႔္ ေလ်ာ့နည္းမွာမို႔လို႔
ရန္ကုန္တိုင္းအတြင္း လၽွပ္စစ္ဓာတ္အားသုံးစြဲဝန္အားမ်ားသည့္အခ်ိန္မ်ား၌ ၿမိဳ႕နယ္ေနရာအခ်ိဳ႕တြင္ အခ်ိန္ပိုင္းယာယီဓာတ္အားျပတ္ေတာက္မႈမ်ားျဖစ္ေပၚမည္ဟု YESC က ေျပာတာပါ
အေရးႀကီးေနရာမ်ား၌ လၽွပ္စစ္ ဓာတ္အားျပတ္ေတာက္မႈမရွိေစရန္ အေလးထား ေဆာင္ရြက္သြားမယ္လို႔ေတာ့ ထုတ္ျပန္ခ်က္ထဲေဖာ္ျပထားပါတယ္



