ထိုင်းကိုသွားရင်ဒါလေးတွေတော့သတိထားစေချင်တယ်မဲဆောက်မယ်ဆိုင်ကနေဗန်ကောက်ကိုတက်လာရင်ဟိုင်းဝေးပြေးတဲ့ဘတ်စ်ကားယာဉ်ကြီးတွေဂိတ်ဆုံးတဲ့နေရာက မော်ချစ်ဂိတ်ဗန်ကောက်ဖြစ်ပါတယ်ဘတ်စ်ကားရပ်နားတဲ့
နေရာတွေမှာဆိုင်ကယ်ကားအငှားယာဉ်မောင်းသူတွေကဘယ်သွားမလဲဘယ်လာမလဲကားရှိတယ်ဆိုင်ကယ်ရှိတယ်ဆိုပြီးအလုအယက်လာခေါ်လေ့ရှိတဲ့နေရာမှာသတိထားဖို့လိုပါတယ်။အဲဒီလိုကားရပ်ပြီဆိုအလုအယက်လာခေါ်တဲ့
လူအုပ်စုထဲမှာမှန်မှန်ကန်ကန်နဲ့လုပ်စားနေတဲ့သူထက်ဝိသမလောဘသမားတွေကပိုများပါတယ်အထူးသဖြင့်အမျိုးသမီးတစ်ယောက်ထဲခရီးသွားနေရင်ပိုဆိုးပါတယ်ဆိုင်ကယ်သမားတွေကအိတ်ကိုအလုအယက်ဆွဲယူတတ်ပြီး
ဆိုင်ကယ်ပေါ်အတင်းလိုက်ခိုင်းအောင် ခေါ်ယူလေ့ရှိပါတယ်ဆိုင်ကယ်ကယ်ရီသမားတွေထဲမှာအငှားဆိုင်ကယ်အင်္ကျီဝတ်ထားတဲ့သူတွေရှိသလိုအငှားဆိုင်ကယ်အင်္ကျီမဝတ်တဲ့သူတွေရှိပါတယ်သူတို့ခေါ်ရာနောက်လိုက်သွားမိပြီးဆိုရင်
မီတာ၁၀၀ လောက်ရှိတဲ့ခရီးကိုပတ်မောင်းပြီးမတန်မရာ တောင်းလေ့ရှိပါတယ်မော်ချစ်ဂိတ်ဗန်ကောက်ဟိုင်းဝေးပြေးတဲ့ဘတ်စ်ကားယာဉ်ကြီးတွေရပ်တဲ့နေရာကဗန်ကောက်မြို့ပြင်မှာဖြစ်နေပေမယ့်ဗန်ကောက်မြို့ရဲ့နေရာအစုံကိုသွားလို့ရတဲ့
အများပြည်သူစီးဘတ်စ်ကားဝင်းရှိတယ်ဗင်ကားဂိတ်ရှိတယ်ဘယ်သူကိုမှမေးစရာမလိုအောင် ကားဆင်းတဲ့နေရာနဲ့အနီးတဝိုက်မှာပဲရှိပါတယ်မဲဆောက်ကလာတဲ့ဘတ်စ်ကားထဲမှာမြန်မာရွှေ့ပြောင်းလုပ်သားတွေပါလာတတ်မြဲဖြစ်တာကြောင့်
အဲဒီဆိုင်ကယ်ကားကယ်ရီသမားတွေက လူအနေအထားကိုကြည့်ပြီး ခေါ်ယူပါတယ်။ မြန်မာမှန်းသေချာသိပြီးဆိုရင်ခြိမ်းခြောက်ခေါ်တာမျိုးလဲရှိပါတယ်ကားကယ်ရီသမားတွေဆိုရင်လဲမီတာနဲ့မဟုတ်ဘဲအကြောင်းမျိုးစုံပြောပြီး
ပုတ်ပြတ်ငှားခိုင်းတာတွေလုပ်တတ်ပါတယ်ကိုချစ်ဇွဲကပင်မြေကွင်းဆင်းစုံစမ်းတော့ မော်ချစ်ဗန်ကောက်ကားဝင်းရှိဆဲဗင်းရှေ့မှာအလိမ်ခံထိထားတဲ့အမျိုးသမီးငယ်လေး၅-၆ဦးကိုတွေ့ရတယ်မီတာ၁၀၀ လောက်သာရှိတဲ့
ခရီးကိုတစ်ယောက်ဆိုင်ကယ်ခ၂၀၀၊တစ်ယောက်က၁၀၀၊တစ်ယောက်က၈၀ဘတ်ဖြင့်ဆိုင်ကယ်သမားလိမ်ပြီးယူသွားကြတယ်ကျမကားစီးလာပြီး မော်ချစ်မှာဆင်းတယ်ဘတ်စ်ကားပေါ်ကဆင်းတော့တက္ကစီကားဆိုင်ကယ်ကယ်ရီသမားတွေကဘယ်သွားမလဲဘယ်သွားမလဲလာမေးကြတယ်
ကျမကဖလန်ဆောင်သွားမယ်လို့ပြောတယ်အဲဒါနဲ့ဗင်ကားသမားအယောင်ဆောင်ပြီး ဆိုင်ကယ်ကယ်ရီသမားကလာလာဗင်ကားရှိတဲ့နေရာကိုဆိုင်ကယ်နဲ့သွားရမယ်လို့ပြောပြီး၊ ကျမအိတ်ကိုအတင်းဆွဲယူသွားပြီးသူ့ဆိုင်ကယ်အရှေ့မှာတင်လိုက်တယ်။
အဲဒီနောက်ဟိုပတ်မောင်းဒီပတ်မောင်းနဲ့မဖွင့်သေးတဲ့ဗင်ကားဂိတ်ကားသွားရပ်ပေးတယ်သူရပ်ပေးတဲ့နေရာကဆဲဗင်းရှိတယ်အဲဒီဆဲဗင်းရှေ့မှာလဲလူ၄-၅ ယောက်ကကျမလိုပဲအလိမ်ခံထိတဲ့သူတွေကို တွေ့ရတယ်လို့ ပြောပါတယ်။
ဗန်ကောက်ကိုတက်လာပြီဆိုရင်မဖြစ်မနေဆိုင်ကယ်စီးရမယ်ဆိုရင် မော်ချစ်ဂိတ်ရဲ့အဝင်ပေါက်အထွက်ပေါက်တိုင်းမှာဆိုင်ကယ်ကယ်ရီဂိတ်ရှိပါတယ်လာခေါ်တဲ့အုပ်စုထဲမှာအငှားယာဉ်အက်ျီဝတ်ထားရင်လဲမယုံကြပါနဲ့၊
နောက်တချက်သတိထားလို့ရတာကကိုယ်စီးတဲ့ကားဆိုင်ကယ်နံပါတ်ပြားကို သေချာကြည့်ပါလိုင်စင်ရလူပို့ဆိုင်ကယ်ကားနံပါတ်ပြားတွေအဝါရောင်ဖြစ်ရပါမယ်အဖြူရောင်နံပါတ်ပြားဆိုရင်အိမ်သုံးအတွက်ပါကိုချစ်ဇွဲကပင်မြေ
zawgyi
ထိုင္းကိုသြားရင္ဒါေလးေတြေတာ့သတိထားေစခ်င္တယ္မဲေဆာက္မယ္ဆိုင္ကေနဗန္ေကာက္ကိုတက္လာရင္ဟိုင္းေဝးေျပးတဲ့ဘတ္စ္ကားယာဥ္ႀကီးေတြဂိတ္ဆုံးတဲ့ေနရာက ေမာ္ခ်စ္ဂိတ္ဗန္ေကာက္ျဖစ္ပါတယ္ဘတ္စ္ကားရပ္နားတဲ့
ေနရာေတြမွာဆိုင္ကယ္ကားအငွားယာဥ္ေမာင္းသူေတြကဘယ္သြားမလဲဘယ္လာမလဲကားရွိတယ္ဆိုင္ကယ္ရွိတယ္ဆိုၿပီးအလုအယက္လာေခၚေလ့ရွိတဲ့ေနရာမွာသတိထားဖို႔လိုပါတယ္။အဲဒီလိုကားရပ္ၿပီဆိုအလုအယက္လာေခၚတဲ့
လူအုပ္စုထဲမွာမွန္မွန္ကန္ကန္နဲ႕လုပ္စားေနတဲ့သူထက္ဝိသမေလာဘသမားေတြကပိုမ်ားပါတယ္အထူးသျဖင့္အမ်ိဳးသမီးတစ္ေယာက္ထဲခရီးသြားေနရင္ပိုဆိုးပါတယ္ဆိုင္ကယ္သမားေတြကအိတ္ကိုအလုအယက္ဆြဲယူတတ္ၿပီး
ဆိုင္ကယ္ေပၚအတင္းလိုက္ခိုင္းေအာင္ ေခၚယူေလ့ရွိပါတယ္ဆိုင္ကယ္ကယ္ရီသမားေတြထဲမွာအငွားဆိုင္ကယ္အကၤ်ီဝတ္ထားတဲ့သူေတြရွိသလိုအငွားဆိုင္ကယ္အကၤ်ီမဝတ္တဲ့သူေတြရွိပါတယ္သူတို႔ေခၚရာေနာက္လိုက္သြားမိၿပီးဆိုရင္
မီတာ၁၀၀ ေလာက္ရွိတဲ့ခရီးကိုပတ္ေမာင္းၿပီးမတန္မရာ ေတာင္းေလ့ရွိပါတယ္ေမာ္ခ်စ္ဂိတ္ဗန္ေကာက္ဟိုင္းေဝးေျပးတဲ့ဘတ္စ္ကားယာဥ္ႀကီးေတြရပ္တဲ့ေနရာကဗန္ေကာက္ၿမိဳ႕ျပင္မွာျဖစ္ေနေပမယ့္ဗန္ေကာက္ၿမိဳ႕ရဲ႕ေနရာအစုံကိုသြားလို႔ရတဲ့
အမ်ားျပည္သူစီးဘတ္စ္ကားဝင္းရွိတယ္ဗင္ကားဂိတ္ရွိတယ္ဘယ္သူကိုမွေမးစရာမလိုေအာင္ ကားဆင္းတဲ့ေနရာနဲ႕အနီးတဝိုက္မွာပဲရွိပါတယ္မဲေဆာက္ကလာတဲ့ဘတ္စ္ကားထဲမွာျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြပါလာတတ္ၿမဲျဖစ္တာေၾကာင့္
အဲဒီဆိုင္ကယ္ကားကယ္ရီသမားေတြက လူအေနအထားကိုၾကည့္ၿပီး ေခၚယူပါတယ္။ ျမန္မာမွန္းေသခ်ာသိၿပီးဆိုရင္ၿခိမ္းေျခာက္ေခၚတာမ်ိဳးလဲရွိပါတယ္ကားကယ္ရီသမားေတြဆိုရင္လဲမီတာနဲ႕မဟုတ္ဘဲအေၾကာင္းမ်ိဳးစုံေျပာၿပီး
ပုတ္ျပတ္ငွားခိုင္းတာေတြလုပ္တတ္ပါတယ္ကိုခ်စ္ဇြဲကပင္ေျမကြင္းဆင္းစုံစမ္းေတာ့ ေမာ္ခ်စ္ဗန္ေကာက္ကားဝင္းရွိဆဲဗင္းေရွ႕မွာအလိမ္ခံထိထားတဲ့အမ်ိဳးသမီးငယ္ေလး၅-၆ဦးကိုေတြ႕ရတယ္မီတာ၁၀၀ ေလာက္သာရွိတဲ့
ခရီးကိုတစ္ေယာက္ဆိုင္ကယ္ခ၂၀၀၊တစ္ေယာက္က၁၀၀၊တစ္ေယာက္က၈၀ဘတ္ျဖင့္ဆိုင္ကယ္သမားလိမ္ၿပီးယူသြားၾကတယ္က်မကားစီးလာၿပီး ေမာ္ခ်စ္မွာဆင္းတယ္ဘတ္စ္ကားေပၚကဆင္းေတာ့တကၠစီကားဆိုင္ကယ္ကယ္ရီသမားေတြကဘယ္သြားမလဲဘယ္သြားမလဲလာေမးၾကတယ္
က်မကဖလန္ေဆာင္သြားမယ္လို႔ေျပာတယ္အဲဒါနဲ႕ဗင္ကားသမားအေယာင္ေဆာင္ၿပီး ဆိုင္ကယ္ကယ္ရီသမားကလာလာဗင္ကားရွိတဲ့ေနရာကိုဆိုင္ကယ္နဲ႕သြားရမယ္လို႔ေျပာၿပီး၊ က်မအိတ္ကိုအတင္းဆြဲယူသြားၿပီးသူ႕ဆိုင္ကယ္အေရွ႕မွာတင္လိုက္တယ္။
အဲဒီေနာက္ဟိုပတ္ေမာင္းဒီပတ္ေမာင္းနဲ႕မဖြင့္ေသးတဲ့ဗင္ကားဂိတ္ကားသြားရပ္ေပးတယ္သူရပ္ေပးတဲ့ေနရာကဆဲဗင္းရွိတယ္အဲဒီဆဲဗင္းေရွ႕မွာလဲလူ၄-၅ ေယာက္ကက်မလိုပဲအလိမ္ခံထိတဲ့သူေတြကို ေတြ႕ရတယ္လို႔ ေျပာပါတယ္။
ဗန္ေကာက္ကိုတက္လာၿပီဆိုရင္မျဖစ္မေနဆိုင္ကယ္စီးရမယ္ဆိုရင္ ေမာ္ခ်စ္ဂိတ္ရဲ႕အဝင္ေပါက္အထြက္ေပါက္တိုင္းမွာဆိုင္ကယ္ကယ္ရီဂိတ္ရွိပါတယ္လာေခၚတဲ့အုပ္စုထဲမွာအငွားယာဥ္အက္်ီဝတ္ထားရင္လဲမယုံၾကပါနဲ႕၊
ေနာက္တခ်က္သတိထားလို႔ရတာကကိုယ္စီးတဲ့ကားဆိုင္ကယ္နံပါတ္ျပားကို ေသခ်ာၾကည့္ပါလိုင္စင္ရလူပို႔ဆိုင္ကယ္ကားနံပါတ္ျပားေတြအဝါေရာင္ျဖစ္ရပါမယ္အျဖဴေရာင္နံပါတ္ျပားဆိုရင္အိမ္သုံးအတြက္ပါကိုခ်စ္ဇြဲကပင္ေျမ
credit