ၾကားသိရသမွ်

ဟောဗျာ…ခုန်ချပြန်ပြီ နောက်တစ်ဦး

ဟောဗျာ…ခုန်ချပြန်ပြီ နောက်တစ်ဦး

ရန်ကုန်မြို့ အင်းလျားကန်ထဲသို့ လူတစ်ဦးခုန်ချ

ရန်ကုန်မြို့ အင်းလျားကန်ထဲသို့ လူတစ်ဦးခုန်ချသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းယားကန်တွင် လူတစ်ဦးခုန်ချကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်အထိ အလောင်းမတွေ့ရှိရသေးကြောင်း ကူညီကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ပရဟိတအသင်းထံမှ သိရသည်။ ဆက်လက်သိရှိရသည်များကို ဖော်ပြသွားပါမည်။

Eleven Media Group






Eleven Media Group