ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ
စစ်ကောင်စီ၏ ဗဟိုဘဏ်က သတ်မှတ်ထားသော အမေရိကန်ဒေါ်လာ တန်ဖိုးကို ပြောင်းလဲရန် (သို့မ ဟုတ်)
စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် ပြန်ထားရန် UMFCCI နှင့် စက်သုံးဆီ လုပ်ငန်းရှင်များက စစ်ကောင်စီကို အကြံပြုထားကြောင်း သိရှိရသည်။
အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၄၀၀ ကျပ်အထိ ထိုးတက်ပြီးနောက် စစ်ကောင်စီ၏ ဗဟိုဘဏ်၊ UMFCCI ၊
ပုဂ္ဂလိကဘဏ်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိရာ
စီးပွားရေးသမားများက ငွေလဲနှုန်းကို စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် ပြန်လည် ထားရှိရန် (သို့မဟုတ်)
စျေးကွက်ပေါက်စျေးနှင့်နီး စပ်သော ရည်ညွှန်းစျေးနှုန်း ပြောင်းလဲရန် အကြံပြုကြကြောင်း သိရှိရသည်။
” ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်တွေက စျေးကွက်ပေါက်စျေးနဲ့ သတ်မှတ်စျေးနှုန်းဟနေတယ်။
အဲဒါကြောင့် အလုပ်လုပ်လို့မရဘူး။ အဲဒီတော့ ငွေလဲနှုန်းကို နှုန်းရှင် ပြန်ပြောင်းဖို့ ပြောတယ်။
ဗဟိုဘဏ်ဘက်ကလည်း နှုန်းရှင်တော့ ပြန် မပြောင်းနိုင်ဘူး။ သူတို့ ထိန်းမနိုင်ဘဲ စျေးတွေ တက်လာမှာ ကြောက်တယ်။
တစ်ဖက်မှာလည်း ဒေါ်လာက ဝင်ငွေ နည်းနေတာ သူတို့ဝန်ခံတယ်။ အကျပ်ရိုက်နေတယ်။
အဲဒီတော့ အခု Hybrid သွားဖို့ ဆွေးနွေးတာရှိပါတယ်။ သတ်မှတ်စျေးကို ထပ်ပြောင်းမယ်။ မူဝါဒတွေ ထပ်ဖြည်လျှော့မယ်။
သူတို့ ၅၀ ရာခိုင်နှုန်းထိန်းမယ်၊ စျေးကွက်ကိုလည်း ၅၀ ရာခိုင်နှုန်းလွှတ်ပေးမယ်။
အဲဒီလိုတော့ ပြောသံကြားရပါတယ် ” ဟု ရန်ကုန်စီးပွားရေးသမားက ပြောသည်။
စစ်ကောင်စီက လက်ရှိ သတ်မှတ်ထားသော တစ်ဒေါ်လာ ၂၁၀၀ ကျပ်ကို တစ်ဒေါ်လာ ၂၅၀၀ ကျပ် (သို့မဟုတ်)
၂၇၀၀ သို့ ပြောင်းလဲ ပြင်ဆင်ရန် အလားအလာရှိကြောင်း၊ ထို့ပြင် စက်သုံးဆီ တင်သွင်းမှုများကို လျှော့ချပြီး မလိုအပ်သော သွင်းကုန်များ
ပိတ်ပင်ရန်၊ ပို့ကုန်များ တိုးမြှင့်ရေး အမြန်ဆုံးစနစ်တစ်ခုထူထောင်ပြီး စီးပွားရေး မြှင့်တင်ရန်၊ ပို့ကုန်ရငွေများကို စစ်တပ်က
သိမ်းယူမှု ရာခိုင်နှုန်း ထပ်မံလျှော့ချရန် ဆွေးနွေးနေကြကြောင်း၊ သို့ရာတွင် စီးပွားရေး ပြိုကျပျက်စီးခြင်း၏ အဓိက အကြောင်းတရားဖြစ်သော
နိုင်ငံရေး အခြေအနေဆိုးဝါးမှုနှင့် စစ်အာဏာသိမ်းမှုအပေါ် ထည့်သွင်းဆွေးနွေးမှုမရှိဟု သိရှိရသည်။
credit,
zawgyi,
ဗဟိုဘဏ္ ဒုတိယ ဥကၠ႒ ေဒၚသန္းသန္းေဆြ
စစ္ေကာင္စီ၏ ဗဟိုဘဏ္က သတ္မွတ္ထားေသာ အေမရိကန္ေဒၚလာ တန္ဖိုးကို ေျပာင္းလဲရန္ (သို႔မ ဟုတ္)
ေစ်းကြက္ေပါက္ေစ်းအတိုင္း ႏႈန္းရွင္ ျပန္ထားရန္ UMFCCI ႏွင့္ စက္သုံးဆီ လုပ္ငန္းရွင္မ်ားက စစ္ေကာင္စီကို အႀကံျပဳထားေၾကာင္း သိရွိရသည္။
အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၃၄၀၀ က်ပ္အထိ ထိုးတက္ၿပီးေနာက္ စစ္ေကာင္စီ၏ ဗဟိုဘဏ္၊ UMFCCI ၊
ပုဂၢလိကဘဏ္မ်ားႏွင့္ သြင္းကုန္လုပ္ငန္းရွင္မ်ားအၾကား ေဆြးေႏြးမႈမ်ား လုပ္ေဆာင္လ်က္ရွိရာ
စီးပြားေရးသမားမ်ားက ေငြလဲႏႈန္းကို ေစ်းကြက္ေပါက္ေစ်းအတိုင္း ႏႈန္းရွင္ ျပန္လည္ ထားရွိရန္ (သို႔မဟုတ္)
ေစ်းကြက္ေပါက္ေစ်းႏွင့္နီး စပ္ေသာ ရည္ၫႊန္းေစ်းႏႈန္း ေျပာင္းလဲရန္ အႀကံျပဳၾကေၾကာင္း သိရွိရသည္။
” ဒီဘက္က စီးပြားေရးလုပ္ငန္းရွင္ေတြက ေစ်းကြက္ေပါက္ေစ်းနဲ႔ သတ္မွတ္ေစ်းႏႈန္းဟေနတယ္။
အဲဒါေၾကာင့္ အလုပ္လုပ္လို႔မရဘူး။ အဲဒီေတာ့ ေငြလဲႏႈန္းကို ႏႈန္းရွင္ ျပန္ေျပာင္းဖို႔ ေျပာတယ္။
ဗဟိုဘဏ္ဘက္ကလည္း ႏႈန္းရွင္ေတာ့ ျပန္ မေျပာင္းႏိုင္ဘူး။ သူတို႔ ထိန္းမႏိုင္ဘဲ ေစ်းေတြ တက္လာမွာ ေၾကာက္တယ္။
တစ္ဖက္မွာလည္း ေဒၚလာက ဝင္ေငြ နည္းေနတာ သူတို႔ဝန္ခံတယ္။ အက်ပ္႐ိုက္ေနတယ္။
အဲဒီေတာ့ အခု Hybrid သြားဖို႔ ေဆြးေႏြးတာရွိပါတယ္။ သတ္မွတ္ေစ်းကို ထပ္ေျပာင္းမယ္။ မူဝါဒေတြ ထပ္ျဖည္ေလွ်ာ့မယ္။
သူတို႔ ၅၀ ရာခိုင္ႏႈန္းထိန္းမယ္၊ ေစ်းကြက္ကိုလည္း ၅၀ ရာခိုင္ႏႈန္းလႊတ္ေပးမယ္။
အဲဒီလိုေတာ့ ေျပာသံၾကားရပါတယ္ ” ဟု ရန္ကုန္စီးပြားေရးသမားက ေျပာသည္။
စစ္ေကာင္စီက လက္ရွိ သတ္မွတ္ထားေသာ တစ္ေဒၚလာ ၂၁၀၀ က်ပ္ကို တစ္ေဒၚလာ ၂၅၀၀ က်ပ္ (သို႔မဟုတ္)
၂၇၀၀ သို႔ ေျပာင္းလဲ ျပင္ဆင္ရန္ အလားအလာရွိေၾကာင္း၊ ထို႔ျပင္ စက္သုံးဆီ တင္သြင္းမႈမ်ားကို ေလွ်ာ့ခ်ၿပီး မလိုအပ္ေသာ သြင္းကုန္မ်ား
ပိတ္ပင္ရန္၊ ပို႔ကုန္မ်ား တိုးျမႇင့္ေရး အျမန္ဆုံးစနစ္တစ္ခုထူေထာင္ၿပီး စီးပြားေရး ျမႇင့္တင္ရန္၊ ပို႔ကုန္ရေငြမ်ားကို စစ္တပ္က
သိမ္းယူမႈ ရာခိုင္ႏႈန္း ထပ္မံေလွ်ာ့ခ်ရန္ ေဆြးေႏြးေနၾကေၾကာင္း၊ သို႔ရာတြင္ စီးပြားေရး ၿပိဳက်ပ်က္စီးျခင္း၏ အဓိက အေၾကာင္းတရားျဖစ္ေသာ
ႏိုင္ငံေရး အေျခအေနဆိုးဝါးမႈႏွင့္ စစ္အာဏာသိမ္းမႈအေပၚ ထည့္သြင္းေဆြးေႏြးမႈမရွိဟု သိရွိရသည္။
credit,