ၾကားသိရသမွ်

ဒူဘိုင်းမှာပိတ်မိနေတဲ့ အမျိုးသမီးလေးရှစ်ဦးအတွက် ပူပန်နေသူတွေ ဒါလေးဖတ်ကြည့်ပါ

ဒူဘိုင်းမှာပိတ်မိနေတဲ့ အမျိုးသမီးလေးရှစ်ဦးအတွက် ပူပန်နေသူတွေ ဒါလေးဖတ်ကြည့်ပါ

လူမှုကွန်ရက်တွင် အကူအညီတောင်းခံခဲ့သည့် ဒူဘိုင်းရောက် အမျိုးသမီး ရှစ်ဦး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Facebook လူမှုကွန်ရက်တွင် Khaing Lay အကောင့်အမည်ဖြင့် ဒူဘိုင်းတွင် မြန်မာအမျိုးသမီး ရှစ်ဦး ဒုက္ခရောက်နေ၍ ကူညီပေးရန် တောင်းဆိုသည့် ဗွီဒီယိုဖိုင်တစ်ခုကို သြဂုတ် ၂၅ ရက်က ထုတ်လွှင့်ခဲ့သည်ကို တွေ့ရှိရပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍

ရီရတ်ဒ်မြို့ မြန်မာသံရုံး အနေဖြင့် ကာယကံရှင် အမျိုးသမီး ရှစ်ဦးရှိရာ ဒူဘိုင်းမြို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းကာ ၎င်းတို့အား ခေါ်ဆောင်လာခဲ့သော ပွဲစားဆိုသူနှင့် ကာယကံရှင်များအကြား ညှိနှိုင်းဆောင်ရွက်မှုများကို သြဂုတ် ၂၆ ရက်တွင် ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာသံရုံးအနေဖြင့် ယူအေအီးနိုင်ငံမှ တာဝန်ရှိသူများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အမျိုးသမီး ရှစ်ဦးမြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိနိုင်ရေးအတွက်လည်း ဒူဘိုင်းမြို့ရှိ မြန်မာ့လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

ဒူဘိုင္းမွာပိတ္မိေနတဲ့ အမ်ိဳးသမီးေလးရွစ္ဦးအတြက္ ပူပန္ေနသူေတြ ဒါေလးဖတ္ၾကည့္ပါ

လူမႈကြန္ရက္တြင္ အကူအညီ​ေတာင္းခံခဲ့သည့္ ဒူဘိုင္း​​ေရာက္ အမ်ိဳးသမီး ရွစ္ဦး ျမန္မာႏိုင္ငံသို႔ ျပန္လည္ ထြက္ခြာႏိုင္​ေရး စီစဥ္​ေဆာင္႐ြက္လ်က္ရွိ​​ေၾကာင္း ႏိုင္ငံျခား​ေရးဝန္ႀကီးဌာန ထုတ္ျပန္

Facebook လူမႈကြန္ရက္တြင္ Khaing Lay အေကာင့္အမည္ျဖင့္ ဒူဘိုင္းတြင္ ျမန္မာအမ်ိဳးသမီး ရွစ္ဦး ဒုကၡေရာက္ေန၍ ကူညီေပးရန္ ေတာင္းဆိုသည့္ ဗြီဒီယိုဖိုင္တစ္ခုကို ၾသဂုတ္ ၂၅ ရက္က ထုတ္လႊင့္ခဲ့သည္ကို ေတြ႕ရွိရၿပီး အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍

ရီရတ္ဒ္ၿမိဳ႕ ျမန္မာသံ႐ုံး အေနျဖင့္ ကာယကံရွင္ အမ်ိဳးသမီး ရွစ္ဦးရွိရာ ဒူဘိုင္းၿမိဳ႕သို႔ ဆက္သြယ္စုံစမ္းေမးျမန္းကာ ၎တို႔အား ေခၚေဆာင္လာခဲ့ေသာ ပြဲစားဆိုသူႏွင့္ ကာယကံရွင္မ်ားအၾကား ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ားကို ၾသဂုတ္ ၂၆ ရက္တြင္ ျပဳလုပ္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာသံ႐ုံးအေနျဖင့္ ယူေအအီးႏိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္သြယ္ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ အဆိုပါ အမ်ိဳးသမီး ရွစ္ဦးျမန္မာႏိုင္ငံသို႔ အျမန္ဆုံး ျပန္လည္ ေရာက္ရွိႏိုင္ေရးအတြက္လည္း ဒူဘိုင္းၿမိဳ႕ရွိ ျမန္မာ့လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းစီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Eleven Media Group