အခုညနေ့မြင်းလှည်းနဲ့ ဧည်သယ်ကို sunset ကုန်ပို့ပြီးအပြန် ဓမ္မရံကြီးဘုရားရဲ့
အနောက်ဘက် တောလမ်းမှာ ပိုက်ဆံအိပ်တစ်လုံးတွေ့တယ်…
ကျွန်တော်လဲ ပိုက်ဆံအိပ်ကို ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံတွေအများကြီးပဲဒါနဲ့ ကျွန်တော်လဲ ဓာတ်ပုံရိုက်ထားတယ်..
အိမ်ရောက်ရင် Face Book တင်ပြီးပိုင်ရှင်ကိုတွေ့ရင်ပြန်ပေးမယ်လို့ စဉ်းစားပြီး မောင်းလာခဲ့တာပေါ့…
ဇီးရိပ်အကြော်ဆိုင်နားရောက်တော့ E- Bike နဲ့အတွဲတစ်တွဲ ပြာပြာဟိုကြည့် ဒီကြည့်နဲ့ချွေးတွေလဲ ပြန်နေတာ့ သတိထားမိတာ

ဒါနဲ့ကျွန်တော်လဲ အကိုရေဘာဖြစ်လို့လဲဗျ လို့မေးတော့ပိုက်ဆံအိတ် ပျောက်လို့လိုက်ရှာနေတာတဲ့ ကျွန်တော်လဲ အကိုတို့
ပိုက်ဆံ အိပ်ကဘာရောင်လဲ လို့မေးလိုက်တော့ကောင်မလေးကပြောတယ်…
အစိမ်းရောင်တဲ့ ကျွန်တော်လဲ လှည်းပေါ်ကနေပြလိုက်တယ် ဒါလားဆိုတော့ ဟုတ်တယ်တဲ့အဲ့ဒါနဲ့ ကျွန်တော်ပြန်ပေးလိုက်တယ်…
သူတို့တော်တော်ပျော်သွားကြတယ် ကျွန်တော်ကို ကျေးဇူးတင်လို့ဆိုပီးမုန့်ဖိုး တစ်သောင်း ထုတ်ပေးသွားတယ်ဗျာ…
ဒီနေ့မြင်းလှည်း မောင်းလို့ရတာ ၈၀၀၀ ထောင်နဲ့ သူတို့ပေးတဲ့ မုန့်ဖိုးတစ်သောင်းနဲ့ဆို ၁၈၀၀၀ ရခဲ့တယ်
ဒီနေ့အတွက်တော့ သူတို့လဲအဆင်ပြေသွားတယ် ကျွန်တော်လဲ အဆင်ပြေတယ်…
#baganlover
zawgyi
အခုညေန႔ျမင္းလွည္းနဲ႔ ဧည္သယ္ကို sunset ကုန္ပို႔ၿပီးအျပန္ ဓမၼရံႀကီးဘုရားရဲ႕
အေနာက္ဘက္ ေတာလမ္းမွာ ပိုက္ဆံအိပ္တစ္လုံးေတြ႕တယ္…
ကြၽန္ေတာ္လဲ ပိုက္ဆံအိပ္ကို ဖြင့္ၾကည့္လိုက္ေတာ့ ပိုက္ဆံေတြအမ်ားႀကီးပဲဒါနဲ႔ ကြၽန္ေတာ္လဲ ဓာတ္ပုံ႐ိုက္ထားတယ္..
အိမ္ေရာက္ရင္ Face Book တင္ၿပီးပိုင္ရွင္ကိုေတြ႕ရင္ျပန္ေပးမယ္လို႔ စဥ္းစားၿပီး ေမာင္းလာခဲ့တာေပါ့…
ဇီးရိပ္အေၾကာ္ဆိုင္နားေရာက္ေတာ့ E- Bike နဲ႔အတြဲတစ္တြဲ ျပာျပာဟိုၾကည့္ ဒီၾကည့္နဲ႔ေခြၽးေတြလဲ ျပန္ေနတာ့ သတိထားမိတာ
ဒါနဲ႔ကြၽန္ေတာ္လဲ အကိုေရဘာျဖစ္လို႔လဲဗ် လို႔ေမးေတာ့ပိုက္ဆံအိတ္ ေပ်ာက္လို႔လိုက္ရွာေနတာတဲ့ ကြၽန္ေတာ္လဲ အကိုတို႔
ပိုက္ဆံ အိပ္ကဘာေရာင္လဲ လို႔ေမးလိုက္ေတာ့ေကာင္မေလးကေျပာတယ္…
အစိမ္းေရာင္တဲ့ ကြၽန္ေတာ္လဲ လွည္းေပၚကေနျပလိုက္တယ္ ဒါလားဆိုေတာ့ ဟုတ္တယ္တဲ့အဲ့ဒါနဲ႔ ကြၽန္ေတာ္ျပန္ေပးလိုက္တယ္…
သူတို႔ေတာ္ေတာ္ေပ်ာ္သြားၾကတယ္ ကြၽန္ေတာ္ကို ေက်းဇူးတင္လို႔ဆိုပီးမုန႔္ဖိုး တစ္ေသာင္း ထုတ္ေပးသြားတယ္ဗ်ာ…
ဒီေန႔ျမင္းလွည္း ေမာင္းလို႔ရတာ ၈၀၀၀ ေထာင္နဲ႔ သူတို႔ေပးတဲ့ မုန႔္ဖိုးတစ္ေသာင္းနဲ႔ဆို ၁၈၀၀၀ ရခဲ့တယ္
ဒီေန႔အတြက္ေတာ့ သူတို႔လဲအဆင္ေျပသြားတယ္ ကြၽန္ေတာ္လဲ အဆင္ေျပတယ္…
#baganlover



