သင့်ဖုန်းထဲမှာ သိမ်းထားပါ သွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ်းများ
အလွယ်ကူဆုံး အသုံးဝင်မယ့် အစွမ်းထက် လိမ်းဆေးလေးများသွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ်းများ
အလွယ်ကူဆုံး အသုံးဝင်မယ့် အစွမ်းထက် လိမ်းဆေးလေးများ (သိမ်းထားပါ)
၁။ကွမ်းရွက်
ကွမ်းရွက်အရိုးကိုထုခြေ၍မျက်ခမ်းတစ်လျောက်အပေါ်အောက်သုတ်လိမ်းပေးခြင်းကိုတစ်နေ့သုံးကြိမ်ပြုလုပ်ပေးပါက..မျက်သားယားယံခြင်း၊မျက်စိနာခြင်းတို့သက်သာပျောက်ကင်းစေပါသည်။
၂။ကွမ်းသီး
အနာပေါက်ရောဂါများ၌ကွမ်းသီးကိုသွေး၍လိမ်းပေးနိုင်ပါသည်။အပူလောင်ပြည်ဖုနာများ၌ကွမ်းသီးနဲ့ကြက်ချေးကိုသွေးလိမ်းပေးလျှင်ပျောက်ကင်းစေနိုင်ပါသည်။အမာရွတ်ပျောက်စေရန် ကွမ်းသီးအား ရေဖြင့်သွေးလိမ်းပါ။
၃။ကွမ်းစားဂမုန်း
ကွမ်းစားဂမုန်းဥကိုသနပ်ခါးနှင့်ရောပြီးလိမ်းပေးပါက မျက်နှာတွင်အဆီထွက်ခြင်းမှသက်သာစေပါသည်။အဖုအကြိတ်အမျိုးမျိုးတွင်ကွမ်းစားဂမုန်းဥကိုသွေး၍လိမ်းပေးပါကအဖုအကျိတ်များကြေစေပါသည်။
ကွမ်းစားဂမုန်းဥကိုသွေး၍လိမ်းပေးပါကအမွှေးနံသာအဖြစ်လည်ကောင်းခေါင်းလျှော်ရာတွင်လည်ကောင်းထည့်သွင်းအသုံးပြု နိုင်ပါသည်။
၄။ကြောင်လျှာ
လေဖြတ်၍တစ်ခြမ်းသေ၊တစ်ပိုင်းသေ၊ထုံကျဉ်နာ၊ ချည့်နဲ့သောသူများသည်ကြောင်လျှာမြစ်၊ကြောင်လျှာခေါက်တို့ကိုသွေးလိမ်းပေးခြင်းဖြင့်ရောဂါဝေဒနာသက်သာစေနိုင်သည်။
ဖောရောင်ခြင်းကိုလည်းပျောက်ကင်းစေနိုင်သည်။အနာဝင်၍ငန်းမန်းလိုက်ပါကကြောင်လျှာမြစ်ကိုသွေးလိမ်းပေးနိုင်ပါသည်။
၅။ကြက်ဟင်းခါး
ကြက်ဟင်းခါးသီး အခြောက်ကိုသွေးလိမ်းပေးခြင်းဖြင့်လည်ပင်းရောင်ရောဂါသက်သာပျောက်ကင်းစေနိုင်ပါသည်။
အရေပြား၌ယားနာအမျိုးမျိုးပေါက်ခဲ့သော်…
ကြက်ဟင်းခါးပင်ပဉ္စငါးပါး၊သစ်ကြပိုးခေါက်၊ပိတ်ချင်းနှင့်ဗာဒံစေ့တို့ကိုရောကြိတ်၍လိမ်းပေးနိုင်ပါသည်။အဆစ်မြစ်ရောင်ရမ်းသော်ကြက်ဟင်းခါးသီးနုများ၏သတ္တုရည်ကိုမီးဖြင့်နွေးရုံအပူပေး၍လည်းလိမ်းပေးသင့်၏။
ခြေဆစ်လက်ဆစ်ဖောရောင်သော်…
ကြက်ဟင်းခါးရွက်ကိုထောင်း၍..ဂုံညင်းဆံနှင့်ကန့်ဘလူဥကိုဆန်ဆေးရေဖြင့်သွေး၍ရောကာလိမ်းပေးခြင်းဖြင့်အဖောရောင်များသက်သာစေပါ၏။
၆။ကြက်သဟင်း
ကြက်သဟင်းမြစ်ကိုဆန်ဆေးရည်နှင့်သွေးလိမ်းပေးပါ အဖုအကျိတ်၊အနာပေါက်ရောဂါများကိုပျောက်ကင်းစေပါသည်။အဆိပ်ရှိသောပိုးမွှားများအကိုက်ခံရလျှင်လည်း၎င်းဆေးရည်ကို လိမ်းပေးနိုင်ပါသည်။
၇။ကြက်သြန္နီ
နေပူရှိန်ရှိန်ထဲသွားလာမိခြင်းကြောင့်နေပူလောင်ခဲ့သော်ကြက်သွန်နီသတ္တုရည်ကိုလိမ်းပေးသင့်၏။အလွန်ယားယံသောအရေပြားရောဂါများတွက်လည်း၎င်းဆေးရည်ကို လိမ်းပေးလျှင်သက်သာပျောက်ကင်းစေ၏။
ကင်း၊ခွေးနှင့်အဆိပ်ရှိသောသတ္တဝါများအကိုက်ခံရ၍အဆိပ်တက်လျှင်လည်းကြက်သွန်နီဥသတ္တုရည်ကိုဒဏ်ရာနေရာတွင်လိမ်းပေးရုံဖြင့်အဆိပ်များ ပြေလျော့သက်သာစေပါမည်။
၈။ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ဥ၊လေးညှင်းနှင့်နှမ်းဆီတို့ကိုရောစပ်၍ကျိုချက်လိမ်းပေးပါလျှင်ကိုယ်လက်ကိုက်ခဲခြင်း၊နားပြည်ယိုခြင်းစသည့်ရောဂါဝေဒနာများသက်သာစေနိုင်ပါသည်။
၉။ကြံ
ကျတ်ပတီးနာရှိသူများအားကြံရည်နှင့်ဖန်းခါးသီးသတ္တုရည်တို့ကိုရော၍အနာများကိုလိမ်းပေးလျှင်သက်သာပျောက်ကင်းနိုင်ပါသည်။
၁၀။ကန်စွန်း
ငန်းမန်း ရှိသောအနာကိုကန်စွန်းရွက်နှင့်ဘူးရွက်ရောစပ်၍သတ္တုရည်ညှစ်ပြီးအနာကိုဆွတ်လိမ်းပေးခြင်းဖြင့်အညှော်၊ငန်းမန်းကိုကျစေနိူင်၏။
မီးလောင်နာ၊ အပူလောင်နာတို့တွက်လည်းကန်စွန်းရွက်သတ္တု ရည်နှင့်သကြားရောစပ်၍လိမ်းပေးခြင်းဖြင့်သက်သာပျောက်ကင်းစေပါသည်။
Thura Htay Aung
အမျိုးသမီးများအသက် ကရမက်တဲ့ ကရမက်က ဘာတွေကောင်းလဲ
“နံ့သာဖြူ နံ့ သာနီ အကျော်စမ္မာ ကရမက်ဆိုတဲ့ နံ့သာငါး မျိုးစာရင်းဝင်”
ကရမက် အကြောင်းရှင်းပြပါရစေ…
ကရမ က် ကအေးခါး အရသာနဲ့ အပူကို စုပ်ယူပေးနိုင် တဲ့ဆေးပါ ရေဓါတ်ခမ်းခြောက် အပူများလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်တွင်းအောင်း ပူတွေဟာ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ပြတတ်ကြပါတယ်။
တစ်ချို့က အပူအစပ်စား အအေးသောက်လို့ မထွက်ရတဲ့ အခိုးတွေစုဖွဲ့ တာ တစ်ချို့က ကံ စိတ်ဥတု အာဟာရ တစ်မျိုးမျိုးကြောင့် အကြိတ် အဖု ရည်ကြည်အိတ်နဲ့ ဆီးအိမ်နားက စုဖွဲ့ပူလို့ ခြေဖဝါးကစူးတာမျိုး
မီးယပ်အမျိုးမျိုးနဲ့ ရာသီသွေးဆုံးခါ နီးဖြစ်တဲ့ အရေပြားပေါ်က အကွက်တွေ ခန္ဓာကိုယ်ယားယံတာတွေ ပျောက်ကင်းစေ ပါတယ်။
ရေကိုဝအောင်ချိူး ပြီးရင် ကရမက်လေး ရေကြဲလေးလိမ်း အပူထွက်ပြီး အပူအောင်းတာသက်သာတော့ အဖုအကြိတ် အရည်ကြည်အိတ် စတာတွေ သက်သာတယ်။
ရေကိုဝအောင်ချိုးပြီး ကရမ က်လေး ကိုသွေးပြီး လျက်ပေးရင်လည်း လျှာကနေတစ်ကိုယ်လုံးကအကြောတွေ ဆီရောက်ပြီး ကျန်းမာသက်ရှည် အပူအခိုးကင်းစေ ပါတယ်။
သွေးလိမ်းတာပဲဖြစ်ဖြစ်သောက် တာပဲဖြစ်ဖြစ် သလိပ်ကြေစေတယ် နှလုံးရောဂါ ဆီးရောဂါနဲ့ ညောင်းကျရောဂါတွေလည်း ပျောက်ကင်းစေပါတယ် အပူများသူတွေ နေပူမီးပူထဲ အလုပ်လုပ်ရသူတွေအတွက် အကောင်းဆုံးက ကရမက်ပါ။
နေ့စဉ် ကရမက်လေးအသုံးပြုဖို့ တိုက်တွန်းပါရစေ…
ဆေးဖက်အသုံးဝင်ပုံ
“ဆီး ( ပူ၊ နည်း၊ ဝါ) ၊ ကျောက်ကပ်တွင်း အပူအောင်းပြီး ခါးနာခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးတွင်သွေးပါခြင်း”အတွက် ကရမက်ကို ဆန်ဆေးရည် ဒုတိယရေကြည် နှင့် ရောသွေးပါ။ ဟင်းစားဇွန်း (၁) ဇွန်းခန့်၊ တစ်နေ့ (၃) ကြိမ် တစ်ပတ်ခန့် သောက်ပါရန်။
“ဓာတ်မတည့်မှုကြောင့် သွေးယားခြင်း၊ အရေပြား၌ အဖု၊ အပိန့်ထွက်ခြင်းအတွက်” ကရမက်၊ ဧကရာဇ်မြစ် (၂) မျိုးရောသွေး။ သကြားကော်ဖီဇွန်း (၁) ဇွန်း ရောစပ်၍ ဟင်းစားဇွန်း (၁) ဇွန်း နံနက်၊ ည သောက်ပေးပါ။
“ရင်တုန်၊ နှလုံးခုန်၊ မူးဝေ၍ အိပ်မပျော်သူများ” အတွက် ကရမက်၊ ဇီးစေ့အဆန်၊ သကြား ဆတူရော အမှုန့်ပြု၍ ကော်ဖီဇွန်း (၁) ဇွန်း တစ်နေ့ (၂) ကြိမ်၊ ရေကျက်အေးဖြင့် သောက်ပါ။
“သွေးစုနာ၊ အနာစာဥ၊ အဖုအကျိတ်နာ “အတွက် ကရမက်၊ နံ့သာဖြူ၊ ဇာတိပ္ဖိုလ်သီးအဆန် (၃) မျိုး ရောသွေး၍ တစ်နေ့ (၄) (၅) ကြိမ် လိမ်းပေးပါ။
“မီးယပ်သွန်၊ မီးယပ်လွန်၊ သားအိမ်တွင် အနာချို့ ယွင်းချက် ရှိသူများ အတွက်” ကရမက်သွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင် နနွင်းမှုန့်စစ်စစ် ကော်ဖီဇွန်း (၁) ဇွန်း ရောစပ်ပြီး တစ်နေ့ (၃) ကြိမ် ရေကျက်အေးဖြင့်သောက် ပါ။
“အပူဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်းအတွက်” ကရမက်သွေးရည် ဟင်းစားဇွန်း (၁)ဇွန်းတွင်၊ မီးကွင်း ဂမုန်းသတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ သကြား ဟင်းစားဇွန်း (၁) ဇွန်း ရောစပ်ကာ တစ်နေ့ (၃) ကြိမ် တိုက်ပေးပါ။
“မီးယပ်ဖြူဆင်းလျှင် “ကရမက်ကို ဆန်ဆေးရည် ဒုတိယအရည်နှင့် ရောသွေး။ ဆေးရည် ဟင်းစားဇွန်း (၁) ဇွန်းတွင် သကြားဇွန်း တစ်ဝက်၊ သံပုရာရည် ဇွန်းတစ်ဝက်၊ ထို (၃) မျိုးပေါင်းပြီး ဟင်းစားဇွန်း (၂) ဇွန်းခန့်အား နံနက်၊ ညသောက်ပါ။
“ခန္ဓာကိုယ် အနံ့ဆိုးခြင်းအတွက်” ကရမက်၊ ဥပသကာမြစ် (၂) မျိုးသွေးရည် ဟင်းစားဇွန်း (၁) ဇွန်းတွင် သံပုရာရည် ဇွန်းတစ်ဝက်စပ်၊ တနေ့(၂)ကြိမ် စွဲသောက်ပါ။
“အပူလောင်နာများအတွက် “ကရမက် ပျစ်ပျစ်သွေး၊ တရော်ကင်ပွန်းရည်နှင့် စပ်၍ မကြာခဏလိမ်းပေးပါ။
“အမျိုးသမီးကိုယ်အင်္ဂါပူခြင်း၊ အညှော်မိ၊ မန်းဝင်၊ အနာရောင်ခြင်းအတွက်” ကရမက်၊ ဇာတိပ္ဖိုလ်သီးအဆံ ကိုရောသွေးပြီး နိုင်နိုင်လိမ်းပေး ပါက ယူပစ်သလို သက်သာပါမည်။
“ကလေးများ အနာမီး၊ အနာစက်ရောဂါများ အတွက်” ကရမက်၊ သြဇာသီးအခြောက်၊ အုန်းဆီနှင့်ရောသွေးပြီး အနာကို မကြာခဏ လိမ်းပေးက သက်သာပျောက် ကင်းဧ။်။
“ဆီးအိမ်တွင် ဆီးရှိပြီး၊ ဆီးခုံရောင်တင်း၍ ဆီးပူ၊ ဆီးအောင့်၊ ဆီးမသွားနိုင်ခြင်း အတွက် “ကရမက်ကို ဆန်ဆေးရည် ပထမအရည်နှင့် ရောသွေး၊ ဆီးခုံနှင့် ဆီးသွားအင်္ဂါတွင် နိုင်နိုင်လိမ်းအုံပေးပါက ချက်ခြင်းဆီး သွားနိုင်ပါမည်။
“ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ မီးတွင်းခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်ရိုးကိုက်၍ ခေါင်းအုံ၊ ခေါင်းမကြည် လင်ခြင်း အတွက် “ကရမက် အစကို ဓားဖြင့်အနည်းငယ်ခြစ်ယူပြီး နနွင်းမှုန့်နှင့် ဆတူရော၍ မီးခဲပေါ် တင်ပြီး အငွေ့မှိုင်းကို ရှူပေးလျှင် ချက်ခြင်းသက်သာဧ။်။
“အနာရွတ်ဖြူခြင်း၊ မီးယပ် ကွက်ပေါ်ပြီး အဖြူကွက်၊ ကြက်ဖင်ကွက်၊ ညှင်းပေါက်ခြင်းအတွက် “ကရမက်၊ နံ့သာနီ ရောသွေး၍ တစ်နေ့ (၃) ကြိမ်ခန့် လိမ်းပေးပါ။
“ကလေး၊ လူကြီး အဖျားကြီး၍ ကိုယ်ပူကြီးခြင်း အတွက် “ကရမက်၊ နံ့သာဖြူ (၂) မျိုး ရောသွေး၍ နဖူးကို (ပထမ) စလိမ်းပါ။ (၅) မိနစ်ခန့်စောင့် ပါက အပူများ ထွက်ပါမည်။
(ဒုတိယ) နဖူးနှင့် ချိုင်းနှစ်ဖက် လိမ်းပါ။ (၅) မိနစ်ခန့် စောင့်ပါ။
(တတိယ) ခန္ဓာကိုယ် တစ်ကိုယ်လုံး ဆေးရည် နိုင်နိုင် လိမ်းခြင်း အားဖြင့် အပူများ ပြင်ပသို့ လမ်းကြောင်းသင့်စွာ ထွက်ခွာနိုင်ပါလိမ့်မည်။
မှတ်ချက် အပူကြီးသောသူများ ဆေးရည်ကို ခန္ဓာကိုယ် အနှံ့သို့ တစ်ခါထဲ မလိမ်းရန်။ ခန္ဓာကိုယ်ဧ။် အပူနှင့် ပြင်ပမှဆေးရည် ဆေးငွေ့တို့ ရုတ်တရက် ထိတွေ့ပါက
ရေနွေးပူ ထည့်သောဖန်ခွက်ကို ရုတ်ခြည်းရေအေးထည့် သကဲ့သို့ ” အပူအအေး ဝိရောဓိဓာတ်ပြင်းထန်ပြီး” ဖန်ခွက်လန့်၍ကွဲ သကဲ့သို့ ခန္ဓာကိုယ် သည်လည်း ရုတ်တရက် ရှော့ခ်ဖြစ်ပြီး ဦးနှောက်အာရုံကြောထိခိုက်ခြင်း၊
သတိမလည်ခြင်း များဖြစ်တတ် ပါ၍ ဦးနှောက်နှင့် အနီးဆုံးနေရာဖြစ် သည့် နဖူးမှစ၍ အပူဓာတ်ကို စတင်ထွက်ခွာစေခြင်းပင် ဖြစ်ပါဧ။်။ crd