ဗဟုသုတ

ရွာရွာေဖြေဖြ သင္မသိေသးတဲ့အရာေတြ (ရွယ္ျပီးသိမ္းထား။ တစ္ေန႔ အသံုးလိုပါလိမ့္မယ္။)…….

ရွာရွာေဖြေဖြ သင္မသိေသးတဲ့အရာေတြ (ရွယ္ျပီးသိမ္းထား။ တစ္ေန႔ အသံုးလိုပါလိမ့္မယ္။)

မီးကင္ၾကည္႔မွ ျမင္ရေသာ လွ်ိဳ႕ဝွက္စာ

ၾကက္သြန္နီႏွင့္ ဆပ္ျပာကိုဆတူေရာ၍ ေထာင္းၿပီး ေရအနည္းငယ္ျဖင့္ေဖ်ာ္ပါ။

အရည္ၾကည္ကို စုတ္တံျဖင့္တို႔ၿပီး စကၠဴေပၚတြင္စာေရးပါ ။ ေျခာက္သြားပါက မီးကင္ၿပီးမွ ျပန္ၾကည့္ႏိုင္မည္ျဖစ္သည္။

ဖိုက္ဘာပစၥည္းမ်ား အေရာင္တင္နည္း

သြားတိုက္ေဆးႏွင့္ အုန္းဆီ ဆတူေရာ၍ ဂြမ္းျဖင့္ပြတ္တိုက္ေပးပါ။

ဟင္းအိုး ဆားငံသြားလွ်င္

နီရဲေနေသာ မီးခဲကို ငံေနေသာ ဟင္းအိုးထဲတြင္ ၂မိနစ္ခန္႔ ထည့္ထားၿပီး ျပန္ဆယ္လိုက္ပါ။

ဘုရားပန္းမ်ား တာရွည္ခံေအာင္ထားနည္း

ပန္းအိုးထဲသို႔ ဘာမီတြန္(သို႔) သၾကား(သို႔) ကန္႔မႈန္႔အနည္းငယ္(သို႔) အေႂကြေစ႔-ေၾကး ထည္႔ေပးပါ။

ေဘာလ္ပင္ မွင္မလိုက္လွ်င္

အရက္ပ်ံပုလင္းထဲသို႔ ေဘာလ္ပင္ကို ၃မိနစ္ခန္႔ စိမ္ထားလိုက္ပါ။

ဖန္ခြက္အတြင္း ေရေႏြးပူထည့္ေသာ္ မကြဲေစရန္

ဇြန္းတစ္ေခ်ာင္းအား ဖန္ခြက္ထဲသို႔ အရင္ထည္႔ထားၿပီးမွ ေရေႏြးကို ျဖည္းညွင္းစြာ ေလာင္းထည္႔ပါ။

ေရခဲတံုး တာရွည္ခံေအာင္ထားနည္း

သီတင္းစာ စကၠဴ (သို႔) တစ္ရွဴးစကၠဴ ျဖင့္ ေရခဲတံုးကို လံုၿခံဳစြာပတ္ထားပါ။

ဆံပင္မ်ား မကြ်တ္ေစရန္

ကန္႔ (သို႔)လက္ခ်ားကို ေရေႏြးပူပူတြင္ ေဖ်ာ္၍ ေအးသြားမွ ဆံပင္ကို လိမ္းေပးပါ။

သံပုရာသီးအေစ့ကို ပ်ားရည္ျဖင့္ ေသြး၍ ဆံပင္ကို လိမ္းေပးပါ။

ဖန္ထည္ပစၥည္းမ်ား အေရာင္တင္နည္း

ဆားေရ ပူပူျဖင့္ျပဳတ္၍ ေဆးေပးပါ။

ေငြထည္ပစၥည္းမ်ား အေရာင္တင္နည္း

အာလူးျပဳတ္ရည္တြင္ စိမ္၍ပြတ္တိုက္ေပးပါ။

ေရႊထည္မ်ား အေရာင္တင္ရန္

ဇဝက္သာ တစ္ဇြန္းကို ေရေအးျဖင့္ေရာ၍ ေရႊထည္မ်ားကို ပြတ္တိုက္ေပးပါ။

မွန္မ်ား ၾကည္လင္ၿပီး ဝင္းပလာေအာင္ အေရာင္တင္နည္း

အဝတ္သန္႔သန္႔ကို အရက္ပ်ံဆြတ္၍ (သို႔) သီတင္းစာစကၠဴကို ေရဆြတ္၍ မွန္ကို ပြတ္တိုက္ေပးပါ။

အဝတ္အထည္မ်ား ပိုမိုျဖဴစင္ေတာက္သြား ေစရန္

သံပုရာရည္ ၄/၅ စက္ခန္႔ထည္႔ျပဳတ္ၿပီးမွ ေလွ်ာ္ပါ။

သံပုရာသီး အရည္ပိုထြက္ေစရန္

မီးေႏြးေႏြးျဖင့္ကင္ၿပီး / မာေသာအျပား တစ္ခုခုျဖင့္ အနည္းငယ္ဖိ လွိမ့္ၿပီးမွ အရည္ညွစ္ပါ။

ႏွင္းခူ အစို/အေျခာက္ ေပ်ာက္လိုေသာ္

ေဆးရြက္ႀကီးကို ျပာခ်၍ ေရနံဂ်ီးျဖင့္ လိမ္းေပးပါ။

သန္းမ်ား ေသေစေသာနည္း

ရွာလကာရည္(1/2)ေအာင္စ ႏွင့္ နႏြင္း(1/4)ေအာင္စ ေရာ၍ ဆံပင္ကို နာရီဝက္ခန္႔ သုတ္လိမ္း ေပးပါ။

ေျခဖေနာင့္ကြဲေသာ္ ေပ်ာက္ေစေသာနည္း

ဆန္ေဆးေရျဖင့္ ၁၅မိနစ္ခန္႔ ညအိပ္ရာဝင္တိုင္း စိမ္၍ ေဆးေပးပါ။

အဝတ္မ်ား ဖားဥစြဲေသာ္ ေပ်ာက္ေစရန္

ဖားဥစြဲေသာ အဝတ္ေပၚတြင္ ပိတ္စအျဖဴတင္၍ ေရျဖန္းၿပီး မီးပူျဖင့္ ဖိတိုက္ေပးပါ။

ေရွာက္သီးမ်ား တာရွည္ခံေအာင္ထားနည္း

ေရွာက္သီးမ်ားကို ထင္းရွဴးေသတၱာထဲ ထည္႔ၿပီး လႊစာဖံုး၍ထားပါ။

ႂကြက္မ်ား မလာေစရန္

ရွိန္းခိုကို အရည္ေဖ်ာ္၍ ပတ္ျဖန္းေပးပါ။

ပုရြက္ဆိတ္မ်ား မလာေစရန္

သခြားသီးအခြံမ်ား ခ်ထားလိုက္ပါ။

ပိုးဟပ္မ်ား မလာေစရန္

ေလးညွင္းပြင့္ကိုေထာင္း၍ ျဖဴးေပးထားပါ။

ေႁမြမ်ား မလာေစရန္

ေဆးဒါန္းအား ေရေဖ်ာ္၍ ပတ္ျဖန္းေပးပါ။

ၾကက္သားအရိုးေပ်ာက္ခ်က္နည္း

ထန္းရည္တစ္ပုလင္းကို ၃ရက္ခန္႔ ေနပူလွန္းၿပီး အဝတ္ပါးပါးျဖင့္စစ္၍ ၾကက္သားကိုနယ္ပီး ခ်က္ပါ။

ငါးသေလာက္ အျမန္ႏူးေစေသာနည္း

ေႂကြဇြန္း / ေႂကြပုဂံကြဲထည့္၍ ခ်က္ေပးပါ။

ထမင္းအိုး တူးသြားလွ်င္ အနံေပ်ာက္ေစရန္

တူးေနေသာထမင္းအိုးထဲသို႕ ငရုပ္သီး အေတာင့္၂၀ခန္႔ ထိုးစိုက္ၿပီး နာရီဝက္ခန္႔ အဖံုး ဖံုးထားပါ။

မ်က္ႏွာ အဆီမျပန္လိုပါက

မ်က္ႏွာသစ္လွ်င္ ေရွာက္ရည္အနည္းငယ္ခန္႔ ထည္႔ၿပီးသစ္ပါ။

ႀကိမ္ကုလားထိုင္မွ ႀကိမ္မ်ားေလွ်ာ့ေနေသာ္

ေရေႏြးပူပူထဲသို႔ ဆိုဒါမႈန္႔ေရာ၍ ႀကိမ္မ်ားကို ပတ္ျဖန္းၿပီး ေနပူလွန္းထားပါ။

ကြမ္းတံေတြးစြန္းေပလွ်င္ ေပ်ာက္ေစရန္

စြန္းေပေနေသာ ေနရာသို႔ ခရမ္းခ်ဥ္သီးျဖင့္ ပြတ္တိုက္ေပးပါ။

ေညႇာင့္ / ဆူးစူးလွ်င္

ပုလင္းထဲ ေရေႏြးပူထည္႔၍ ဆူးစူးေသာ ေနရာကို ပုလင္းဝျဖင့္ေတ႔ၿပီး ဖိထားပါ။

ႂကြက္ႏို႔ ေပ်ာက္ေစေသာနည္း

ၾကြက္နို႔အား နူးေစရန္ ေရစိမ္ထားၿပီး ေၾကာင္ႏႈတ္ခမ္းေမႊးျဖင့္ ထိုးစိုက္ထားပါ။

ဂ်င္းကိုလွီးျဖတ္ၿပီး ထံုးအနည္းငယ္ သုတ္ၿပီး ၾကြက္နို႔ကို ၁နာရီတစ္ၾကိမ္ခန္႔ ပြတ္ေပးပါ။

ဝက္ၿခံေပ်ာက္ေစေသာနည္း

ၾကက္ဟင္းခါးသီးအေစ႔ / သနပ္ခါးကို ဆားျဖင့္ေရာ၍ ေသြးလိမ္းပါ။

ႏြားႏို႔ မခ်ဥ္ေအာင္ထားနည္း

ငရုပ္သီးစိမ္း ၁၀ေတာင့္ခန္႔ကို အညွာျဖဳတ္၍ထည္႔ေပးထားပါ။

မ်က္နွာေပါင္းတင္နည္း

ၾကက္ဥအကာရည္ကို ဂ်ံဳမႈန္႔ျဖင့္ေရာေဖ်ာ္ၿပီး မ်က္နွာေပၚကို နာရီဝက္ခန္႔ သုတ္လိမ္းထားပါ ၿပီးလွ်င္ အဝတ္သန္႔သန္႔ကို ေရေႏြးစြတ္ၿပီး ပြတ္တိုက္ေပးပါ။

အပူေလာင္ေသာ္

၁။ သြားတိုက္ေဆး ႏိုင္ႏိုင္လိမ္းေပးပါ။

၂။ ကြမ္းရြက္ကို သၾကားျဖင့္ေရာေထာင္းၿပီး ဒါဏ္ရာေပၚသို႔ အံုေပးထားပါ။

👉ရွယ္ၿပီး သိမ္းထားပါ👈👉လိုခ်င္လွ်င္ ရွာရလြယ္ပါမည္👈

Unicode Version

ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ (ရှယ်ပြီးသိမ်းထား။ တစ်နေ့ အသုံးလိုပါလိမ့်မယ်။)

မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ

ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။

အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။

ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း

သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။

ဟင်းအိုး ဆားငံသွားလျှင်

နီရဲနေသော မီးခဲကို ငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။

ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း

ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။

ဘောလ်ပင် မှင်မလိုက်လျှင်

အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။

ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန်

ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ အရင်ထည့်ထားပြီးမှ ရေနွေးကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။

ရေခဲတုံး တာရှည်ခံအောင်ထားနည်း

သီတင်းစာ စက္ကူ (သို့) တစ်ရှူးစက္ကူ ဖြင့် ရေခဲတုံးကို လုံခြုံစွာပတ်ထားပါ။

ဆံပင်များ မကျွတ်စေရန်

ကန့် (သို့)လက်ချားကို ရေနွေးပူပူတွင် ဖျော်၍ အေးသွားမှ ဆံပင်ကို လိမ်းပေးပါ။

သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။

ဖန်ထည်ပစ္စည်းများ အရောင်တင်နည်း

ဆားရေ ပူပူဖြင့်ပြုတ်၍ ဆေးပေးပါ။

ငွေထည်ပစ္စည်းများ အရောင်တင်နည်း

အာလူးပြုတ်ရည်တွင် စိမ်၍ပွတ်တိုက်ပေးပါ။

ရွှေထည်များ အရောင်တင်ရန်

ဇဝက်သာ တစ်ဇွန်းကို ရေအေးဖြင့်ရော၍ ရွှေထည်များကို ပွတ်တိုက်ပေးပါ။

မှန်များ ကြည်လင်ပြီး ဝင်းပလာအောင် အရောင်တင်နည်း

အဝတ်သန့်သန့်ကို အရက်ပျံဆွတ်၍ (သို့) သီတင်းစာစက္ကူကို ရေဆွတ်၍ မှန်ကို ပွတ်တိုက်ပေးပါ။

အဝတ်အထည်များ ပိုမိုဖြူစင်တောက်သွား စေရန်

သံပုရာရည် ၄/၅ စက်ခန့်ထည့်ပြုတ်ပြီးမှ လျှော်ပါ။

သံပုရာသီး အရည်ပိုထွက်စေရန်

မီးနွေးနွေးဖြင့်ကင်ပြီး / မာသောအပြား တစ်ခုခုဖြင့် အနည်းငယ်ဖိ လှိမ့်ပြီးမှ အရည်ညှစ်ပါ။

နှင်းခူ အစို/အခြောက် ပျောက်လိုသော်

ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။

သန်းများ သေစေသောနည်း

ရှာလကာရည်(1/2)အောင်စ နှင့် နနွင်း(1/4)အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်း ပေးပါ။

ခြေဖနောင့်ကွဲသော် ပျောက်စေသောနည်း

ဆန်ဆေးရေဖြင့် ၁၅မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။

အဝတ်များ ဖားဥစွဲသော် ပျောက်စေရန်

ဖားဥစွဲသော အဝတ်ပေါ်တွင် ပိတ်စအဖြူတင်၍ ရေဖြန်းပြီး မီးပူဖြင့် ဖိတိုက်ပေးပါ။

ရှောက်သီးများ တာရှည်ခံအောင်ထားနည်း

ရှောက်သီးများကို ထင်းရှူးသေတ္တာထဲ ထည့်ပြီး လွှစာဖုံး၍ထားပါ။

ကြွက်များ မလာစေရန်

ရှိန်းခိုကို အရည်ဖျော်၍ ပတ်ဖြန်းပေးပါ။

ပုရွက်ဆိတ်များ မလာစေရန်

သခွားသီးအခွံများ ချထားလိုက်ပါ။

ပိုးဟပ်များ မလာစေရန်

လေးညှင်းပွင့်ကိုထောင်း၍ ဖြူးပေးထားပါ။

မြွေများ မလာစေရန်

ဆေးဒါန်းအား ရေဖျော်၍ ပတ်ဖြန်းပေးပါ။

ကြက်သားအရိုးပျောက်ချက်နည်း

ထန်းရည်တစ်ပုလင်းကို ၃ရက်ခန့် နေပူလှန်းပြီး အဝတ်ပါးပါးဖြင့်စစ်၍ ကြက်သားကိုနယ်ပီး ချက်ပါ။

ငါးသလောက် အမြန်နူးစေသောနည်း

ကြွေဇွန်း / ကြွေပုဂံကွဲထည့်၍ ချက်ပေးပါ။

ထမင်းအိုး တူးသွားလျှင် အနံပျောက်စေရန်

တူးနေသောထမင်းအိုးထဲသို့ ငရုပ်သီး အတောင့်၂ဝခန့် ထိုးစိုက်ပြီး နာရီဝက်ခန့် အဖုံး ဖုံးထားပါ။

မျက်နှာ အဆီမပြန်လိုပါက

မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ခန့် ထည့်ပြီးသစ်ပါ။

ကြိမ်ကုလားထိုင်မှ ကြိမ်များလျှော့နေသော်

ရေနွေးပူပူထဲသို့ ဆိုဒါမှုန့်ရော၍ ကြိမ်များကို ပတ်ဖြန်းပြီး နေပူလှန်းထားပါ။

ကွမ်းတံတွေးစွန်းပေလျှင် ပျောက်စေရန်

စွန်းပေနေသော နေရာသို့ ခရမ်းချဉ်သီးဖြင့် ပွတ်တိုက်ပေးပါ။

ညှောင့် / ဆူးစူးလျှင်

ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့်တေ့ပြီး ဖိထားပါ။

ကြွက်နို့ ပျောက်စေသောနည်း

ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။

ဂျင်းကိုလှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို ၁နာရီတစ်ကြိမ်ခန့် ပွတ်ပေးပါ။

ဝက်ခြံပျောက်စေသောနည်း

ကြက်ဟင်းခါးသီးအစေ့ / သနပ်ခါးကို ဆားဖြင့်ရော၍ သွေးလိမ်းပါ။

နွားနို့ မချဉ်အောင်ထားနည်း

ငရုပ်သီးစိမ်း ၁ဝတောင့်ခန့်ကို အညှာဖြုတ်၍ထည့်ပေးထားပါ။

မျက်နှာပေါင်းတင်နည်း

ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့်ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။

အပူလောင်သော်

၁။ သွားတိုက်ဆေး နိုင်နိုင်လိမ်းပေးပါ။

၂။ ကွမ်းရွက်ကို သကြားဖြင့်ရောထောင်းပြီး ဒါဏ်ရာပေါ်သို့ အုံပေးထားပါ။

👉ရှယ်ပြီး သိမ်းထားပါ👈👉လိုချင်လျှင် ရှာရလွယ်ပါမည်👈