သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေ့စံတို့ကို မရမ်းကုန်းနှင့် မြောက်ဒဂုံမြို့နယ် တရားရုံးတို့တွင် ရုံးထုတ်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရ သည့် သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော်အား မရမ်းကုန်းမြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက စတင်ရုံးထုတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
” ဒီနေ့ မနက်ပိုင်းလောက်က သင့်ဇာဝင့်ကျော် တစ်ယောက်တည်းကိုပဲ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်။ ဘယ်နေ့ ရုံးချိန်းပြန်ချိန်းလဲ ဘာတွေစစ်ဆေးခဲ့တာလဲဆိုတာတော့ မသိရဘူး။ သူတို့ အစီအစဉ်နဲ့ပဲ ရုံးထုတ်ခဲ့တာပါ”ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောကြားသည်။
ထို့ပြင် မော်ဒယ်နန်းမွေ့စံကိုလည်း မြောက်ဒဂုံမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သရုပ်ဆောင် မော်ဒယ်သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့အား လိင်အသားပေး ဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်မှ အခကြေးငွေရယူပြီး ဖြန့်ဝေလျက်ရှိသည်ဟုဆိုကာ အီလက်ထရောနစ် ဥပဒေပုဒ်မ၃၃(က)ဖြင့်အမှုဖွင့်ထားကြောင်း သြဂုတ် ၅ ရက်က နစက ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းထုတ်ပြန်မှုတွင်စိစစ်ဖော်ထုတ်ချက်များအရ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လခန့်မှ လိင်အသားပေးမော်ဒယ် ရှင်ယွန်းမြတ်၏ ချိတ်ဆက်ပေးမှုဖြင့် အမေရိကန်နိုင်ငံတွင် နေထိုင်သူ ဦးစီး လုပ်ကိုင်လျက်ရှိသည့် ညစ်ညမ်းဝက်ဆိုဒ်တွင် အခကြေးငွေရယူပြီး လိင်အသားပေး ဓါတ်ပုံနှင့် ဗီဒီယို ဖိုင်များတင်ရန် သင်ဇာဝင့်ကျော်အမည်ဖြင့် အကောင့်ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀ ရက်မှ စတင်ကာ အဆိုပါ ဝက်ဆိုဒ်တွင် လိင်အသား ပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေ ရယူကာ Post တင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ နန်းမွေစံသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလခန့်မှ အိန္ဒိယနိုင်ငံထုတ် အလှကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ၏ ချိတ်ဆက်ပေးမူအရ ဝက်ဆိုဒ်တွင် လိင်အသားပေး ဓါတ်ပုံနှင့် ဗီဒိယိုများ အခကြေးငွေရယူပြီး Post တင်ခဲ့ကြောင်း သတင်းအရ သိရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စကာ ထပ်မံချိတ်ဆက်ပြီး လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုဖိုင်များ ထပ်မံပေးပို့ကာ Post တင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Eleven Media Group
သင္ဇာ၊ နန္းေမြ႔ ႏွစ္ေယာက္လံုး အင္းစိန္ေထာင္ထဲသို႔ ပို႔ေဆာင္ခံရတဲ့
သ႐ုပ္ေဆာင္ေမာ္ဒယ္ သင္ဇာဝင့္ေက်ာ္ႏွင့္ ေမာ္ဒယ္နန္းေမြ႕စံတို႔ကို မရမ္းကုန္းႏွင့္ ေျမာက္ဒဂုံၿမိဳ႕နယ္ တရား႐ုံးတို႔တြင္ ႐ုံးထုတ္ခဲ့ၿပီး အင္းစိန္ေထာင္သို႔ ပို႔ေဆာင္
အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃(က)ျဖင့္ အမႈဖြင့္ဖမ္းဆီးခံထားရ သည့္ သ႐ုပ္ေဆာင္ေမာ္ဒယ္ သင္ဇာဝင့္ေက်ာ္အား မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးတြင္ စက္တင္ဘာ ၁၄ ရက္ နံနက္ပိုင္းက စတင္႐ုံးထုတ္ခဲ့ေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သည့္အသိုင္းအဝိုင္းထံမွ သိရသည္။
” ဒီေန႔ မနက္ပိုင္းေလာက္က သင့္ဇာဝင့္ေက်ာ္ တစ္ေယာက္တည္းကိုပဲ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္ခဲ့တယ္။ ဘယ္ေန႔ ႐ုံးခ်ိန္းျပန္ခ်ိန္းလဲ ဘာေတြစစ္ေဆးခဲ့တာလဲဆိုတာေတာ့ မသိရဘူး။ သူတို႔ အစီအစဥ္နဲ႔ပဲ ႐ုံးထုတ္ခဲ့တာပါ”ဟု တရား႐ုံးႏွင့္နီးစပ္သည့္ အသိုင္းအဝိုင္းက ေျပာၾကားသည္။
ထို႔ျပင္ ေမာ္ဒယ္နန္းေမြ႕စံကိုလည္း ေျမာက္ဒဂုံၿမိဳ႕နယ္တရား႐ုံးတြင္ ႐ုံးထုတ္ခဲ့ေၾကာင္း သိရၿပီး အင္းစိန္အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
သ႐ုပ္ေဆာင္ ေမာ္ဒယ္သင္ဇာဝင့္ေက်ာ္ႏွင့္ ေမာ္ဒယ္ နန္းေမြစံတို႔အား လိင္အသားေပး ဓာတ္ပုံႏွင့္ ဗီဒီယိုမ်ားအား လူမႈကြန္ရက္မွ အခေၾကးေငြရယူၿပီး ျဖန႔္ေဝလ်က္ရွိသည္ဟုဆိုကာ အီလက္ထေရာနစ္ ဥပေဒပုဒ္မ၃၃(က)ျဖင့္အမႈဖြင့္ထားေၾကာင္း ၾသဂုတ္ ၅ ရက္က နစက ၏ သတင္း ထုတ္ျပန္ခ်က္အရ သိရသည္။
သတင္းထုတ္ျပန္မႈတြင္စိစစ္ေဖာ္ထုတ္ခ်က္မ်ားအရ သင္ဇာဝင့္ေက်ာ္သည္ ၂၀၂၁ ခုႏွစ္ ဩဂုတ္လခန႔္မွ လိင္အသားေပးေမာ္ဒယ္ ရွင္ယြန္းျမတ္၏ ခ်ိတ္ဆက္ေပးမႈျဖင့္ အေမရိကန္ႏိုင္ငံတြင္ ေနထိုင္သူ ဦးစီး လုပ္ကိုင္လ်က္ရွိသည့္ ညစ္ညမ္းဝက္ဆိုဒ္တြင္ အခေၾကးေငြရယူၿပီး လိင္အသားေပး ဓါတ္ပုံႏွင့္ ဗီဒီယို ဖိုင္မ်ားတင္ရန္ သင္ဇာဝင့္ေက်ာ္အမည္ျဖင့္ အေကာင့္ဖြင့္လွစ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
သင္ဇာဝင့္ေက်ာ္သည္ ၂၀၂၁ ခုႏွစ္ ဩဂုတ္ ၂၀ ရက္မွ စတင္ကာ အဆိုပါ ဝက္ဆိုဒ္တြင္ လိင္အသား ေပးဓာတ္ပုံႏွင့္ ဗီဒီယိုမ်ားအား အခေၾကးေငြ ရယူကာ Post တင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
အလားတူ နန္းေမြစံသည္ ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလခန႔္မွ အိႏၵိယႏိုင္ငံထုတ္ အလွကုန္ပစၥည္း ေရာင္းဝယ္ေရး လုပ္ကိုင္ေနသူ၏ ခ်ိတ္ဆက္ေပးမူအရ ဝက္ဆိုဒ္တြင္ လိင္အသားေပး ဓါတ္ပုံႏွင့္ ဗီဒိယိုမ်ား အခေၾကးေငြရယူၿပီး Post တင္ခဲ့ေၾကာင္း သတင္းအရ သိရသည္။
ထို႔ျပင္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွ စကာ ထပ္မံခ်ိတ္ဆက္ၿပီး လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုဖိုင္မ်ား ထပ္မံေပးပို႔ကာ Post တင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
Eleven Media Group