ဗဟုသုတ

မတည့်တာကိုမှ စားချင်တယ် စားပြီးရင် တခုခု ဖြစ်ပြီဆိုရင် ဒါလေးမှတ်ထားနော်..

မတည့်တာကိုမှ စားချင်တယ် စားပြီးရင် တခုခု ဖြစ်ပြီဆိုရင် ဒါလေးမှတ်ထားနော်

မတည့်တာကိုမှ စားချင်သူများအတွက် အန္တရာယ်ကင်းအောင် စားနည်းများ

၁။ လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ် မဖြစ်အောင် လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန့်ကြာရင် လျှက်ဆား၊ ကိုးပါးဆေး၊

မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ ဗမာဆေးတစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အဆင်ပြေပါပြီ။

၂။ လက်ဖက်သုပ်၊ ဂျင်းသုပ် စတဲ့ အသုပ်စုံတို့ကို စားတဲ့အခါ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း ကိုက်လေ့ရှိကြတယ်။ တစ်ချို့က ပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့ မစားဘူး။

ဘာမှမပူနဲ့ စားသာစား။ မစားခင်လေးမှာ မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ အရင်ဖယ်ထား။

စားပြီးတာနဲ့ မြေပဲကို ဝါးပြီး ပါးစပ်ထဲ ၁ မိနစ်ခန့်ငုံထား။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ စတဲ့အနံ့တွေကို မြေပဲက စုပ်ယူနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ချက်ချင်း အနံ့ပျောက်တယ်။

၃။ ငှက်ပျောသီးအလွန်ကြိုက်သူတွေ တစ်ဖီးကုန်အောင်စားနိုင်တယ်တဲ့။ စားပြီးလျှင် အချိုကြောင့် ဗိုက်နာတယ်။ ဘာမှမပူနဲ့ ဆားအနည်းငယ်နဲ့သာ တို့ပြီးစား။ လုံး၀ ဗိုက်မနာတော့ဘူး။

၄။ ငရုတ်သီးကြိုက်သူတွေ၊ အစပ်များများစားချင်သူတွေအတွက် ရခိုင်တို့ရဲ့အစပ်စားနိုင်ခြင်း အကြောင်းရင်းကတော့ ငရုတ်သီးကို အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။

ငရုတ်သီးကို အစိမ်းလိုက် ဘယ်တော့မှ မစားနဲ့။ လှော်၊ ကြော်၊ ပြုတ်၊ ဖုတ်၊ အဲလိုအပူပေးပြီးမှ ကြိုက်သလောက်စား။သံပုရာသီးလေးညှစ်ထည့်၊ပြီးမှ စား။ ဗိုက်မနာတော့ဘူး။

၅။ အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံမုန်းဟင်းခါးစတဲ့ အဆီအဆိမ့်များသည့် အစားအစာတို့ကို မစားမီ ရှေးဦးစွာ သံပုရာသီးတစ်စိတ် အရင်ကိုက်စားလိုက်ပါ။

သို့မဟုတ် ဇွန်းထဲတွင် အရည်ညှစ်၍ သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၆။ လက်ဖက်ကို ဘေးဥပဒ်ဖြစ်စေနိုင်သည့် အခါးဓါတ်ကိုလျော့ရန်အတွက်ပထမဦးစွာ ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီး

အလွန်ပြင်းထန်သောအခါးဓါတ်လျှော့ချပြီးမှ သုပ်စားလျှင် အန္တရာယ်ကင်းပါသည်။ အစာမကြေခြင်းလေအောင့်ဖြစ်စေခြင်းတို့မှလည်း လျှော့နည်းစေပါသည်။

၇။ အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှထမင်းစားပါ။ အဆိပ်အတောက်ကင်းပါသည်။

၈။ အဆိပ်အတောက်များသောမျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။

စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ်ကြိုက်ချက်စားပါ။

သို့မဟုတ် မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချ ပြီး မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက်နည်းသွားပါသည်။

၉။ ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ညို ညစ်ညစ်များကို ခြစ်ထုတ်ပြီး အစိမ်းရောင် မန်ကျည်းသီးသားများကိုသာ ထောင်း၍ချက်စားသင့်ပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာနေ ထိုင်နိုင်ကြပါစေ…

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။

Zawgyi

မတည့္တာကိုမွ စားခ်င္တယ္ စားၿပီးရင္ တခုခု ျဖစ္ၿပီဆိုရင္ ဒါေလးမွတ္ထားေနာ္

မတည့္တာကိုမွ စားခ်င္သူမ်ားအတြက္ အႏၲရာယ္ကင္းေအာင္ စားနည္းမ်ား

၁။ လက္ဖက္ကို အျမဲနိုင္တာ လၽွက္ဆားျဖစ္ပါတယ္။ အစာမေၾက၊ ေလပြ၊ ရင္ျပည့္ရင္ကယ္ မျဖစ္ေအာင္ လက္ဖက္သုပ္စားၿပီး ၁၅ မိနစ္ခန႔္ၾကာရင္ လၽွက္ဆား၊ ကိုးပါးေဆး၊

မဟာေျဖေဆး စတဲ့ ေလနဲ႔ဆိုင္တဲ့ ဗမာေဆးတစ္ခုခုကို အနည္းငယ္ လၽွက္ေပးလိုက္ရင္ အဆင္ေျပပါၿပီ။

၂။ လက္ဖက္သုပ္၊ ဂ်င္းသုပ္ စတဲ့ အသုပ္စုံတို႔ကို စားတဲ့အခါ ၾကက္သြန္ျဖဴ နဲ႔ င႐ုတ္သီးစိမ္း ကိုက္ေလ့ရွိၾကတယ္။ တစ္ခ်ိဳ႕က ပါးစပ္နံမွာစိုးရိမ္ၿပီး စားခ်င္လၽွက္နဲ႔ မစားဘူး။

ဘာမွမပူနဲ႔ စားသာစား။ မစားခင္ေလးမွာ ေျမပဲေစ့ ၄၊ ၅ ေစ့ကိုသာ အရင္ဖယ္ထား။

စားၿပီးတာနဲ႔ ေျမပဲကို ဝါးၿပီး ပါးစပ္ထဲ ၁ မိနစ္ခန႔္ငုံထား။ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ စတဲ့အနံ့ေတြကို ေျမပဲက စုပ္ယူနိုင္တဲ့အစြမ္းသတၱိရွိပါတယ္။ ခ်က္ခ်င္း အနံ့ေပ်ာက္တယ္။

၃။ ငွက္ေပ်ာသီးအလြန္ႀကိဳက္သူေတြ တစ္ဖီးကုန္ေအာင္စားနိုင္တယ္တဲ့။ စားၿပီးလၽွင္ အခ်ိဳေၾကာင့္ ဗိုက္နာတယ္။ ဘာမွမပူနဲ႔ ဆားအနည္းငယ္နဲ႔သာ တို႔ၿပီးစား။ လုံး၀ ဗိုက္မနာေတာ့ဘူး။

၄။ င႐ုတ္သီးႀကိဳက္သူေတြ၊ အစပ္မ်ားမ်ားစားခ်င္သူေတြအတြက္ ရခိုင္တို႔ရဲ့အစပ္စားနိုင္ျခင္း အေၾကာင္းရင္းကေတာ့ င႐ုတ္သီးကို အပူေပးၿပီးမွ စားျခင္းျဖစ္ပါတယ္။

င႐ုတ္သီးကို အစိမ္းလိုက္ ဘယ္ေတာ့မွ မစားနဲ႔။ ေလွာ္၊ ေၾကာ္၊ ျပဳတ္၊ ဖုတ္၊ အဲလိုအပူေပးၿပီးမွ ႀကိဳက္သေလာက္စား။သံပုရာသီးေလးညႇစ္ထည့္၊ၿပီးမွ စား။ ဗိုက္မနာေတာ့ဘူး။

၅။ အုန္းနို႔ေခါက္ဆြဲ၊ မုန႔္တီ၊ အသုပ္မ်ိဳးစုံမုန္းဟင္းခါးစတဲ့ အဆီအဆိမ့္မ်ားသည့္ အစားအစာတို႔ကို မစားမီ ေရွးဦးစြာ သံပုရာသီးတစ္စိတ္ အရင္ကိုက္စားလိုက္ပါ။

သို႔မဟုတ္ ဇြန္းထဲတြင္ အရည္ညႇစ္၍ ေသာက္ခ်ၿပီးမွ မုန႔္မ်ားကို စားပါ။ အႏၲရာယ္ကင္းေသာ မုန႔္စားနည္း ျဖစ္ပါသည္။

၆။ လက္ဖက္ကို ေဘးဥပဒ္ျဖစ္ေစနိုင္သည့္ အခါးဓါတ္ကိုေလ်ာ့ရန္အတြက္ပထမဦးစြာ ဆား၊ သံပုရာရည္တို႔ျဖင့္ နာနာပြတ္နယ္၍ ေရေဆးၿပီး

အလြန္ျပင္းထန္ေသာအခါးဓါတ္ေလၽွာ့ခ်ၿပီးမွ သုပ္စားလၽွင္ အႏၲရာယ္ကင္းပါသည္။ အစာမေၾကျခင္းေလေအာင့္ျဖစ္ေစျခင္းတို႔မွလည္း ေလၽွာ့နည္းေစပါသည္။

၇။ အဆီအဆိမ့္မ်ားလြန္းေသာ ဒံေပါက္ထမင္း၊ ေထာပတ္ထမင္း၊ ၾကက္ဆီထမင္းတို႔ကိုမစားမီ အနားမွာ ခ်ေပးထားတဲ့ ပူဒီနာ (ပုစီနံ) ရြက္မ်ားကို အရင္ဝါးစားၿပီးမွထမင္းစားပါ။ အဆိပ္အေတာက္ကင္းပါသည္။

၈။ အဆိပ္အေတာက္မ်ားေသာမၽွစ္ခ်ဥ္၊ အသည္းပ်က္တတ္ေသာ မၽွစ္ခ်ဥ္ကို လုံးဝမစားဘဲေနက အႏၲရာယ္ကင္းပါသည္။

စိတ္မခိုင္၍ စားလိုပါက မၽွစ္ခ်ဥ္ထဲသို႔ သံပုရာရည္ အႏွံ့ညႇစ္ခ်ၿပီး နာနာနယ္၍ ေရေဆးၿပီး စစ္ထားပါ။ ၿပီးမွ မိမိစိတ္ႀကိဳက္ခ်က္စားပါ။

သို႔မဟုတ္ မၽွစ္ခ်ဥ္ခ်က္ထဲသို႔ သံပုရာရည္ ညႇစ္ခ် ၿပီး ေမႊေႏွာက္ကာ ဟင္းအိုးကို မီးဖိုမွခ်၍ သုံးေဆာင္ပါ။ အဆိပ္အေတာက္နည္းသြားပါသည္။

၉။ ရင္က်ပ္ေရာဂါ မျဖစ္နိုင္ေအာင္ မန္က်ည္းသီးစိမ္းကို အေပၚမွ အေပြးခြံ ညိဳ ညစ္ညစ္မ်ားကို ျခစ္ထုတ္ၿပီး အစိမ္းေရာင္ မန္က်ည္းသီးသားမ်ားကိုသာ ေထာင္း၍ခ်က္စားသင့္ပါသည္။

အသက္ကို ဉာဏ္ေစာင့္၍ က်န္းမာရႊင္လန္းစြာေန ထိုင္နိုင္ၾကပါေစ…

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ Credit ေပးပါတယ္။