ဗဟုသုတ

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး

တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိူက်ဖူးမှာပါ။ ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။ မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ ငွေကိုစုဆောင်းနိုင်မယ့်နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်

(1) ၅၀/၃၀/၂၀ နည်း

-ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ်

သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲပါ

၅၀ရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ်စသည်) ဖယ်ပါ

၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိူအပ်သောအရာများအတွက်သုံးစွဲပါ (အဝတ်အစား၊ အသုံးအဆောင်)

၂၀ရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ

(2) ရိုးစင်းသောနည်း

တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ် လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ

တစ်ပိူင်းကိူ မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊ အပျော်အပါးကိစ္စများအတွက် ထားပါ။ အပျော်အပါးမက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိငွေမပြတ်တော့ဘူးပေါ့

(3) အခြေခံဝင်ငွေနည်း

ပုံမှန်ဝင်ငွေမရှိပေမယ့် ငွေစုလိုသူများအတွက် ရည်ရွယ်ပါတယ်

သင့်လစဉ် အနည်းဆုံးရသော ဝင်ငွေကိုတွက်ပါ။ထို့နောက် ကုန်ကျစရိတ်ကိုတွက်ပါ။ တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။ အဲ့ထဲကနေ နေ့စဉ်ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး ကျန်ငွေကို စုပါ။ အချိန်ကြာရင်စုငွေတွေ များလာပါမယ်

(4) တစ်ပတ်တစ်ကြိမ်ထုတ်နည်း

ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ်သူတွေအတွက်ပါ

သင့်တစ်လတာဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ ဘယ်လောက်ကို စုချင်လဲခွဲခြားပါ။ စုမယ့်ငွေကိုဖယ်ထားပါ။ သုံးဖို့ချန်ထားသောငွေကို ၄ပုံခွဲပါ။ တစ်ပတ်ကို၁ပုံစာပဲသုံးပါ။လစဉ်ဝင်ငွေကို ချိန်ဆပြီး သုံးစွဲပါ

Credit

Zawgyi

သင့္လက္ထဲမွာ ပိုက္ဆံမျပတ္ေအာင္သိထားသင့္တဲ့ အဖိုးတန္နည္းလမ္း (၄) မ်ိဳး

တစ္လတာဝင္ေငြကို စုမိဖို႔ေနေနသာသာ လကုန္ခါနီးတာနဲ႔ လက္ထဲေငြမေလာက္တာမ်ိဳး ႀကဳံႀကိဴက္ဖူးမွာပါ။ ဒါမ်ိဳးမျဖစ္ဖို႔အတြက္ ေငြယိုေပါက္ေတြကို ေသခ်ာရွာေဖြၿပီး လစဥ္စုမယ့္ေငြပမာဏကို (အနည္းအက်ဥ္းျဖစ္ေစ)သတ္မွတ္သင့္ပါတယ္။ ျမင္သမွ် ဝယ္ခ်င္ေနပါက သင္ တျပားမွ စုမိမွာမဟုတ္ပါဘူး။ ေငြကိုစုေဆာင္းႏိုင္မယ့္နည္းလမ္းေတြကိုေလ့လာၾကည့္ရေအာင္

(1) ၅၀/၃၀/၂၀ နည္း

-ပုံမွန္ဝင္ေငြရွိေပမယ့္ ေငြမစုမိသူမ်ားအတြက္ရည္႐ြယ္ပါတယ္

သင့္တစ္လတာဝင္ေငြကို ၃ ပုံခြဲပါ

၅၀ရာႏႈန္းကို လစဥ္ကုန္က်စရိတ္အတြက္ (ထမင္းစရိတ္၊ အိမ္စရိတ္ ၊ေဘလ္စသည္) ဖယ္ပါ

၃၀ရာႏႈန္းကို သိပ္အေရးမႀကီးေပမယ္ လိူအပ္ေသာအရာမ်ားအတြက္သုံးစြဲပါ (အဝတ္အစား၊ အသုံးအေဆာင္)

၂၀ရာႏႈန္းကို အနာဂတ္အတြက္စုေဆာင္းပါ

(2) ႐ိုးစင္းေသာနည္း

တအားစစ္စစ္စီစီ မစုခ်င္သူမ်ားအတြက္ ရည္႐ြယ္ပါတယ္ လစဥ္ဝင္ေငြကို ၂ပိုင္းခြဲပါ

တစ္ပိူင္းကိူ မျဖစ္မေနသုံးရမယ့္အရာေတြအတြက္ဖယ္ပါ။ ေနာက္တစ္ပိုင္းကို သင့္သြားလာလည္ပတ္စရိတ္၊ အေပ်ာ္အပါးကိစၥမ်ားအတြက္ ထားပါ။ အေပ်ာ္အပါးမက္သူမ်ားအတြက္ မစုျဖစ္ရင္ေတာင္မွ လကုန္ထိေငြမျပတ္ေတာ့ဘူးေပါ့

(3) အေျခခံဝင္ေငြနည္း

ပုံမွန္ဝင္ေငြမရွိေပမယ့္ ေငြစုလိုသူမ်ားအတြက္ ရည္႐ြယ္ပါတယ္

သင့္လစဥ္ အနည္းဆုံးရေသာ ဝင္ေငြကိုတြက္ပါ။ထို႔ေနာက္ ကုန္က်စရိတ္ကိုတြက္ပါ။ တစ္လအတြက္ အနည္းဆုံးဝင္ေငြက၂သိန္းဆိုပါစို႔။ အဲ့ထဲကေန ေန႔စဥ္ကုန္က်စရိတ္ကို စစ္စီစြာ ဖယ္ၿပီး က်န္ေငြကို စုပါ။ အခ်ိန္ၾကာရင္စုေငြေတြ မ်ားလာပါမယ္

(4) တစ္ပတ္တစ္ႀကိမ္ထုတ္နည္း

ေငြစုခ်င္ေပမယ့္ လမကုန္ခင္ေငြျပတ္ေနတတ္သူေတြအတြက္ပါ

သင့္တစ္လတာဝင္ေငြမွ ဘယ္ေလာက္ကို သုံးခ်င္လဲ ဘယ္ေလာက္ကို စုခ်င္လဲခြဲျခားပါ။ စုမယ့္ေငြကိုဖယ္ထားပါ။ သုံးဖို႔ခ်န္ထားေသာေငြကို ၄ပုံခြဲပါ။ တစ္ပတ္ကို၁ပုံစာပဲသုံးပါ။လစဥ္ဝင္ေငြကို ခ်ိန္ဆၿပီး သုံးစြဲပါ

Credit