VPN ကျော်သုံးနေရသူတိုင်း ဒီ (၆) ချက်စလုံးကို “လုံးဝ” သတိထားပါ
မြန်မာနိုင်ငံမှာ ဖြစ် ပေါ်နေတဲ့အခြေအနေတွေကြောင့် Facebook ကို ပိတ်ဆို့မှု ခံထားရပြီး VPN လို့ ခေါ်တဲ့ Virtual Private Network စနစ်တွေကို ခံသုံးနေရပြီဆိုရင် ဒီအချက် (၆) ချက်စလုံးကို သတိထား လိုက်နာဖို့ အရမ်း အရေးကြီးပါတယ်။
(၁) VPN ကျော်သုံးတာကြောင့် အင်တာနက်လိုင်းတွေ နှေးကွေးနိုင်ပါတယ်။ ဒါ့အပြင် Bandwidth တွေကို ကန့်သတ်ခံရပြီး မိမိထဲက ပိုနေတာတွေကို ပြန်ရောင်းစားတာ ခံရနိုင်ပါတယ်။
(၂) VPN ဆာဗာတွေက မိမိတို့ အသုံးပြုနေတာတွေကို ခြေရာခံနိုင်ပါတယ်။ ဘာတွေ သုံးစွဲနေတယ်၊ ဘာတွေ ပို့နေတယ်၊ ဘယ်သူနဲ့ ဆက်သွယ်နေတယ် ဆိုတာမျိုးတွေပါ။
(၃) Vpn သုံးထားရင် Facebook က လွဲပြီး အခြားတဲ့ App တွေကို ခံမသုံးပါနဲ့။ (ဒါက အရေးအကြီးဆုံး အချက်ပါ)
(၄) မြန်မာနိုင်ငံမှာ ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ ငွေပို့ ငွေလွှဲ App (ဥပမာ Wavepay Kbzpay) တွေနဲ့ Mobile Banking App တွေကို VPN ဖွင့်ပြီး မသုံးပါနဲ့ ။
တည်နေရာတွေ သိသွားနိုင်သလို ကိုယ့်ရဲ့ Account အချက်အလက်တွေပါ သိသွားနိုင်ပါတယ်။ ချိတ်ဆက်ထားတဲ့ App တွေရဲ့ လုံခြုံရေး စနစ်တွေက အကောင့် ပိတ်နိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
(၅) VPN ကျော်သုံးတဲ့သူတွေ သတိထားဖို့က Facebook အကောင့်ကို မကြာခန Log Out ထွက်လိုက် Log In ဝင်လိုက် မလုပ်ပါနဲ့။
ဖြစ်နိုင်ရင် ဖုန်းထဲမှာ FB ကို Log In တခါဝင်ပီး ပြန်မထွက်ပဲ သုံးနေတာ အကောင်းဆုံးပါ။ Lock ကျတတ်ပါတယ်။
(၆) VPN ချိတ်တဲ့ အခါမှာလည်း တစ်နိုင်ငံထဲကိုပဲ ချိတ်ရင် အကောင်းဆုံးပါ။ ဥပမာ ~
ပထမတစ်ခါမှာ Singapore ဆို နောက်ပြန်ချိတ်ရင်လဲ Singapore ကိုပဲ ပြန်ရွေးချိတ်ပါ။ကိုယ့် Accountကို Ban ခံရနိုင်ပါတယ်။
ဒီတော့ ဒီအချက်လေးတွေကို အထူးသတိထားကြဖို့ တင်ပြပေးလိုက်ပါတယ်။ ဘေးရန်ကင်းကြပါစေ။
Zawgyi