ဗဟိုဘဏ်မှ ပြည်တွင်း Money Changer တစ်ခုအား လိုင်စင်သုံးလဆိုင်းငံ့
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Family Moe Paing Co., Ltd ၏ 126 Money Changer အတွက် Money Changer License အား သုံးလဆိုင်းငံ့ကြောင်း အသိပေးကြေညာထား။
Family Moe Paing Co., Ltd ၏ 126 Money Changer အတွက် Money Changer License အား သုံးလဆိုင်းငံ့ခြင်း
၁၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၉-၈-၂၀၁၃) ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-122/2013 ရရှိထားသည့်
Family Moe Paing Co., Ltd (126 Money Changer) သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော
ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့်
ပုဒ်မ ၃၅ အရ Family Moe Paing Co., Ltd ၏ Money Changer လိုင်စင်အား (၁၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ သုံးလ ဆိုင်းငံ့ပါသည်။
၂။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ နေရာများတွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာ (၅) ခု တွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့် မရှိကြောင်း အသိပေးပါသည်
(က) အမှတ်(၁၃၉) ၊ (၃၄) လမ်း ၊ မြေညီထပ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို
(ခ) အမှတ်(၁၂၆)၊ မြေညီထပ်၊ ဆရာစံတောင်မြောက်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
(ဂ) အမှတ်(၁၀၈)၊ မြေညီထပ်၊ ဆရာစံတောင်မြောက်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
(ဃ) အမှတ်(၂၅/၂၇) ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဆရာစံရပ်ကွက် ၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
(င) အမှတ်(၃၁၂/ခ)၊ အရှေ့ရွှေဂုံတိုင်လမ်း ၊ ငါးထပ်ကြီး (တောင်)ရပ်ကွက် ၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့
credit
zawgyi
credit