ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသားရဲ့အဖြစ်ကတော့ ရယ်ရမလား ၊ ငိုရမလား ခွဲခြားလို့မရနိုင်အောင်ပါပဲ ။ အကြောင်းကတော့ သူတို့ဇနီးမောင်နှံ့ဟာ လက်ထပ်ခဲ့ကြတာ 10 ရက်ခန့်ရှိနေပြီဆိုပေမဲ့ ဇနီးသည်က အခုချိန်ထိ ထိတွေ့ခွင့်မပေးလို့ အဆိုပါအမျိုးသားဟာ ငိုကြွေးပြီး သူ့ရဲ့မိသားစုဝင်တွေရှေ့မှာ ရင်ဖွင့်နေခဲ့ကြတာပါ ။ ဒါကြောင့် မိသားစုဝင်တွေ
ကလည်း သူ့ရဲ့အဖြစ်ကို ရယ်ချင်နေကြပေမဲ့လည်း အတတ်နိုင်ဆုံး နှစ်သိမ့်ပေးနေရတာပါ ။ ဇနီးဖြစ်သူနဲ့ အတူအိပ်ပြီး သူမကို ပွေ့ဖက်ခဲ့ပေမဲ့လည်း သူမက လက်ကိုဖယ်ထုတ်ပစ်လိုက်ပြီး အခြားအရာကို ထပ်ပြီး တောင်းဆိုခွင့် မရှိကြောင်း သိရပါတယ် ။ တစ်ခါတစ်လေ ဇနီးဖြစ်သူက ဗိုက်နာလို့ အမေအိမ်ပြန်အိပ်မယ်ပြောလို့ အမျိုးသားက လိုက်အိပ်ခဲ့ပေမဲ့လည်း ခန်းဆီးချပြီး အခြားတစ်ဖက်ခြမ်းမှာ အိပ်ခိုင်းခဲ့ကြောင်း သိရပါတယ် ။
အဆိုပါအမျိုးသားရဲ့မိခင်ဖြစ်သူပြောပြချက်အရ သူကအိမ်ထောင်မကျခင်ကတည်းက အရမ်းချစ်တတ်တဲ့သူပါ ။ သူ့ဇနီးစားချင်တာမျိုးရှိရင် ဘယ်လောက်ဝေးဝေး ရောက်အောင် သွားဝယ်ပေးလေ့ရှိသူပါ ။ဒါကြောင့်လည်း ဘာအကြောင်းပြချက်နဲ့ အခုချိန်ထိ သူ့ခင်ပွန်းကို ထိတွေ့ခွင့်မပေးတာလည်းဆိုတာကိုတော့ မသိရပါဘူး ဆိုပြီးပြောပြခဲ့ပါတယ် ။
အဆိုပါအဖြစ်အပျက်ဟာ online ပေါ်မှာ ပျံ့နှံ့သွားပြီးနောက်မှာတော့ လူအတော်အများက အမျိုးသားအနေနဲ့ သူတို့စုံတွဲရဲ့ အတွင်းရေးကိစ္စကို မိခင်ဖြစ်သူကို မပြောပြသင့်ကြောင်း အဆိုပါလုပ်ရပ်က သူတို့စုံတွဲကို ပိုပြီးဝေးကွာစေမှာဖြစ်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။
Zawgyi
ဒီတစ္ေခါက္ေဖာ္ျပမဲ့ အမ်ိဳးသားရဲ႕အျဖစ္ကေတာ့ ရယ္ရမလား ၊ ငိုရမလား ခြဲျခားလို႔မရႏိုင္ေအာင္ပါပဲ ။ အေၾကာင္းကေတာ့ သူတို႔ဇနီးေမာင္ႏွံ႔ဟာ လက္ထပ္ခဲ့ၾကတာ 10 ရက္ခန္႔႐ွိေနၿပီဆိုေပမဲ့ ဇနီးသည္က အခုခ်ိန္ထိ ထိေတြ႔ခြင့္မေပးလို႔ အဆိုပါအမ်ိဳးသားဟာ ငိုေႂကြးၿပီး သူ႔ရဲ႕မိသားစုဝင္ေတြေ႐ွ႕မွာ ရင္ဖြင့္ေနခဲ့ၾကတာပါ ။ ဒါေၾကာင့္ မိသားစုဝင္ေတြကလည္း သူ႔ရဲ႕အျဖစ္ကို ရယ္ခ်င္ေနၾကေပမဲ့လည္း အတတ္ႏိုင္ဆံုး ႏွစ္သိမ့္ေပးေနရတာပါ ။ ဇနီးျဖစ္သူနဲ႔ အတူအိပ္ၿပီး သူမ
ကို ေပြ႔ဖက္ခဲ့ေပမဲ့လည္း သူမက လက္ကိုဖယ္ထုတ္ပစ္လိုက္ၿပီး အျခားအရာကို ထပ္ၿပီး ေတာင္းဆိုခြင့္ မ႐ွိေၾကာင္း သိရပါတယ္ ။ တစ္ခါတစ္ေလ ဇနီးျဖစ္သူက ဗိုက္နာလို႔ အေမအိမ္ျပန္အိပ္မယ္ေျပာလို႔ အမ်ိဳးသားက လိုက္အိပ္ခဲ့ေပမဲ့လည္း ခန္းဆီးခ်ၿပီး အျခားတစ္ဖက္ျခမ္းမွာ အိပ္ခိုင္းခဲ့ေၾကာင္း သိရပါတယ္ ။
အဆိုပါအမ်ိဳးသားရဲ႕မိခင္ျဖစ္သူေျပာျပခ်က္အရ သူကအိမ္ေထာင္မက်ခင္ကတည္းက အရမ္းခ်စ္တတ္တဲ့သူပါ ။ သူ႔ဇနီးစားခ်င္တာမ်ိဳး႐ွိရင္ ဘယ္ေလာက္ေဝးေဝး ေရာက္ေအာင္ သြားဝယ္ေပးေလ့႐ွိသူပါ ။ဒါေၾကာင့္လည္း ဘာအေၾကာင္းျပခ်က္နဲ႔ အခုခ်ိန္ထိ သူ႔ခင္ပြန္းကို ထိေတြ႔ခြင့္မေပးတာလည္းဆိုတာကိုေတာ့ မသိရပါဘူး ဆိုၿပီးေျပာျပခဲ့ပါတယ္ ။
အဆိုပါအျဖစ္အပ်က္ဟာ online ေပၚမွာ ပ်ံ့ႏွံ႔သြားၿပီးေနာက္မွာေတာ့ လူအေတာ္အမ်ားက အမ်ိဳးသားအေနနဲ႔ သူတို႔စံုတြဲရဲ႕ အတြင္းေရးကိစၥကို မိခင္ျဖစ္သူကို မေျပာျပသင့္ေၾကာင္း အဆိုပါလုပ္ရပ္က သူတို႔စံုတြဲကို ပိုၿပီးေဝးကြာေစမွာျဖစ္ေၾကာင္း မ်ိဳးစံုမွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္ ။
Jasmine (NIKHIT)