သင့်ဆီမှာရှိတဲ့ မှဲ့တွေ ကပြောတဲ့ သင့်အကြောင်း…
1 ) နဖူးပြင်တည့်တည့်တွင် မှဲ့ ရှိခဲ့လျှင် ငွေကြေးနှင့် ပတ်သက်၍ အစွပ်အစွဲ ခံရတတ်သည်။ ပူပင်သောက များလိမ့်မည်။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည် ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခနှင့် တွေ့ရတတ်ပါသည် ။
2 ) ညာဘက် မျက်ခုံးမွေးပေါ်တွင် မှဲ့ ရှိလျှင် ချမ်းသာ တတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ် အဝဝကိုသုံးဆောင် ခံစားရတတ်သည်
3 ) ဘယ်ဘက် မျက်ခုံးမွေး အပေါ်တွင် မှဲ့ ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်း နှစ်သက်တတ်ပါသည် ။
4 ) နှာခေါင်း တည့်တည့် ( နှာသီးထိပ်ဖျား) တွင် မှဲ့ ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှားပီး အောင်မြင်ကျော်ကြား တတ်ပါသည် ။
5 ) ညာဘက် မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာ ပွင့်လန်းတတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံကြား သနားစေ – ဟူသော ဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ ချစ်ခင်ခြင်း ခံရတတ်သည် ။
6 ) ဘယ်ဘက် မျက်ခမ်း အောက်နားတွင် မှဲ့ ရှိလျှင် လူမုန်း များတတ်သည်။ အလုပ် လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံတွေ့ရတတ်သည်။ ငယ်စဉ် အခါက ဆင်းရဲဒုက္ခအမျိုးမျိုး တွေ့ကြုံခဲ့ရလိမ့်မည်..။အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ ဇနီးမယားကို ချစ်ခင်သူ ဖြစ်မည်။ ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်
7 ) ညာဘက် ပါးမို့တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်း တတ်ပါသည် ။လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။ အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများအကျိုးဆောင်သည့် သာသနာပြုသော ပုဂ္ဂိုလ် ဖြစ်တတ်ပါသည် ။
8 ) ဘယ်ဘက် ပါးပေါ်တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းမချောများ (သို့မဟုတ်) ထင်ရှား ကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျ တတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည် ။
9 ) ညာဘက် ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ ဆင်းရပြင်ပန်းတတ်သည် ။
10 ) ဘယ်ဘက် ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာ ကြီးပွားတတ်သည်။ မည်သည့် အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည် ။
11 ) မေးစေ့ တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင် လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြား အောင်မြင်မည်..။
12 ) မေးစေ့နား တဝိုက်တွင် ထင်ရှားသော မှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့် ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည် ။
13 ) မျက်ရည် စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ, ယာ) တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။ (သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည် ။
14 ) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာ ကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ ဆင်းရဲလျှင်လည်း ခဏသာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ပြန်လည် ချမ်းသာတတ်ပါသည် ။
15 ) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်, ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစား ဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိက သူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသော သူဌေး ဖြစ်တတ်ပါသည် ။
16 ) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ် တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောကျ်ားတွင် မှဲ့စလွယ် ရှိခြင်းသည် ယခင် ဘဝဟောင်းက မင်းဖြစ်ခဲ့သူ ဖြစ်သည်ဟု အဆိုအမိန့် ရှိကြ၏ ။
မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့် ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံရတတ်သည်။ ဇနီးမယား အပေါ်တွင် သြဇာညောင်း တတ်ပါသည် ။
17 ) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန် ဖျတ်လတ်သူ ဖြစ်တတ်သည်။ လူမှုရေး ကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည် ။
18 ) တင်ပါး၏ ဘယ်ဘက် (သို့မဟတု်) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။ စိတ်သဘောထား နုတတ်သည်။ ယောကျ်ား ဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူ အနေအထိုင်များကို တွေ့ရတတ်သည် ။
19 ) ယောကျ်ားတန်ဆာ ထိပ်ဖူးနားတွင် မှဲ့ ရှိလျှင် မိန်းမတို့၏ ချစ်ခင်စွဲလမ်း နှစ်သက်ခြင်းကို ခံစားရတတ်ပါသည်။ ရှေးဆရာကြီး များ၏ အဆိုအမိန့်အရ မှဲ့များလေ ပို၍ အစွမ်းထက်လေဟု ဆိုကြ၏။ ထိပ်ဖူးနားတွင် မှဲ့နှစ်လုံးထက် ပိုလျှင် အိမ်ထောင်ဆက် များတတ်သည်။ တန်ဆာ၏ အရင်းပိုင်းတွင် မှဲ့ ပါရှိလျှင် မှဲ့မပါသကဲ့သို့ပင် စွမ်းအား မရှိဟု မှတ်ယူရပါမည်..။
20 ) ခြေဖဝါး အလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျ မနေရဘဲ ခြေသလုံးအိမ်တိုင် ဘဝဖြင့် သွားလာ နေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည် ။
21 ) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။ (သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။ တုတ်၊ ဓား၊ လှံ စသည့် လက်နက် ကိရိယာများကို ဆောင်ထားတတ်သည်။ တိုက်ခိုက်ရေး ပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည် ။
22 ) ရင်ညွန့် တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။ တရားဓမ္မ နှလုံးသွင်းတတ်သည်။ လောကီ သမထ ဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများ ရ၍ ပေါက်မြောက်နိုင်သည် ။
23 ) ညာဘက်လက်တွင် မှဲ့ ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည် ။
24 ) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ် တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။
ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက် ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည် ။
credit
Zawgyi
သင့္ဆီမွာရွိတဲ့ မွဲ႔ေတြ ကေျပာတဲ့ သင့္အေၾကာင္း…
1 ) နဖူးျပင္တည့္တည့္တြင္ မွဲ႔ ရွိခဲ့လွ်င္ ေငြေၾကးႏွင့္ ပတ္သက္၍ အစြပ္အစြဲ ခံရတတ္သည္။ ပူပင္ေသာက မ်ားလိမ့္မည္။ မိမိတြင္ ရွိသည္ထက္ပို၍ လူအမ်ားက ခ်မ္းသာသည္ ဟု ထင္ျမင္တတ္ျခင္းေၾကာင့္ ဒုကၡႏွင့္ ေတြ႕ရတတ္ပါသည္ ။
2 ) ညာဘက္ မ်က္ခုံးေမြးေပၚတြင္ မွဲ႔ ရွိလွ်င္ ခ်မ္းသာ တတ္ပါသည္။ ပစၥည္းဥစၥာ ျပည့္စုံလိမ့္မည္။ ေလာကီစည္းစိမ္ အဝဝကိုသုံးေဆာင္ ခံစားရတတ္သည္
3 ) ဘယ္ဘက္ မ်က္ခုံးေမြး အေပၚတြင္ မွဲ႔ ရွိလွ်င္ အရက္သမား၊ ၾကက္သမား၊ ေလာင္းကစားသမား ျဖစ္တတ္သည္။ ေလာင္းကစားမႈကို ဇနီးမယားထက္ပင္ ပိုမို၍ ခ်စ္ခ်င္စြဲလမ္း ႏွစ္သက္တတ္ပါသည္ ။
4 ) ႏွာေခါင္း တည့္တည့္ ( ႏွာသီးထိပ္ဖ်ား) တြင္ မွဲ႔ ရွိလွ်င္ စာေပ၊ ဇာတ္သဘင္၊ ေတးဂီတ အႏုပညာရပ္မ်ားျဖင့္ ထင္ရွားပီး ေအာင္ျမင္ေက်ာ္ၾကား တတ္ပါသည္ ။
5 ) ညာဘက္ မ်က္ခမ္းေအာက္တြင္ မွဲ႔ရွိလွ်င္ မ်က္ႏွာ ပြင့္လန္းတတ္သည္။ မ်က္ႏွာျမင္ ခ်စ္ခင္၍ အသံၾကား သနားေစ – ဟူေသာ ဆုေတာင္းျဖင့္ ျပည့္စုံသူျဖစ္သည္။ လူအမ်ား၏ ခ်စ္ခင္ျခင္း ခံရတတ္သည္ ။
6 ) ဘယ္ဘက္ မ်က္ခမ္း ေအာက္နားတြင္ မွဲ႔ ရွိလွ်င္ လူမုန္း မ်ားတတ္သည္။ အလုပ္ လုပ္ကိုင္ရာတြင္ အတိုက္အခံႏွင့္ ႀကဳံေတြ႕ရတတ္သည္။ ငယ္စဥ္ အခါက ဆင္းရဲဒုကၡအမ်ိဳးမ်ိဳး ေတြ႕ႀကဳံခဲ့ရလိမ့္မည္..။အခ်စ္ေရးတြင္ စြန႔္စားတတ္သည္။ တဇြတ္ထိုး လုပ္တတ္သည္။ ဇနီးမယားကို ခ်စ္ခင္သူ ျဖစ္မည္။ ဇနီးသည္၏ ၾသဇာလႊမ္းမိုးမႈကို ခံရတတ္ပါသည္
7 ) ညာဘက္ ပါးမို႔တြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ မိန္းကေလးမ်ား စိတ္ဝင္စားျခင္းကို ခံရတတ္သည္။ မ်က္ႏွာပြင့္လန္း တတ္ပါသည္ ။ေလာကကို တရားသေဘာျဖင့္ ရႈျမင္တတ္ေသာသူ ျဖစ္သည္။ အသက္ႀကီးရင့္လာလွ်င္ ရေသ ရဟန္း ျပဳတတ္သည္။ အမ်ားအက်ိဳးေဆာင္သည့္ သာသနာျပဳေသာ ပုဂၢိဳလ္ ျဖစ္တတ္ပါသည္ ။
8 ) ဘယ္ဘက္ ပါးေပၚတြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ မိန္းမေခ်ာမ်ား (သို႔မဟုတ္) ထင္ရွား ေက်ာ္ၾကားေသာ မိန္းမႏွင့္ အိမ္ေထာင္က် တတ္ပါသည္။ မိန္းမတို႔၏ ခ်စ္ခင္စြဲျခင္းကို အထူးသျဖင့္ ခံယူရတတ္ပါသည္ ။
9 ) ညာဘက္ ပါးျပင္၌ ေအာက္ဘက္နားတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာလွ်င္လည္း ခဏတာမွ်သာ ျဖစ္သည္။ ဆင္းရျပင္ပန္းတတ္သည္ ။
10 ) ဘယ္ဘက္ ပါးျပင္ေအာက္တြင္ ထင္ရွားစြာ မွဲ႔ရွိလွ်င္ ခ်မ္းသာ ႀကီးပြားတတ္သည္။ မည္သည့္ အလုပ္မဆို ေအာင္ျမင္၍ နာမည္ေက်ာ္ၾကား တတ္ပါသည္ ။
11 ) ေမးေစ့ တည့္တည့္တြင္ မွဲ႔ရွိလွ်င္ ကိုယ္ပိုင္ လုပ္ငန္းျဖင့္ ႀကီးပြားခ်မ္းသာ တတ္ပါသည္။ သတင္းေကာင္းျဖင့္ ေက်ာ္ၾကား ေအာင္ျမင္မည္..။
12 ) ေမးေစ့နား တဝိုက္တြင္ ထင္ရွားေသာ မွဲ႔ရွိလွ်င္ ဒုကၡဆင္းရဲ အမ်ိဳးမ်ိဳးတို႔ကို ႀကဳံေတြ႕ရတတ္ၿပီး ေနာက္ဆုံးတြင္ ေအာင္ျမင္တတ္သည္။ ကမာၻေက်ာ္သည့္ ပုဂၢိဳလ္ထူးမ်ားတြင္လည္း ပါရွိသည္ ။
13 ) မ်က္ရည္ စီးက်ရာ လမ္းေၾကာင့္တည့္တည့္ (ဝဲ, ယာ) တြင္ မွဲ႔ရွိလွ်င္ မယားဆုံးတတ္သည္။ (သို႔မဟုတ္) အိမ္ေထာင္ေရး ညံ့တတ္သည္။ စီးပြားရွာရာတြင္ ပင္ပန္းတတ္ပါသည္ ။
14 ) လည္ပင္းတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာ ႀကီးပြားတတ္သည္။ အလုပ္အကိုင္ အႀကံအစည္ ေအာင္ျမင္တတ္သည္။ ဆင္းရဲလွ်င္လည္း ခဏသာျဖစ္၍ မေမွ်ာ္လင့္ မထင္မွတ္ေသာ အေၾကာင္းတခုခုျဖင့္ ျပန္လည္ ခ်မ္းသာတတ္ပါသည္ ။
15 ) ဘယ္, ညာ လက္ေမာင္း (သို႔မဟုတ္) လက္ဖ်ံ ဘယ္, ညာတြင္ မွဲ႔ရွိလွ်င္ ဆင္းရဲသူျဖစ္ပါက လူလတ္တန္းစား ဘဝျဖင့္ အဆင္ေျပတတ္သည္။ အလယ္အလတ္တန္း အဆင့္ျဖစ္လွ်င္ ေဇာတိက သူေဌးကဲ့သို႔ ခ်မ္းသာႂကြယ္ဝေသာ သူေဌး ျဖစ္တတ္ပါသည္ ။
16 ) ရင္ဘတ္ ဘယ္ဘက္ႏွင့္ ညာဘက္တြင္ မွဲ႔တလုံးစီ ရွိ၍ ရင္ဘတ္အလယ္ တည့္တည့္တြင္ မွဲ႔တလုံး၊ ခါးနားတြင္ မွဲ႔တလုံး၊ ပါရွိျခင္းကို မွဲ႔စလြယ္ဟု ေခၚဆိုသည္။ အသက္ရွည္၍ ဗဟုသုတ ဉာဏ္အေျမာ္အျမင္ ႀကီးမားေသာ ေရွးလူႀကီးမ်ား၊ ရေသ့ ပညာရွိႀကီးမ်ား၏ အဆိုအမိန႔္အရ ေယာက်္ားတြင္ မွဲ႔စလြယ္ ရွိျခင္းသည္ ယခင္ ဘဝေဟာင္းက မင္းျဖစ္ခဲ့သူ ျဖစ္သည္ဟု အဆိုအမိန႔္ ရွိၾက၏ ။
မွဲ႔စလြယ္ ပါရွိေသာသူသည္ ဆင္းရဲဒုကၡႏွင့္ မႀကဳံရဘဲ အဆင့္အတန္းျမင့္သည့္ ဘဝမ်ိဳးႏွင့္ ေနႏိုင္ရလိမ့္မည္။ လူအမ်ား၏ ၾကည္ညိဳေလးစားျခင္းကို ခံရတတ္သည္။ ဇနီးမယား အေပၚတြင္ ၾသဇာေညာင္း တတ္ပါသည္ ။
17 ) ဘယ္ဘက္ (သို႔မဟုတ္) ညာဘက္ ေပါင္တြင္ မွဲ႔ရွိလွ်င္ လ်င္ျမန္ ဖ်တ္လတ္သူ ျဖစ္တတ္သည္။ လူမႈေရး ကိစၥ အဝဝကို သိနားလည္ၿပီး အကင္းပါးသူ ျဖစ္တတ္သည္ ။
18 ) တင္ပါး၏ ဘယ္ဘက္ (သို႔မဟတု္) ညာဘက္တြင္ မွဲ႔ရွိလွ်င္ အရွက္အေၾကာက္ အလြန္ႀကီးတတ္ပါသည္။ စိတ္သေဘာထား ႏုတတ္သည္။ ေယာက်္ား ျဖစ္ပါလ်က္ႏွင့္ တခါတရံတြင္ မိန္းမဆန္ေသာ အျပဳအမူ အေနအထိုင္မ်ားကို ေတြ႕ရတတ္သည္ ။
19 ) ေယာက်္ားတန္ဆာ ထိပ္ဖူးနားတြင္ မွဲ႔ ရွိလွ်င္ မိန္းမတို႔၏ ခ်စ္ခင္စြဲလမ္း ႏွစ္သက္ျခင္းကို ခံစားရတတ္ပါသည္။ ေရွးဆရာႀကီး မ်ား၏ အဆိုအမိန႔္အရ မွဲ႔မ်ားေလ ပို၍ အစြမ္းထက္ေလဟု ဆိုၾက၏။ ထိပ္ဖူးနားတြင္ မွဲ႔ႏွစ္လုံးထက္ ပိုလွ်င္ အိမ္ေထာင္ဆက္ မ်ားတတ္သည္။ တန္ဆာ၏ အရင္းပိုင္းတြင္ မွဲ႔ ပါရွိလွ်င္ မွဲ႔မပါသကဲ့သို႔ပင္ စြမ္းအား မရွိဟု မွတ္ယူရပါမည္..။
20 ) ေျခဖဝါး အလည္တည့္တည့္တြင္ မွဲ႔ရွိလွ်င္ တေနရာတည္းတြင္ အတည္တက် မေနရဘဲ ေျခသလုံးအိမ္တိုင္ ဘဝျဖင့္ သြားလာ ေနထိုင္ရကာ ဘဝဆုံးပါးပ်က္စီးတတ္ပါသည္ ။
21 ) ဘယ္ (သို႔မဟုတ္) ညာ ေျခဖမိုးတြင္ မွဲ႔မ်ားစြာ ပါရွိလွ်င္ သူရဲေကာင္းျဖစ္တတ္သည္။ (သို႔မဟုတ္) လူဆိုး၊ ဓားျပ ျဖစ္တတ္ပါသည္။ တုတ္၊ ဓား၊ လွံ စသည့္ လက္နက္ ကိရိယာမ်ားကို ေဆာင္ထားတတ္သည္။ တိုက္ခိုက္ေရး ပညာမ်ားတြင္လည္း ဝါသနာပါ၍ ပညာရွင္ျဖစ္တတ္သည္ ။
22 ) ရင္ၫြန႔္ တည့္တည့္တြင္ ထင္ရွားေသာ မွဲ႔ရွိလွ်င္ သူေတာ္ေကာင္း သူျမတ္ေလာင္း ျဖစ္တတ္သည္။ တရားဓမၼ ႏွလုံးသြင္းတတ္သည္။ ေလာကီ သမထ ဈာန္တန္ခိုးဘက္သို႔ လိုက္စားတတ္သည္။ သိဒၶိ မဟိဒၶိ တန္ခိုးမ်ား ရ၍ ေပါက္ေျမာက္ႏိုင္သည္ ။
23 ) ညာဘက္လက္တြင္ မွဲ႔ ပါရွိလွ်င္ ေငြေၾကးကို အေၾကာင္းျပဳ၍ အမႈျဖစ္တတ္ပါသည္။ ကပ္ေစးႏွဲသူ၊ မိမိကိုယ္က်ိဳး တခုတည္းကိုသာ ၾကည့္ျမင္တတ္သူ ျဖစ္တတ္ပါသည္ ။
24 ) လက္ဖဝါးျပင္၏ ဘယ္ ညာ ႏွစ္ဖက္စလုံး၏ အလယ္ တည့္တည့္တြင္ ထူးထူးျခားျခား မွဲ႔အစိမ္းတလုံး ပါရွိလွ်င္ လူအမ်ား၏ ၾကည္ညိဳေလးစားျခင္း ခံရေသာ ဘုန္းရွင္၊ ကံရွင္၊ ပါရမီရွင္ ျဖစ္တတ္ပါသည္။
ဝိဇၨာဓိုရ္၊ သိဒၶိရွင္၊ မဟိဒၶိရွင္ ပုဂၢိဳလ္မ်ားႏွင့္ ပ႒ာန္းဆက္ ရွိသူျဖစ္သည္။ ဝိဇၨာလမ္းသို႔ လိုက္စားလွ်င္ ဆရာသမားေကာင္းႏွင့္ ေတြ႕ၿပီး သိဒၶိရတတ္ပါသည္ ။
credit