ဗဟုသုတ

မြန်မာ့နည်းဖြင့် မြေကြီးအောက်တွင် ရေရှိ မရှိ ရေနီး မနီး ကွမ်းရွှက်ဖြင့်စမ်းသပ်တဲ့နည်း…

ရေ အသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။

ရေသည် မရှိမဖြစ် အဓိကလိုအပ်ချက် ဖြစ်နေသောကြောင့် ရေကိုအမျိုးမျိုး ရှာဖွေနေကြပါသည်။

တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။

ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်း

များ စသည်ဖြင့်စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။

ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေအနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိစမ်းသပ်သည့်

မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု

ဆရာတော်ကြီး၏ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊

လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။

မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက်ပထမဦးစွာ

ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။

ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။

အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကိုညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၎င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊

နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။

နံနက်မိုးလင်းသည်နှင့် ၎င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။

ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။

ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။

ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည် ခင်ဗျား။Credit- ဒီလှိုင်း(သပိတ်ကျင်း)

Unicode

ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည် ခင်ဗျား။

Credit- ဒီလှိုင်း(သပိတ်ကျင်း)