ဗဟုသုတ

ေခတ္နဲ႕အညီ လူငယ္ေတြ စလုပ္ၾကည့္သင့္တဲ့ ကိုယ္ပိုင္လုပ္ငန္း (၆) ခု (ခုလို အျပင္အလုပ္ေတြ အဆင္မေျပခ်ိန္မွာ ၾကိဳးစားၾကည့္သင့္တယ္ေနာ္…)

ေခတ္နဲ႕အညီ လူငယ္ေတြ စလုပ္ၾကည့္သင့္တဲ့ ကိုယ္ပိုင္လုပ္ငန္း (၆) ခု (ခုလို အျပင္အလုပ္ေတြ အဆင္မေျပခ်ိန္မွာ ၾကိဳးစားၾကည့္သင့္တယ္ေနာ္…)
ခု လူတိုင္းကေတာ့ ဝန္ထမ္းလုပ္ခ်င္လို႔ လုပ္ေနၾကတာမဟုတ္ပါဘူး။ ျဖစ္လာတဲ့ အေျခအေန အေၾကာင္းတရားအေပၚမူတည္ၿပီး အ႐ြယ္ေရာက္လာရင္ အလုပ္တစ္ခုေတာ့ ျဖစ္ေအာင္ ဝင္လုပ္ေနၾကတာပါ။

ဝန္ထမ္းဘဝမွာ ေပ်ာ္ေနသူေတြ ရွိေကာင္းရွိႏိုင္သလို ကိုယ္ပိုင္လုပ္ငန္း လုပ္ခ်င္သူေတြလည္း မနည္းလွပါဘူး။ကိုယ္ပိုင္လုပ္ငန္းတစ္ခုလုပ္ဖို႔ဆိုတာ ေျပာသေလာက္မလြယ္ေပမဲ့ အခုေခတ္မွာေတာ့ အခြင့္အလမ္းေတြ အမ်ားႀကီး ပြင့္လာပါၿပီ။

အဲဒါေၾကာင့္ အခုေခတ္မွာ ကိုယ္ပိုင္လုပ္ငန္းတစ္ခု လုပ္ၾကည့္ခ်င္တဲ့လူငယ္ေတြ စတင္ၿပီး လုပ္ၾကည့္သင့္တဲ့ ကိုယ္ပိုင္လုပ္ငန္း (၆)ခုကို ေဖာ္ျပေပးလိုက္ပါတယ္…။

(၁) Blogger

အခုေနာက္ပိုင္းမွာ အင္တာနက္အသုံးျပဳသူ မ်ားျပားလာတာနဲ႔အမွ် က႑အသီးသီး အတြက္ ဘေလာ့ဂ္ေတြ ေရးသားတဲ့ Blogger ေတြ ေပၚေပါက္ လာပါတယ္။

Blogger အမ်ိဳးမ်ိဳးရွိတဲ့အထဲမွာ အလွအပအၾကာင္းေရးတဲ့ Beauty Blogger၊ ခရီးေတြအေၾကာင္း ေရးတဲ့ Travel Bloggerနဲ႔ အစားအေသာက္အေၾကာင္းေရးတဲ့ Food Blogger တို႔ကေတာ့ အေတာ္ ေခတ္စားပါတယ္။

အဲဒီလို ဘေလာ့ဂ္ေတြေရးရင္း Social Influencer အျဖစ္ ပရိသတ္ေတြ အမ်ားႀကီး ရေနသူေတြလည္း မနည္းပါဘူး။ အဲဒီလို လူသိမ်ားလာေလ စီးပြားေရးလုပ္ငန္းေတြကလည္း ေၾကာ္ျငာအတြက္ အေနာက္က လိုက္လာေလပါပဲ။

အဲဒါေၾကာင့္ ဝါသနာပါမယ္ဆိုရင္ အခုေခတ္မွာ Bloggerအလုပ္နဲ႔ ရပ္တည္ဖို႔ ႀကိဳးစားၾကည့္သင့္ပါတယ္။

(၂) Personal Shopper

Personal Shopper ဆိုတာဟာ ဝယ္သူေတြလိုခ်င္တဲ့ပစၥည္းကို ရွာဝယ္ၿပီး တဆင့္ခံျပန္ေရာင္ေပးၾကတာမ်ိဳးပါ။Online Shopping ဆိုရင္လည္း မမွားပါဘူး။ အြန္လိုင္းအသုံးမ်ားလာတဲ့ေခတ္မွာ Online Shop လုပ္ငန္းေတြလည္း အေတာ္ေလး ေခတ္ထ လာပါတယ္။

မိမိကသာ တကယ္ကိုပစၥည္းမွန္ေဈးမွန္၊ ဝန္ေဆာင္မႈ ေကာင္းေကာင္းနဲ႔ Online Shop လုပ္ၿပီး ေဈးကြက္ ထိုးေဖာက္လိုက္မယ္ဆိုရင္ မေအာင္ျမင္စရာ အေၾကာင္းမရွိပါဘူး။ဒါေပမဲ့ ခ်က္ခ်င္း ထေအာင္ျမင္ဖို႔ မလြယ္ဘဲ နာမည္ရဖို႔အတြက္ အခ်ိန္ တစ္ခုေတာ့ ယူရမွာပါ။

၃။ Florist

အခုေခတ္မွာ ပန္းစည္းနဲ႔ လက္ေဆာင္ကဒ္ေတြ ေရာင္းတဲ့ဆိုင္ေလးေတြလည္း အေတာ္ေလးမ်ားလာပါၿပီ။ ခ်စ္သူမ်ားေန႔၊ ေမြးေန႔၊ အထိမ္းအမွတ္ေန႔ေတြဆိုရင္

ပန္းစည္း လွလွေလးေတြ ေပးေလ့ရွိတဲ့ဓေလ့ဟာ အေတာ္ ေခတ္စားလာတာေၾကာင့္အခုေခတ္မွာ Florist ဆိုင္ေလးဖြင့္ၿပီး ဝန္ေဆာင္မႈေကာင္းေကာင္းေပးႏိုင္ရင္လည္းအဆင္ေျပႏိုင္ပါတယ္။

၄။ Baker

အခုေနာက္ပိုင္းမွာ မုန႔္ဆိုင္ လွလွေလးေတြ ေပၚေပါက္လာသလို မုန႔္လွလွေလးေတြကို အြန္လိုင္းမွာတင္ၿပီး ေရာင္းၾကတာလည္းမနည္းပါဘူး။ မုန႔္ဖုတ္သင္တန္းေတြ

အေတာ္မ်ားမ်ားေပၚလာသလို ပေရာ္ဖက္ရွင္အတြက္ မဟုတ္ေတာင္ အေပ်ာ္သေဘာနဲ႔ အိမ္မွာေနရင္း မုန႔္ဖုတ္ေနသူေတြလည္းရွိပါတယ္။

အဲဒါေၾကာင့္ ခ်စ္စရာေကာင္းၿပီး အရသာရွိတဲ့မုန႔္ေတြနဲ႔ လူေတြကို ဆြဲေဆာင္ႏိုင္မယ့္ Baker လုပ္ငန္းကလည္း မဆိုးလွပါဘူး။

၅။ Photographer

အခုေနာက္ပိုင္းမွာ အရင္ထက္အမွတ္တရ ဓာတ္ပုံ႐ိုက္ကူးမႈေတြ ပိုမ်ား လာပါတယ္။ အရင္က ဘြဲ႕ဓာတ္ပုံ၊ မဂၤလာေဆာင္ပုံနဲ႔ အလႉမဂၤလာေတြ အတြက္သာ ႐ိုက္ၾကတာပါ။ဒီေခတ္မွာေတာ့

Pre-wedding, Friendship goal နဲ႔ Relationship goal တို႔ အပါအဝင္ တျခား အေပ်ာ္တမ္း အမွတ္တရ ဓာတ္ပုံ႐ိုက္တာေတြလည္း အေတာ္မ်ားလာ ပါတယ္။

အဲဒါေၾကာင့္ ဝါသနာပါၿပီး လက္ရာေကာင္းေကာင္းနဲ႔ ဓာတ္ပုံ႐ိုက္တတ္မယ္၊ အြန္လိုင္းမွာလည္း ေပါက္ေအာင္ လုပ္မယ္ဆိုရင္ Photographer ဟာလည္း လူငယ္ေတြ လုပ္ၾကည့္သင့္တဲ့အလုပ္တစ္ခု ပါပဲ။

၆။ Handmade

အခုေခတ္မွာ Handmade ပစၥည္းေလးေတြလည္း အရမ္း ေခတ္စား လာပါတယ္။ကီးခ်ိန္းေလးေတြ၊ လက္ေကာက္ ေလးေတြ၊ ပုတီးေစ့ေလးေတြ၊ ပန္းထိုး ပိုက္ဆံအိတ္ေတြ၊ ခဲပန္းခ်ီ စသျဖင့္ Handmade ျပဳလုပ္ႏိုင္တဲ့ ပစၥည္းေလြးေတြ အမ်ားႀကီး ရွိပါတယ္။

Handmade ေတြဟာ အခုေခတ္မွာ ေဈးေကာင္း ရသလို တန္ဖိုးထားၿပီးလည္း အသုံးျပဳၾကပါတယ္။ အဲဒါေၾကာင့္ လက္မႈပညာကို ေသခ်ာ သင္ယူၿပီး Handmade ေလးေတြ လုပ္ကာ အြန္လိုင္းေပၚတင္ေရာင္းတာမ်ိဳးကေနလည္း ကိုယ္ပိုင္လုပ္ငန္း စတင္ႏိုင္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္မ်ွေ၀ျခင္း ျဖစ္ပါသည္။

Unicode

ခေတ်နဲ့အညီ လူငယ်တွေ စလုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆) ခု (ခုလို အပြင်အလုပ်တွေ အဆင်မပြေချိန်မှာ ကြိုးစားကြည့်သင့်တယ်နော်…)
ခု လူတိုင်းကတော့ ဝန်ထမ်းလုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ ဖြစ်လာတဲ့ အခြေအနေ အကြောင်းတရားအပေါ်မူတည်ပြီး အရွယ်ရောက်လာရင် အလုပ်တစ်ခုတော့ ဖြစ်အောင် ဝင်လုပ်နေကြတာပါ။

ဝန်ထမ်းဘဝမှာ ပျော်နေသူတွေ ရှိကောင်းရှိနိုင်သလို ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်သူတွေလည်း မနည်းလှပါဘူး။ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ဆိုတာ ပြောသလောက်မလွယ်ပေမဲ့ အခုခေတ်မှာတော့ အခွင့်အလမ်းတွေ အများကြီး ပွင့်လာပါပြီ။

အဲဒါကြောင့် အခုခေတ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကြည့်ချင်တဲ့လူငယ်တွေ စတင်ပြီး လုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆)ခုကို ဖော်ပြပေးလိုက်ပါတယ်…။

(၁) Blogger

အခုနောက်ပိုင်းမှာ အင်တာနက်အသုံးပြုသူ များပြားလာတာနဲ့အမျှ ကဏ္ဍအသီးသီး အတွက် ဘလော့ဂ်တွေ ရေးသားတဲ့ Blogger တွေ ပေါ်ပေါက် လာပါတယ်။

Blogger အမျိုးမျိုးရှိတဲ့အထဲမှာ အလှအပအကြာင်းရေးတဲ့ Beauty Blogger၊ ခရီးတွေအကြောင်း ရေးတဲ့ Travel Bloggerနဲ့ အစားအသောက်အကြောင်းရေးတဲ့ Food Blogger တို့ကတော့ အတော် ခေတ်စားပါတယ်။

အဲဒီလို ဘလော့ဂ်တွေရေးရင်း Social Influencer အဖြစ် ပရိသတ်တွေ အများကြီး ရနေသူတွေလည်း မနည်းပါဘူး။ အဲဒီလို လူသိများလာလေ စီးပွားရေးလုပ်ငန်းတွေကလည်း ကြော်ငြာအတွက် အနောက်က လိုက်လာလေပါပဲ။

အဲဒါကြောင့် ဝါသနာပါမယ်ဆိုရင် အခုခေတ်မှာ Bloggerအလုပ်နဲ့ ရပ်တည်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

(၂) Personal Shopper

Personal Shopper ဆိုတာဟာ ဝယ်သူတွေလိုချင်တဲ့ပစ္စည်းကို ရှာဝယ်ပြီး တဆင့်ခံပြန်ရောင်ပေးကြတာမျိုးပါ။Online Shopping ဆိုရင်လည်း မမှားပါဘူး။ အွန်လိုင်းအသုံးများလာတဲ့ခေတ်မှာ Online Shop လုပ်ငန်းတွေလည်း အတော်လေး ခေတ်ထ လာပါတယ်။

မိမိကသာ တကယ်ကိုပစ္စည်းမှန်ဈေးမှန်၊ ဝန်ဆောင်မှု ကောင်းကောင်းနဲ့ Online Shop လုပ်ပြီး ဈေးကွက် ထိုးဖောက်လိုက်မယ်ဆိုရင် မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ဒါပေမဲ့ ချက်ချင်း ထအောင်မြင်ဖို့ မလွယ်ဘဲ နာမည်ရဖို့အတွက် အချိန် တစ်ခုတော့ ယူရမှာပါ။

၃။ Florist

အခုခေတ်မှာ ပန်းစည်းနဲ့ လက်ဆောင်ကဒ်တွေ ရောင်းတဲ့ဆိုင်လေးတွေလည်း အတော်လေးများလာပါပြီ။ ချစ်သူများနေ့၊ မွေးနေ့၊ အထိမ်းအမှတ်နေ့တွေဆိုရင်

ပန်းစည်း လှလှလေးတွေ ပေးလေ့ရှိတဲ့ဓလေ့ဟာ အတော် ခေတ်စားလာတာကြောင့်အခုခေတ်မှာ Florist ဆိုင်လေးဖွင့်ပြီး ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရင်လည်းအဆင်ပြေနိုင်ပါတယ်။

၄။ Baker

အခုနောက်ပိုင်းမှာ မုန့်ဆိုင် လှလှလေးတွေ ပေါ်ပေါက်လာသလို မုန့်လှလှလေးတွေကို အွန်လိုင်းမှာတင်ပြီး ရောင်းကြတာလည်းမနည်းပါဘူး။ မုန့်ဖုတ်သင်တန်းတွေ

အတော်များများပေါ်လာသလို ပရော်ဖက်ရှင်အတွက် မဟုတ်တောင် အပျော်သဘောနဲ့ အိမ်မှာနေရင်း မုန့်ဖုတ်နေသူတွေလည်းရှိပါတယ်။

အဲဒါကြောင့် ချစ်စရာကောင်းပြီး အရသာရှိတဲ့မုန့်တွေနဲ့ လူတွေကို ဆွဲဆောင်နိုင်မယ့် Baker လုပ်ငန်းကလည်း မဆိုးလှပါဘူး။

၅။ Photographer

အခုနောက်ပိုင်းမှာ အရင်ထက်အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုတွေ ပိုများ လာပါတယ်။ အရင်က ဘွဲ့ဓာတ်ပုံ၊ မင်္ဂလာဆောင်ပုံနဲ့ အလှူမင်္ဂလာတွေ အတွက်သာ ရိုက်ကြတာပါ။ဒီခေတ်မှာတော့

Pre-wedding, Friendship goal နဲ့ Relationship goal တို့ အပါအဝင် တခြား အပျော်တမ်း အမှတ်တရ ဓာတ်ပုံရိုက်တာတွေလည်း အတော်များလာ ပါတယ်။

အဲဒါကြောင့် ဝါသနာပါပြီး လက်ရာကောင်းကောင်းနဲ့ ဓာတ်ပုံရိုက်တတ်မယ်၊ အွန်လိုင်းမှာလည်း ပေါက်အောင် လုပ်မယ်ဆိုရင် Photographer ဟာလည်း လူငယ်တွေ လုပ်ကြည့်သင့်တဲ့အလုပ်တစ်ခု ပါပဲ။

၆။ Handmade

အခုခေတ်မှာ Handmade ပစ္စည်းလေးတွေလည်း အရမ်း ခေတ်စား လာပါတယ်။ကီးချိန်းလေးတွေ၊ လက်ကောက် လေးတွေ၊ ပုတီးစေ့လေးတွေ၊ ပန်းထိုး ပိုက်ဆံအိတ်တွေ၊ ခဲပန်းချီ စသဖြင့် Handmade ပြုလုပ်နိုင်တဲ့ ပစ္စည်းလွေးတွေ အများကြီး ရှိပါတယ်။

Handmade တွေဟာ အခုခေတ်မှာ ဈေးကောင်း ရသလို တန်ဖိုးထားပြီးလည်း အသုံးပြုကြပါတယ်။ အဲဒါကြောင့် လက်မှုပညာကို သေချာ သင်ယူပြီး Handmade လေးတွေ လုပ်ကာ အွန်လိုင်းပေါ်တင်ရောင်းတာမျိုးကနေလည်း ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။