ၾကားသိရသမွ်

မတ္လ ၂၈ မနက္ခင္း ၿဂိဳဟ္ စစ္ထိုးပြဲ….

ၿဂိဳဟ္ စစ္ထိုးပြဲ

၂၀၂၂ ခုႏွစ္ မတ္လ ၂၈ မနက္ခင္း ​ေနမထြက္မီ ၂ နာရီခန္႔ (နံနက္ ၃:၃၀ နာရီ မွ ၅ နာရီ)

မွာ အ​ေရွ႕ (​ေတာင္) ဘက္ ​ေကာင္းကင္ယံမွာ ၿဂိဳဟ္ နကၡတ္​ေတြ စီးခ်င္းထိုးၾက​ေတာ့မွာျဖစ္ပါတယ္။ ​

လင္းလက္​ေတာက္ပ​ေန​ေသာ ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္)၊

ခပ္မွိန္မွိန္ စ​ေနၿဂိဳဟ္ (​ေစတန္)၊ အနီ​ေရာင္ အဂၤါၿဂိဳဟ္ (မားစ္) တို႔အျပင္ တနလၤာၿဂိဳဟ္ျဖစ္တဲ့

တ​ေပါင္းလဆုတ္ လျခမ္း​ေကြး​ေကြးကိုပါ မကာရရာသီ ၾကယ္စုအတြင္း အတူတကြ ​ေတြ႕ျမင္ရႏိုင္ပါတယ္။

ဗီးနပ္စ္၊ ​ေစတန္ နဲ႔ လ တို႔ဟာ ၂၈ ရက္မနက္မွာ တတန္းတည္းအ​ေနအထား​ေလာက္အထိ က်​ေရာက္ႏိုင္ပါတယ္။ ​

ေစတန္ဟာ ​လွ်င္ျမန္စြာ ​ေ႐ြ႕လ်ား​ေနၿပီး ဧၿပီလဆန္းပိုင္းမွာ အဂၤါၿဂိဳဟ္ (မားစ္) နဲ႔ ​ေတြ႕ဆုံၾကဦးမွာ ျဖစ္ပါတယ္။

ဧၿပီ ၄ ရက္​ေန႔မွာ လ ဟာ ယူ​ေရးနပ္စ္ၿဂိဳဟ္ကို သြား​ေရာက္ဖုံးကြယ္မွာ ျဖစ္ပါတယ္။

ၾကာသပ​ေတးၿဂိဳဟ္ (ဂ်ဴပီတာ) ဟာ ကုမ္ရာသီထဲမွာ ​ေရာက္ရွိ​ေနၿပီး ဗုဒၶဟူးၿဂိဳဟ္ (မာက်ဴရီ) ဟာ

ဧၿပီ ၃ ရက္​ေန႔မွာ မိန္ရာသီ အတြင္းက ​တနဂၤ​ေႏြၿဂိဳဟ္ (​ေနမင္းႀကီး) ရဲ႕ အ​ေပၚက​ေန ျဖတ္သန္းမွာ ျဖစ္ပါတယ္။

မတ္လ ကုန္ နဲ႔ ဧၿပီလဆန္းပိုင္းမွာ ၿဂိဳဟ္စစ္ထိုးပြဲမ်ားႏွင့္အတူ ထူးျခားမည့္ ျဖစ္စဥ္မ်ား ကမာၻအဝွမ္းမွာ ႀကဳံ​ေတြ႕လာႏိုင္ပါတယ္။

အာကာသဝါသနာရွင္မ်ားအတြက္..

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

Unicode,

ဂြိုဟ် စစ်ထိုးပွဲ

၂၀၂၂ ခုနှစ် မတ်လ ၂၈ မနက်ခင်း နေမထွက်မီ ၂ နာရီခန့် (နံနက် ၃:၃၀ နာရီ မှ ၅ နာရီ)

မှာ အရှေ့ (တောင်) ဘက် ကောင်းကင်ယံမှာ ဂြိုဟ် နက္ခတ်တွေ စီးချင်းထိုးကြတော့မှာဖြစ်ပါတယ်။

လင်းလက်တောက်ပနေသော သောကြာဂြိုဟ် (ဗီးနပ်စ်)၊

ခပ်မှိန်မှိန် စနေဂြိုဟ် (စေတန်)၊ အနီရောင် အင်္ဂါဂြိုဟ် (မားစ်) တို့အပြင် တနင်္လာဂြိုဟ်ဖြစ်တဲ့

တပေါင်းလဆုတ် လခြမ်းကွေးကွေးကိုပါ မကာရရာသီ ကြယ်စုအတွင်း အတူတကွ တွေ့မြင်ရနိုင်ပါတယ်။

ဗီးနပ်စ်၊ စေတန် နဲ့ လ တို့ဟာ ၂၈ ရက်မနက်မှာ တတန်းတည်းအနေအထားလောက်အထိ ကျရောက်နိုင်ပါတယ်။

စေတန်ဟာ လျှင်မြန်စွာ ရွေ့လျားနေပြီး ဧပြီလဆန်းပိုင်းမှာ အင်္ဂါဂြိုဟ် (မားစ်) နဲ့ တွေ့ဆုံကြဦးမှာ ဖြစ်ပါတယ်။

ဧပြီ ၄ ရက်နေ့မှာ လ ဟာ ယူရေးနပ်စ်ဂြိုဟ်ကို သွားရောက်ဖုံးကွယ်မှာ ဖြစ်ပါတယ်။

ကြာသပတေးဂြိုဟ် (ဂျူပီတာ) ဟာ ကုမ်ရာသီထဲမှာ ရောက်ရှိနေပြီး ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ) ဟာ

ဧပြီ ၃ ရက်နေ့မှာ မိန်ရာသီ အတွင်းက တနင်္ဂနွေဂြိုဟ် (နေမင်းကြီး) ရဲ့ အပေါ်ကနေ ဖြတ်သန်းမှာ ဖြစ်ပါတယ်။

မတ်လ ကုန် နဲ့ ဧပြီလဆန်းပိုင်းမှာ ဂြိုဟ်စစ်ထိုးပွဲများနှင့်အတူ ထူးခြားမည့် ဖြစ်စဉ်များ ကမ္ဘာအဝှမ်းမှာ ကြုံတွေ့လာနိုင်ပါတယ်။

အာကာသဝါသနာရှင်များအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)