ၾကားသိရသမွ်

ပရိသတ်မုန်းအောင်သရုပ်ဆောင်နိုင်လွန်သူ အတင်းပြောမိန်းမကြမ်းကာရိုက်တာနဲ့ တစ်ခေတ်တစ်ခါကသရုပ်ဆောင် ခင်အေးဟန်

တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေထဲမှာ လူမုန်းများအောင်သရုပ်ဆောင်နိုင်ခဲ့ပြီး သဏ္ဌာန်လုပ်သရုပ်တူအောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တာကြောင့်မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အမုန်းတော်ခံ ဇာတ်ပို့သရုပ်ဆောင် ‌ဒေါ်ခင်အေးဟန် ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်အဖြူအမည်းခေတ်ကာလ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ မိန်းမကြမ်းကြီးနေရာကနေ ပါဝင်သရုပ်ဆောင်ပြီး ရပ်ကွက်တကာလှည့် လူတိုင်းနဲ့ အတင်းပြောသူ ဇာတ်ကောင်ကာရိုက်တာကို သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

အရင်ခေတ်က မြန်မာ့ရုပ်ရှင်နှစ်မွှာအသဲ ရုပ်ရှင်ဇာတ်ကားထဲက ဒေါ်မြလေးရဲ့ ဇာတ်ဝင်းစကားတစ်ခွန်းဖြစ်တဲ့ ” မပြောချင်ဘူး မပြောချင်ဘူး ပြော့ကိုမပြောချင်ဘူး ” ဆိုတဲ့ ဇာတ်ဝင်စကားတစ်လုံးဟာ အဲ့ဒီခေတ်ကာလမှာ ခေတ်စားခဲ့သလို ပရိသတ်အမုန်းတော်ခံသရုပ်ဆောင်‌ဒေါ်ခင်အေးဟန်လည်း မိန်းမကြမ်းကြီးဇာတ်ရုပ်နဲ့ တစ်ခုခုဆိုစိတ်မရှည်တဲ့အမူအယာသရုပ်ဆောင်တဲ့အခါတိုင်းမျက်နှာကြီးကို မဲ့ကာရွဲ့ကာနှုတ်ခမ်းထော်ပြီး မျက်လုံးပြူးပြောလေ့ရှိတဲ့ ” မပြောချင်ဘူး မပြောချင်ဘူး ပြော့ကိုမပြောချင်ဘူး ” ဆိုတဲ့စကားအစချီလို့သရုပ်ဆောင်ခဲ့တဲ့ ပြကွက်တွေကို အခုချိန် အသက် ၃၅ နှစ်ကျော် ပရိသတ်တွေ မြင်ယောင်သတိရဦးမယ်ထင်ပါတယ်။

အဲ့ဒီလို ပရိသတ်တွေမုန်းလောက်အောင်ထိ ဇာတ်ကောင်ကာရိုက်တာသရုပ်ဆောင်ပီပြင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ‌‌ဒေါ်ခင်အေးဟန်ကို ၁၉၃၇ ခုနှစ် အောက်တိုဘာ ၁၂ ရက် ဖခင်ဦးသိန်း နဲ့ မိခင်ဒေါ်သိန်းမယ်တို့မှ တွံတေးမှာမွေးဖွားခဲ့ပါတယ်။ နာမည်အရင်းမှာ အေးဟန်ဖြစ်ပြီး အထက်တန်းပညာကို ရန်ကုန်မြို့မအထက်တန်းကျောင်းမှာ (ခ)အဆင့်နဲ့သာ အောင်မြင်ခဲ့ပြီးနောက် ကန်တော်ကလေး ဘားမားမူစလင်ကျောင်း (ယခု အထက ၆ မင်္ဂလာတောင်ညွန့်) မှာ ၁၉၅၅-၅၇ ကာလအထိဆရာမအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ ပညာရေးကိုဇွဲမလျော့ဘဲ ထားဝယ်မှာ ဆယ်တန်းထပ်ဖြေခဲ့ပေမယ့်လည်းကျခဲ့တာကြောင့် မယ်ရွေးပွဲဝင်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပြီး ထားဝယ်မယ် အေးဟန် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကနေစ အနုပညာလောကထဲဝင်မယ်ဆိုပြီး ရန်ကုန်ကိုပြန်လာခဲ့ပြီး သိမ်ဖြူမယ်ရွေးပွဲကို ဆက်လက်ဝင်ပြိုင်ခဲ့ရာ အနိုင်ဆုရခဲ့ပြီး သိမ်ဖြူမယ်ခင်အေးဟန် ထပ်ဖြစ်ခဲ့ပြန်ပါတယ်။

၁၉၆၀ ခုနှစ်မှာ ဒါရိုက်တာ ဦးတင်ယု ရိုက်ကူးခဲ့တဲ့ အဝိုင်း နဲ့ လေးထောင့် ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ပို့နေရာက နေ စတင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်‌လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။အဲ့ဒီဇာတ်ကားကနေတဆင့် ရုပ်ရှင်ဇာတ်ကားများမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဆက်လက်ရိုက်ကူးခဲ့ရာ ဇင်းကျိုက်တောင် သိုက်သမိုင်း ရာဇဝင်ဇာတ်ကား ရိုက်ကူးပြီးနောက် ရုပ်ရှင်လောကမှာ ခေတ္တခဏ အနားယူခဲ့ပြီး ကုန်သွယ်ရေးဌာနမှာ စာရေးမအဖြစ် ၁၉၆၃-၆၉ ကာလအထိ အလုပ်ဝင်ခဲ့ပါတယ်။

တဖန် ရုပ်ရှင်လောကထဲကို ဒီကောင်းမ‌လေး ရုပ်ရှင်ဇာတ်ကား နဲ့ ဒုတိယအကြိမ်‌မြောက်ပြန်ဝင်လာခဲ့ပြီးနောက် အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့ကာ ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုဆက်လက်ရိုက်ကူးနိုင်ခဲ့ပြီး ပရိသတ်တွေရင်ထဲမှာ သရုပ်ဆောင် ခင်အေးဟန် ဆိုပြီး ချစ်ခင်အားပေးလာခဲ့ကြပါတယ်။

သရုပ်ဆောင်ခင်အေးဟန် ဟာ ရုပ်ရှင်သရုပ်ဆောင်အပြင် အသံသရုပ်ဆောင်လည်းဖြစ်သလို ရုပ်ရှင်လောက ထဲမဝင်ခင် ၁၉၅၀ ခုနှစ်မှာစ စာနယ်ဇင်းလောကမှာလည်း ကဗျာ ဆောင်းပါးများစွာရေးသားခဲ့ဖူးသူဖြစ်ပြီး ငယ်စဥ်ကတည်းက စာပေဝါသနာကြီးသူတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင်ခင်အေးဟန် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများနဲ့ အသံဇာတ်လမ်းများမှာ ရပ်ကြီးသူ (၁၉၇၅) ၊ ချစ်ခြင်းဆိုသည် ဘာလဲကွယ် ၊စိမ်းလို့သာခေါ်လိုက်ပါ (၁၉၈၄)၊ကျားခင်စိန် (၁၉၉၃)၊နော်ရင်မွှေး (၁၉၉၄)၊တုယှဉ်နှိုင်းလည်းမမီပါ (၁၉၉၇)၊ တို့ ဇာတ်ကားများအပြင် အသံသရုပ်ဆောင်ကက်ဆက်ဇာတ်လမ်များမှာ ပြောပြန်ရင်လဲ မောင်သာရလွန်ရာကျမယ် ၊ထီးဆောင်းပြောတဲ့ပတ်ဝန်းကျင် ၊စိတ် ၊အချစ်သုတေသနဇာတ်လမ်း ၊မိသားစုဘဝ စတဲ့ ရုပ်ရှင်နဲ့ ကက်ဆက်ဇာတ်လမ်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ တဆင့်ပြန်လည်လေ့လာသိရှိရပါတယ်။

သရုပ်ဆောင်ခင်အေးဟန်ဟာ အနုပညာလောကမှာ ဝါသနာတူ သရုပ်ဆောင်အေးကျော် နဲ့ လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ပြီး သူ့ချစ်တဲ့ ရုပ်ရှင်အနုပညာအလုပ်တွေကို ကွယ်လွန်ချိန် ၂၀၀၆ ခုနှစ်အထိ ဆက်လက်လုပ်ကိုင်ခဲ့တဲ့ အနုပညာအလုပ်ပေါ် သစ္စာရှိသော ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ရုပ်ရှင်လောက သဘာဝ တာဝန်အရ ဆေးစက်ကျရာ အရုပ်ထင် သဏ္ဌာန်လုပ်သရုပ်တူအောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တဲ့ အတင်းပြော မိန်းမကြမ်းကြီး ဇာတ်ကောင်ကာရိုက်တာတွေကနေ ပရိသတ်မုန်းအောင် အသုံးတော်ခံခဲ့တဲ့ အနုပညာတာဝန်ကျေခဲ့သူဖြစ်တာ‌ကြောင့် ယနေ့အချိန်ထိသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ပရိသတ်တွေအချစ်တော်ဇာတ်ပို့သရုပ်ဆောင်မင်းသမီးကြီးတစ်ယောက်ဖြစ်နေဦးမှာ ဧကန် အမှန်ပဲမို့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာများနဲ့ ထိုက်တန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကြောင်း တစ်ဆင့်ပြန်လည်လေ့လာ သတိတရမှတ်တမ်းတင်ဂုဏ်ပြုရေးသားဖော်ပြလိုက်ရပါတယ်။

Zawgyi

တစ္ေခတ္တစ္ခါက ျမန္မာ့႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ လူမုန္းမ်ားေအာင္သ႐ုပ္ေဆာင္နိုင္ခဲ့ၿပီး သဏၭာန္လုပ္သ႐ုပ္တူေအာင္ သဘာဝက်က် သ႐ုပ္ေဆာင္နိုင္ခဲ့တာေၾကာင့္ျမန္မာ့႐ုပ္ရွင္ခ်စ္ ပရိသတ္ေတြရဲ႕ အမုန္းေတာ္ခံ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေဒၚခင္ေအးဟန္ ျဖစ္ပါတယ္။

ျမန္မာ့႐ုပ္ရွင္အျဖဴအမည္းေခတ္ကာလ ႐ုပ္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ မိန္းမၾကမ္းႀကီးေနရာကေန ပါဝင္သ႐ုပ္ေဆာင္ၿပီး ရပ္ကြက္တကာလွည့္ လူတိုင္းနဲ႕ အတင္းေျပာသူ ဇာတ္ေကာင္ကာရိုက္တာကို သဘာဝက်က် သ႐ုပ္ေဆာင္နိုင္ခဲ့သူျဖစ္ပါတယ္။

အရင္ေခတ္က ျမန္မာ့႐ုပ္ရွင္ႏွစ္မႊာအသဲ ႐ုပ္ရွင္ဇာတ္ကားထဲက ေဒၚျမေလးရဲ႕ ဇာတ္ဝင္းစကားတစ္ခြန္းျဖစ္တဲ့ မေျပာခ်င္ဘူး မေျပာခ်င္ဘူး ေျပာ့ကိုမေျပာခ်င္ဘူး ဆိုတဲ့ ဇာတ္ဝင္စကားတစ္လုံးဟာ အဲ့ဒီေခတ္ကာလမွာ ေခတ္စားခဲ့သလို ပရိသတ္အမုန္းေတာ္ခံသ႐ုပ္ေဆာင္ေဒၚခင္ေအးဟန္လည္း မိန္းမၾကမ္းႀကီးဇာတ္႐ုပ္နဲ႕ တစ္ခုခုဆိုစိတ္မရွည္တဲ့အမူအယာသ႐ုပ္ေဆာင္တဲ့အခါတိုင္းမ်က္ႏွာႀကီးကို မဲ့ကာ႐ြဲ႕ကာႏႈတ္ခမ္းေထာ္ၿပီး မ်က္လုံးျပဴးေျပာေလ့ရွိတဲ့ မေျပာခ်င္ဘူး မေျပာခ်င္ဘူး ေျပာ့ကိုမေျပာခ်င္ဘူး ဆိုတဲ့စကားအစခ်ီလို႔သ႐ုပ္ေဆာင္ခဲ့တဲ့ ျပကြက္ေတြကို အခုခ်ိန္ အသက္ ၃၅ ႏွစ္ေက်ာ္ ပရိသတ္ေတြ ျမင္ေယာင္သတိရဦးမယ္ထင္ပါတယ္။

အဲ့ဒီလို ပရိသတ္ေတြမုန္းေလာက္ေအာင္ထိ ဇာတ္ေကာင္ကာရိုက္တာသ႐ုပ္ေဆာင္ပီျပင္ခဲ့တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေဒၚခင္ေအးဟန္ကို ၁၉၃၇ ခုႏွစ္ ေအာက္တိုဘာ ၁၂ ရက္ ဖခင္ဦးသိန္း နဲ႕ မိခင္ေဒၚသိန္းမယ္တို႔မွ တြံေတးမွာေမြးဖြားခဲ့ပါတယ္။ နာမည္အရင္းမွာ ေအးဟန္ျဖစ္ၿပီး အထက္တန္းပညာကို ရန္ကုန္ၿမိဳ႕မအထက္တန္းေက်ာင္းမွာ (ခ)အဆင့္နဲ႕သာ ေအာင္ျမင္ခဲ့ၿပီးေနာက္ ကန္ေတာ္ကေလး ဘားမားမူစလင္ေက်ာင္း (ယခု အထက ၆ မဂၤလာေတာင္ၫြန႔္) မွာ ၁၉၅၅-၅၇ ကာလအထိဆရာမအျဖစ္ အလုပ္ဝင္ခဲ့ပါတယ္။ ပညာေရးကိုဇြဲမေလ်ာ့ဘဲ ထားဝယ္မွာ ဆယ္တန္းထပ္ေျဖခဲ့ေပမယ့္လည္းက်ခဲ့တာေၾကာင့္ မယ္ေ႐ြးပြဲဝင္ၿပိဳင္ခဲ့ရာမွာ အနိုင္ရခဲ့ၿပီး ထားဝယ္မယ္ ေအးဟန္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီကေနစ အႏုပညာေလာကထဲဝင္မယ္ဆိုၿပီး ရန္ကုန္ကိုျပန္လာခဲ့ၿပီး သိမ္ျဖဴမယ္ေ႐ြးပြဲကို ဆက္လက္ဝင္ၿပိဳင္ခဲ့ရာ အနိုင္ဆုရခဲ့ၿပီး သိမ္ျဖဴမယ္ခင္ေအးဟန္ ထပ္ျဖစ္ခဲ့ျပန္ပါတယ္။

၁၉၆၀ ခုႏွစ္မွာ ဒါရိုက္တာ ဦးတင္ယု ရိုက္ကူးခဲ့တဲ့ အဝိုင္း နဲ႕ ေလးေထာင့္ ႐ုပ္ရွင္ဇာတ္ကားမွာ ဇာတ္ပို႔ေနရာက ေန စတင္ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ႐ုပ္ရွင္ေလာကထဲကို ဝင္ေရာက္ခဲ့ပါတယ္။အဲ့ဒီဇာတ္ကားကေနတဆင့္ ႐ုပ္ရွင္ဇာတ္ကားမ်ားမွာ ဇာတ္ပို႔သ႐ုပ္ေဆာင္အျဖစ္ ဆက္လက္ရိုက္ကူးခဲ့ရာ ဇင္းက်ိဳက္ေတာင္ သိုက္သမိုင္း ရာဇဝင္ဇာတ္ကား ရိုက္ကူးၿပီးေနာက္ ႐ုပ္ရွင္ေလာကမွာ ေခတၱခဏ အနားယူခဲ့ၿပီး ကုန္သြယ္ေရးဌာနမွာ စာေရးမအျဖစ္ ၁၉၆၃-၆၉ ကာလအထိ အလုပ္ဝင္ခဲ့ပါတယ္။

တဖန္ ႐ုပ္ရွင္ေလာကထဲကို ဒီေကာင္းမေလး ႐ုပ္ရွင္ဇာတ္ကား နဲ႕ ဒုတိယအႀကိမ္ေျမာက္ျပန္ဝင္လာခဲ့ၿပီးေနာက္ အႏုပညာအလုပ္ေတြကို တစ္စိုက္မတ္မတ္လုပ္ကိုင္ခဲ့ကာ ႐ုပ္ရွင္ နဲ႕ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာကိုဆက္လက္ရိုက္ကူးနိုင္ခဲ့ၿပီး ပရိသတ္ေတြရင္ထဲမွာ သ႐ုပ္ေဆာင္ ခင္ေအးဟန္ ဆိုၿပီး ခ်စ္ခင္အားေပးလာခဲ့ၾကပါတယ္။

သ႐ုပ္ေဆာင္ခင္ေအးဟန္ ဟာ ႐ုပ္ရွင္သ႐ုပ္ေဆာင္အျပင္ အသံသ႐ုပ္ေဆာင္လည္းျဖစ္သလို ႐ုပ္ရွင္ေလာက ထဲမဝင္ခင္ ၁၉၅၀ ခုႏွစ္မွာစ စာနယ္ဇင္းေလာကမွာလည္း ကဗ်ာ ေဆာင္းပါးမ်ားစြာေရးသားခဲ့ဖူးသူျဖစ္ၿပီး ငယ္စဥ္ကတည္းက စာေပဝါသနာႀကီးသူတစ္ေယာက္ျဖစ္တယ္လို႔လည္း သိရပါတယ္။

သ႐ုပ္ေဆာင္ခင္ေအးဟန္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ နာမည္ေက်ာ္ ႐ုပ္ရွင္ဇာတ္ကားမ်ားနဲ႕ အသံဇာတ္လမ္းမ်ားမွာ ရပ္ႀကီးသူ (၁၉၇၅) ၊ ခ်စ္ျခင္းဆိုသည္ ဘာလဲကြယ္ ၊စိမ္းလို႔သာေခၚလိုက္ပါ (၁၉၈၄)၊က်ားခင္စိန္ (၁၉၉၃)၊ေနာ္ရင္ေမႊး (၁၉၉၄)၊တုယွဥ္ႏွိုင္းလည္းမမီပါ (၁၉၉၇)၊ တို႔ ဇာတ္ကားမ်ားအျပင္ အသံသ႐ုပ္ေဆာင္ကက္ဆက္ဇာတ္လမ္မ်ားမွာ ေျပာျပန္ရင္လဲ ေမာင္သာရလြန္ရာက်မယ္ ၊ထီးေဆာင္းေျပာတဲ့ပတ္ဝန္းက်င္ ၊စိတ္ ၊အခ်စ္သုေတသနဇာတ္လမ္း ၊မိသားစုဘဝ စတဲ့ ႐ုပ္ရွင္နဲ႕ ကက္ဆက္ဇာတ္လမ္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တယ္လို႔ တဆင့္ျပန္လည္ေလ့လာသိရွိရပါတယ္။

သ႐ုပ္ေဆာင္ခင္ေအးဟန္ဟာ အႏုပညာေလာကမွာ ဝါသနာတူ သ႐ုပ္ေဆာင္ေအးေက်ာ္ နဲ႕ လက္ထပ္ေပါင္းသင္းေနထိုင္ခဲ့ၿပီး သူ႕ခ်စ္တဲ့ ႐ုပ္ရွင္အႏုပညာအလုပ္ေတြကို ကြယ္လြန္ခ်ိန္ ၂၀၀၆ ခုႏွစ္အထိ ဆက္လက္လုပ္ကိုင္ခဲ့တဲ့ အႏုပညာအလုပ္ေပၚ သစၥာရွိေသာ ဝါရင့္အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။

႐ုပ္ရွင္ေလာက သဘာဝ တာဝန္အရ ေဆးစက္က်ရာ အ႐ုပ္ထင္ သဏၭာန္လုပ္သ႐ုပ္တူေအာင္ သဘာဝက်က် သ႐ုပ္ေဆာင္နိုင္ခဲ့တဲ့ အတင္းေျပာ မိန္းမၾကမ္းႀကီး ဇာတ္ေကာင္ကာရိုက္တာေတြကေန ပရိသတ္မုန္းေအာင္ အသုံးေတာ္ခံခဲ့တဲ့ အႏုပညာတာဝန္ေက်ခဲ့သူျဖစ္တာေၾကာင့္ ယေန႕အခ်ိန္ထိသာ သက္ရွိထင္ရွား ရွိေနဦးမယ္ဆိုရင္ ပရိသတ္ေတြအခ်စ္ေတာ္ဇာတ္ပို႔သ႐ုပ္ေဆာင္မင္းသမီးႀကီးတစ္ေယာက္ျဖစ္ေနဦးမွာ ဧကန္ အမွန္ပဲမို႔ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာမ်ားနဲ႕ ထိုက္တန္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ေၾကာင္း တစ္ဆင့္ျပန္လည္ေလ့လာ သတိတရမွတ္တမ္းတင္ဂုဏ္ျပဳေရးသားေဖာ္ျပလိုက္ရပါတယ္။