”ဖုန်းမပြောရနယ်မြေ (သို့မဟုတ်) ဇီးရိုးမိုင်
ယောလင်းထန် —မဇ္ဈိမ
“ခင်ဗျားဖုန်းပြောတာ အဝပြောထားနော်။တော်ကြာ ဖုန်းမပြောရ နယ်မြေရောက်တော့မယ်”ကျွန်တော့်ခုံ ဘေးနားမှာထိုင်လိုက်လာတဲ့ ခရီးဖော်တစ်ဦးက ဖုန်းပြောနေတဲ့ ကျွန်တော့်ကို ကြည့်ပြီး ပြုံးစစနဲ့ သတိပေးသလို လှမ်းပြောလိုက်ခြင်းပါ။အဆက်အစပ်မရှိတဲ့ ခရီးဖော်ရဲ့ စကားကြောင့် ကြောင်တောင်တောင် ယောင်နန ဖြစ်သွားခဲ့ရတယ်။
မကြာခင်အချိန်မှာပဲ ကျွန်တော်စီးလာတဲ့အဝေးပြေးကားကြီးက နေပြည်တော် အမြန်လမ်း ဇီးရိုးမိုင်အနီးတိုးဂိတ်ထဲကိုဝင်ရောက်လာပါတယ်။ ထိုအခါ ကားပေါ်မှာ ပါလာတဲ့ ယာဉ်အကူက ယခုလို သတိပေးစကား ဆိုပါတယ်။ ”အခုထဲက ဖုန်းတွေ လက်စသတ်မယ်။ ပြောစရာရှိတာမြန်မြန်ပြောပါ။ ဖြစ်နိုင်ရင် ဖုန်းတွေ လုံးဝ ပိတ်ထားကြပါ။ မကြာခင်မှာ တိုးဂိတ်ကနေ တစ်ဆင့် ဇီးရိုးမိုင်စစ်ဆေးရေး ဂိတ်ကိုဖြတ်ရပါတော့မယ်။ ထပ်ပြောမယ်နော်။ ဖုန်းလုံးဝ၊ လုံးဝမပြောပါနဲ့။ ကားပေါ် ကနေ ဆွဲချခံရင် လုံးဝတာဝန်မယူပါဘူး”
ထိုအခါမှသာ စကားသံကြားမှ ဘေးကမိတ်ဆွေရဲ့ဆိုလိုရင်း ကို ကျွန်တော် သဘောပေါက်မိတော့ပါတယ်။”တကယ်ရှိတယ်ဗျ ”
မြန်မာနိုင်ငံမှာဖုန်းမပြောရနယ်မြေဆိုတာ တကယ်ရှိတာပါ။ နယ်မြေအသစ်တွေ ထပ်တိုး လာတာပေါ့။ ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးမှ ထွက်ပေါ်လာတဲ့ ဖုန်းမပြောရ နယ်မြေသစ်ပါ။ရန်ကုန်မြို့အဝင်ဂိတ် တိုးဂိတ်ကနေ သူတို့(စစ်ကောင်စီတပ်)စခန်းအထိ ဇီးရိုးမိုင်ကို တစ်ဖာလုံလောက်ရှိမယ်။ အဲဒီမှာ X-Ray စက်တွေစစ်ဆေးရေးတွေရှိပါတယ်။ ဖုန်းပြောတာနဲ့ သူတို့စက်ထဲဝင်တယ်ထင်ပါတယ်။ ဘယ်ကားထဲကနေပြောနေတာလဲဆိုပြီး ဆွဲချတော့တာပါပဲ။ အဲဒီအခါကျရင် စပယ်ယာ (ယာဉ်အကူ) တွေ ဆင်းရှင်းပေတော့ပေါ့။
“အဲ့ဒီလို ရှင်းလို့မရရင် အချိန်အကြာကြီးစောင့်ပေတော့ ဗျို့။ ရန်ကုန်ထဲလည်းဝင်မရဘဲ နဲ့ရှုပ်ကုန်တော့တာပေါ့” လို့ ယာဉ်မောင်းဆရာကြီးက ပြောပြနေတာပါ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမြန်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ အများအပြားဖွင့်လှစ်ထားရှိပြီး တချို့နေရာတွေမှာတော့ ဂိတ်တွေကို အခိုင်အမာ ဆောက်လုပ်ထားပါတယ်။အထူးသဖြင့် အမြန်လမ်းအမှတ်(၃)လမ်းဆုံနေရာဇီရိုးမိုင် အထွက်တွင် ဘယ်ညာ အဆောက်အအုံများကို အခိုင်အမာ ဆောက်ထားတာပါ။
”အခုကားတွေက ရန်ကုန်ကိုဝင်ချိန်ကို ပြောလို့မရတော့ဘူးဖြစ်နေတယ်။ အချိန်မှန် ဝင်ဖို့ အာမမခံနိုင်တော့ဘူး။ ခုနက ယာဉ်နောက်လိုက် အော်တယ်ဆိုတာ အလကား အော်တာမဟုတ်ဘူး။ တိုးဂိတ်ကနေ အမှတ် (၃) လမ်းဆုံအထိ ဖုန်းပြောလို့မရဘူး။ သူတို့စက်ထဲအကုန်ဝင်တယ်။ အဲဒီလိုမျိုးဆိုရင် ဖုန်းပြောနေတဲ့ကားကိုလမ်း ဘေးထိုးရပ်ခိုင်းပြီး ဖုန်းပြောတဲ့သူကိုဘာလဲ၊ သတင်းပေး တာလား ဆိုပြီး အောက်ဆွဲ ချပြီးတော့စစ်တော့တာ။ သူ့ကိုစစ်လို့မပြီးမချင်း ကားကိုလည်း ထွက်ခွင့်မပေးဘူး။ ဘေးထိုးရပ်ခိုင်းထားတယ်။ ဒီတော့ကျန်တဲ့ခရီးသည်တွေလည်း ဒုက္ခရောက်ကုန်တာ ပေါ့” လို့ ယာဉ်မောင်းက ဆက်လက်ပြောပြပါတယ်။
ခရီးသည်အများစုက ရန်ကုန်မြို့အဝင် တိုးဂိတ်နားရောက်တာနဲ့ သူတို့နေအိမ်က လာကြိုမယ့်သူတွေ မိသားစုတွေကို ဆက်သွယ်ကြပါတယ်။ တိုးဂိတ်အဝင်မှာ အများဆုံး ဆက်ကြတာလို့ ယာဉ်မောင်းထံက ထပ်မံသိရှိရပါတယ်။” ဒီနေရာမှာ ခရီးသည်အများစုက ဖုန်းဆက်ကြတယ်ဗျ။ ဘာလို့လည်းဆိုတော့ ငါတို့ တိုးဂိတ်ကိုကျော်လာပြီနော်။ လာကြိုတော့လို့ ဘာတို့ပေါ့ဗျာ။ ဘာလို့လည်းဆိုတော့ တိုးဂိတ်ကျော်တာနဲ့ရန်ကုန်ထဲဝင်လာပြီလေ။ ဒီတော့ခရီးစဉ်ကိုချိန်လို့ရတယ်။ခန့်မှန်းလို့ရတာပေါ့” လို့ ယာဉ်မောင်းသူက ပြောပြနေပါတယ်။
လက်ရှိ ရန်ကုန်ကနေ ထွက်ခွာလာကြတဲ့ အဝေးပြေးယာဉ်လိုင်းများသည် ခေါက်ရေ လျော့မောင်းရခြင်း၊ ယာဉ်မောင်းများ လျော့ချခြင်းနှင့် တချို့ခရီးစဉ်များကို ရပ်နားထားရ ခြင်းများ ရှိနေတယ်လို့လည်း ကားဂိတ်တွေကနေ စုံစမ်း သိရပါတယ်။”ကျွန်တော်တို့ အောင်မင်္ဂလာအဝေးပြေးဝင်း ထဲမှာ ကားလိုင်းတချို့ ရပ်နားထားရှိတယ်။ ခေါက်ရေတွေ လျော့ချလိုက်ရတာ ရှိတယ်။ အကြောင်းကတော့ဗျာ။ အရင်က ကျွန်တော် တို့ကားတွေက နေ့ညမနားရဘူး။ တောက်လျောက်မောင်းနေရတာ။
အခုက ညဘက်မှာ မာရှယ်လောနဲ့ ဆိုတော့မောင်းမရဘူး။ နောက်ပြီးတော့ ဆီဈေး ကြီးတာရယ်။ လမ်းမှာ ပေးရတဲ့ လမ်းကြောင်းကြေးတွေက အရင်ကထက်များလာတာရယ်ကြောင့် မဖြစ်မနေ ရပ်နားလိုက်ရတယ်” လို့ ကားဝင်းထဲမှာရှိတဲ့ ကားဆရာတချို့ထံက သိရပါတယ်။
ယခင်က ရန်ကုန်နေပြည်တော်ခရီး အကွာအဝေးကို ငါးနာရီကျော်သာ မောင်းနှင်ရသော်လည်းယခုအခါ ခြောက်နာရီကျော်ကြာ မောင်းနေရတယ်လို့ ကားဆရာ တချို့က ပြောပြပါတယ်။”ကျွန်တော်တို့ ကီလို ၁၂၀လောက် နင်းရင် နေပြည်တော်-ရန်ကုန်ခရီးကို အသာလေးပဲ မောင်းလို့ရတယ်။ ခရီးသည်တွေလည်း အဆင်ပြေတယ်။ အခုက ရန်ကုန်အဝင်မှာ စစ်ဆေးတာက ကားများရင် အနည်းဆုံး နာရီဝက်လောက်ကြာပြီ။ နေပြည်တော် အဝင်ဆိုရင် ပိုဆိုးတာပေါ့။ နေပူတာတွေ မိုးရွာတာတွေမသိဘူး။
ခရီးသည်တွေကို ဓါတ်တိုင်တစ်တိုင်စာလောက် မှတ်ပုံတင်တွေကိုင်ပြီး လမ်းလျှောက်ခိုင်းတယ်ဗျာ။ အဲဒီမှာလည်း ကားများရင် နာရီဝက်လောက်အချိန်ကြာပြီး ဒီကြားထဲလမ်းမှာ စစ်ဆေးရေး ဂိတ်တွေရှိပြန်တယ်။ အစစ်အဆေးဂိတ်တွေနဲ့ တင် တစ်နာရီခွဲ လောက် အချိန်ကုန်သွားတယ်” လို့ နေပြည်တော်ယာဉ်လိုင်းတစ်လိုင်းမှ ကားဆရာက ပြောပြပါတယ်။
လက်ရှိ အဝေးပြေးလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်စစ်ဆေးခြင်း၊ ကားအောက်ဖုံးဖွင့်ခိုင်းခြင်း အစရှိသည့် စစ်ဆေးရေးများကို လုပ်ဆောင်နေပြီးခရီး သည်များ အဆင်ပြေချောမွေ့စေရေးအတွက် ယာဉ်နောက်လိုက်မှ ဂိတ်တိုင်းတွင် ပိုက်ဆံ ကျပ် ၅၀၀ သို့မဟုတ် ကျပ် ၁၀၀၀ လောက်ပေးမှသာ လမ်းကြောင်း အဆင်ပြေ တယ်လို့လည်း သိရပါတယ်။
” ဒါကြောင့်ပြောတာပေါ့ဗျာ။ ခင်ဗျားတို့ဖုန်းပြောတာကို စပယ်ယာတွေက ဘလိုင်းကြီး လိုက်ပိတ်နေတာမဟုတ်ဘူး။ တချို့ခရီးသည်တွေက ကိုယ့်ဖုန်းကိုယ် ပြောတာဘာဖြစ် လဲဆိုပြီး ပြန်ပြောတဲ့ ခရီးသည်တွေရှိတယ်ဗျ။ တကယ်တမ်း ပြဿနာတက်လို့ ရှင်းရတာ၊ အဆဲခံရတာက ကျွန်တော်တို့ယာဉ်နောက်လိုက်တွေပဲဗျ” လို့ အဝေးပြေးယာဉ်လိုင်း နောက်လိုက်တစ်ဦးက သူတို့ ကြုံတွေ့ရတဲ့ အခက်အခဲကို ပြောပြပါတယ်။
ဟုတ်ကဲ့.. စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မပြောရ၊ မလုပ်ရ၊ မသွားရ ဆိုတဲ့နယ်မြေသစ်တွေ နေရာအနှံ့ပေါ်ပေါက်လာနေတယ်ဆိုတာကို အခုလို ကျွန်တော် အတွေ့အကြုံနဲ့ ယှဉ်ပြီး အသိပေးလိုက်ပါတယ်။
စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး