ထိုင္းႏိုင္ငံမွာေနတဲ့ ျပည္သူမ်ားအတြက္ မုန္တိုင္းအထူးသတိေပးခ်က္
ႏိူ႐ူမုန္တိုင္းေၾကာင့္ ဗန္ေကာက္ၿမိဳ႕အပါဝင္ ထိုင္းတစ္ႏိုင္ငံလုံးနီးပါး မိုးႀကီးလိမ့္မည္ဟု သတိေပး
စက္တင္ဘာ ၂၇ ရက္၊ ၂၀၂၂
ထိုင္းတြင္ လာမည့္ စက္တင္ဘာ ၂၈ ရက္ေန႔တြင္ ႏို႐ူမုန္တိုင္းတိုက္ခတ္မည္ဟုသိရၿပီး၊ မိုးသည္းထန္ျခင္းအပါအဝင္
႐ုတ္တရက္ေရႀကီးေရလွ်ံျခင္း ႏွင့္ ေတာင္က်ေခ်ာင္းေရလွ်ံျခင္းမ်ား ျဖစ္ႏိုင္သည္ဟု ထိုင္းမိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထုတ္ျပန္ထား ပါတယ္္။
ေတာင္တ႐ုတ္ပင္လယ္အလယ္ပိုင္းရွိ ေျမာက္လတၱီက်ဳဒ္ ၁၅.၈ ႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳဒ္ ၁၁၉.၂ တြင္ ႏို႐ူတိုင္ဖုန္းမုန္တိုင္းတစ္ခုျဖစ္ေပၚေနၿပီး
မုန္တိုင္းဗဟိုေလဖိအားသည္ တစ္နာရီလွ်င္ ၁၄၀ ကီလိုမီတာႏႈန္းရွိသည္ဟု သိရပါတယ္။
မုန္တိုင္းအရွိန္အပါအဝင္ အက္ဒမံပင္လယ္၊ ထိုင္းႏိုင္ငံ ႏွင့္ ထိုင္းပင္လယ္ေကြ႕တို႔ကိုတိုက္ခတ္ ေနေသာ အေနာက္ေတာင္မုတ္သုံေလအားေကာင္းေနျခင္းေၾကာင့္
ထိုင္းႏိုင္ငံေျမာက္ပိုင္းအပါအဝင္ အေရွ႕ေျမာက္ပိုင္း၊ အလယ္ပိုင္း၊ အေရွ႕ပိုင္း၊ ေတာင္ပိုင္း၊ ၿမိဳ႕ေတာ္ဗန္ေကာက္ႏွင့္အနီးအနာခ႐ိုင္မ်ားတြင္ လာမည့္စက္တင္ဘာလ ၂၈ ရက္ေန႔မွ ေအာက္တိုဘာ ၁ ရက္ေန႔အတြင္း
တခ်ိဳ႕ေနရာမ်ားကို မိုးႀကီးျခင္းႏွင့္ တခ်ိဳ႕ေနရာမ်ားတြင္မိုးအလြန္ႀကီးျခင္းျဖစ္ႏိုင္ၿပီး ေလျပင္းတိုက္ခတ္မွာျဖစ္မွာပါတယ္။
မိုးသည္းထန္ျခင္းေၾကာင့္ ေျမနိမ့္ေဒသမ်ားတြင္ ႐ုတ္တရက္ေရႀကီးေရလွ်ံျခင္းအႏၲရာယ္သတိျပဳရန္ ႏွင့္ ေတာင္ေျခေဒသမ်ားတြင္ ေတာင္က်ေခ်ာင္းေရလွ်ံျခင္းအႏၲရာယ္သတိျပဳၾကရန္ သတိေပးထားပါတယ္။
အက္ဒမံပင္လယ္ျပင္ ႏွင့္ ထိုင္းပင္လယ္ေကြ႕တြင္ လႈိင္းႀကီးလာမည္ျဖစ္ၿပီး လႈိင္းအျမင့္ေပ ၂ မီတာ မွ ၃ မီတာရွိႏိုင္ကာ မိုးထစ္ခ်ဳန္းသည့္ေနရာမ်ားတြင္ လႈိင္းအျမင့္ေပ ၃ မီတာရွိႏိုင္သည္ဟု ေဖာ္ျပထားၿပီး၊
ထိုင္းပင္လယ္ေကြ႕ေအာက္ပိုင္းတြင္ လႈိင္းအျမင့္ေပ ၂ မီတာ ႏွင့္မိုးထစ္ခ်ဳန္းသည့္ေနရာမ်ားတြင္ ၂ မီတာအထက္ရွိမည္ဟု ေဖာ္ျပထားပါတယ္။
ပင္လယ္ျပင္ရွိ ငါးဖမ္းေလွမ်ားအေနျဖင့္ သတိျဖင့္သြားလာသင့္ၿပီး မိုးထစ္ခ်ဳန္းသည့္ေနရာမ်ားကိုေရွာင္ၾကဥ္သင့္ပါတယ္။
အက္ဒမံပင္လယ္ျပင္ႏွင့္ထိုင္းပင္လယ္ေကြ႕အထက္ပိုင္းရွိ ေလငယ္မ်ားမွာ စက္တင္ဘာ ၂၇ ရက္ေန႔မွ ေအာက္တိုဘာ ၁ ရက္ေန႔အတြင္း ပင္လယ္မထြက္သင့္ေၾကာင္း ထုတ္ျပန္ထားပါတယ္။
credit to orgin
unicode
ထိုင်းနိုင်ငံမှာနေတဲ့ ပြည်သူများအတွက် မုန်တိုင်းအထူးသတိပေးချက်
နိူရူမုန်တိုင်းကြောင့် ဗန်ကောက်မြို့အပါဝင် ထိုင်းတစ်နိုင်ငံလုံးနီးပါး မိုးကြီးလိမ့်မည်ဟု သတိပေး
စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၂
ထိုင်းတွင် လာမည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် နိုရူမုန်တိုင်းတိုက်ခတ်မည်ဟုသိရပြီး၊ မိုးသည်းထန်ခြင်းအပါအဝင်
ရုတ်တရက်ရေကြီးရေလျှံခြင်း နှင့် တောင်ကျချောင်းရေလျှံခြင်းများ ဖြစ်နိုင်သည်ဟု ထိုင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထား ပါတယ်။
တောင်တရုတ်ပင်လယ်အလယ်ပိုင်းရှိ မြောက်လတ္တီကျုဒ် ၁၅.၈ နှင့် အရှေ့လောင်ဂျီကျုဒ် ၁၁၉.၂ တွင် နိုရူတိုင်ဖုန်းမုန်တိုင်းတစ်ခုဖြစ်ပေါ်နေပြီး
မုန်တိုင်းဗဟိုလေဖိအားသည် တစ်နာရီလျှင် ၁၄၀ ကီလိုမီတာနှုန်းရှိသည်ဟု သိရပါတယ်။
မုန်တိုင်းအရှိန်အပါအဝင် အက်ဒမံပင်လယ်၊ ထိုင်းနိုင်ငံ နှင့် ထိုင်းပင်လယ်ကွေ့တို့ကိုတိုက်ခတ် နေသော အနောက်တောင်မုတ်သုံလေအားကောင်းနေခြင်းကြောင့်
ထိုင်းနိုင်ငံမြောက်ပိုင်းအပါအဝင် အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြို့တော်ဗန်ကောက်နှင့်အနီးအနာခရိုင်များတွင် လာမည့်စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အတွင်း
တချို့နေရာများကို မိုးကြီးခြင်းနှင့် တချို့နေရာများတွင်မိုးအလွန်ကြီးခြင်းဖြစ်နိုင်ပြီး လေပြင်းတိုက်ခတ်မှာဖြစ်မှာပါတယ်။
မိုးသည်းထန်ခြင်းကြောင့် မြေနိမ့်ဒေသများတွင် ရုတ်တရက်ရေကြီးရေလျှံခြင်းအန္တရာယ်သတိပြုရန် နှင့် တောင်ခြေဒေသများတွင် တောင်ကျချောင်းရေလျှံခြင်းအန္တရာယ်သတိပြုကြရန် သတိပေးထားပါတယ်။
အက်ဒမံပင်လယ်ပြင် နှင့် ထိုင်းပင်လယ်ကွေ့တွင် လှိုင်းကြီးလာမည်ဖြစ်ပြီး လှိုင်းအမြင့်ပေ ၂ မီတာ မှ ၃ မီတာရှိနိုင်ကာ မိုးထစ်ချုန်းသည့်နေရာများတွင် လှိုင်းအမြင့်ပေ ၃ မီတာရှိနိုင်သည်ဟု ဖော်ပြထားပြီး၊
ထိုင်းပင်လယ်ကွေ့အောက်ပိုင်းတွင် လှိုင်းအမြင့်ပေ ၂ မီတာ နှင့်မိုးထစ်ချုန်းသည့်နေရာများတွင် ၂ မီတာအထက်ရှိမည်ဟု ဖော်ပြထားပါတယ်။
ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများအနေဖြင့် သတိဖြင့်သွားလာသင့်ပြီး မိုးထစ်ချုန်းသည့်နေရာများကိုရှောင်ကြဉ်သင့်ပါတယ်။
အက်ဒမံပင်လယ်ပြင်နှင့်ထိုင်းပင်လယ်ကွေ့အထက်ပိုင်းရှိ လေငယ်များမှာ စက်တင်ဘာ ၂၇ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အတွင်း ပင်လယ်မထွက်သင့်ကြောင်း ထုတ်ပြန်ထားပါတယ်။
credit to orginal