အေထြအေထြဗဟုသုတ

ဖုန်းစစ်ကြည့်တော့မှ ၁၃ နှစ်သာရှိသေးတဲ့ သမီးလေး ပြည့်တန်ဆာဖြစ်နေတာကို သိလိုက်ရတဲ့ အဖေရဲ့အဖြစ်…

ဖုန်းစစ်ကြည့်တော့မှ ၁၃ နှစ်သာရှိသေးတဲ့ သမီးလေး ပြည့်တန်ဆာဖြစ်နေတာကို သိလိုက်ရတဲ့ အဖေရဲ့အဖြစ်…

မိုဘိုင်းဖုန်း စစ်ကြည့်တော့မှ ၁၃ နှစ်သာရှိသေးတဲ့ သမီးလေး ပြည့်တန်ဆာ ဖြစ်နေတာကို သိရတဲ့ အဖေဖြစ်သူရဲ့ စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်

တရုတ်ပြည် အနောက်တောင်ပိုင်းရှိ Shenzen ပြည်နယ်မှာ ဖြစ်ပါတယ်။ Gong လို့ အမည်ရတဲ့ ဖခင်ဟာ သူ့ရဲ့ သမီးလေးရဲ့ မိုဘိုင်းဖုန်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ

သမီးလေးဟာ ပြည့်တန်ဆာ အလုပ်ကို အဖွဲ့အစည်း ကွန်ရက် တစ်ခုရဲ့ ကူညီမှုနဲ့ ပြုလုပ်နေတာကို တွေ့ရှိခဲ့ပါတယ်။

ကလေးဟာ အသက် ၁၃ နှစ် ရွယ် ပဲ ရှိပါသေးတယ်။ မိုဘိုင်းဖုန်းမှာ အင်တာနက်သုံးပြီး WeChat app ကနေ SMS တွေ ပို့ပါတယ်။

ဖခင်ဖြစ်သူက စစ်ကြည့်လိုက်တဲ့အခါမှာ ကလေးမလေးဟာ ကလေး ပြည့်တန်ဆာ ကွန်ရက်ရဲ့အုပ်ချုပ်သူ အမျိုးသမီးတစ်ဦးနဲ့ ပြောနေတာကို တွေ့ခဲ့ရပါတယ်။

ဈေးဘယ်လောက်တောင်းသင့်ကြောင်း မေးမြန်းနေပြီး သူဌေးအမျိုးသမီး (ပြည့်တန်ဆာခေါင်း) ကလည်း သူမကို ဘယ်လောက် ဘယ်လောက် တောင်းသင့်ကြောင်း အကြံပေးပါတယ်။

ပြီးတော့ သွားရမယ့် ဟိုတယ်လိပ်စာ၊ ဆက်သွယ် လာမယ့်လူ အစရှိသဖြင့်တို့ကို ပေးပါတယ်။

ဖခင်ဖြစ်သူဟာ ဖုန်းကို စစ်ကြည့်ဖို့ ဖြစ်လာတာကတော့ ကလေးမလေးရဲ့ ပြောင်းလဲလာတဲ့ စရိုက်များကြောင့် ဖြစ်ပါတယ်။

တစ်ခုခုဆိုရင် စိတ်တိုလွယ်လာတာမျိုး၊ အလှပြင်ပစ္စည်းများ အင်မတန် ဝယ်လာတာမျိုး၊ ပိုက်ဆံခိုးတာမျိုး တို့အပြင် မိသားစုနဲ့ ကင်းကင်းကွာကွာ စရိုက်ဖြစ်လာပါတယ်။

သူမဟာ အလယ်တန်း ကျောင်းသူ အရွယ်ပဲ ရှိပါသေးတယ်။ ပိုက်ဆံလည်း ပုံမှန်ရှိတဲ့ မိသားစု ဖြစ်ရက်သားနဲ့ ကလေးမလေးဟာ ယင်းသို့ ဖြစ်သွားရခြင်းဖြစ်ပါတယ်။

ဒါကို သိတော့ ဖခင်ဖြစ်သူဟာ ယင်း ပြည့်တန်ဆာကွန်ရက်ကို ဖြိုခွင်းဖို့ ရဲကို သတင်းပေးခဲ့ပြီး သတင်းထောက်များက အင်တာဗျူးတဲ့အခါ မျက်ရည်များနဲ့ ပြည့်နေခဲ့ပါတယ်။

Source – အောင်ခမ်း (MMAS)

Zawgyi

ဖုန္းစစ္ၾကည့္ေတာ့မွ ၁၃ ႏွစ္သာရွိေသးတဲ့ သမီးေလး ျပည့္တန္ဆာျဖစ္ေနတာကို သိလိုက္ရတဲ့ အေဖရဲ႕အျဖစ္…

မိုဘိုင္းဖုန္း စစ္ၾကည့္ေတာ့မွ ၁၃ ႏွစ္သာရွိေသးတဲ့ သမီးေလး ျပည့္တန္ဆာ ျဖစ္ေနတာကို သိရတဲ့ အေဖျဖစ္သူရဲ႕ စိတ္မေကာင္းဖြယ္ရာ အျဖစ္အပ်က္

တ႐ုတ္ျပည္ အေနာက္ေတာင္ပိုင္းရွိ Shenzen ျပည္နယ္မွာ ျဖစ္ပါတယ္။ Gong လို႔ အမည္ရတဲ့ ဖခင္ဟာ သူ႔ရဲ႕ သမီးေလးရဲ႕ မိုဘိုင္းဖုန္းကို စစ္ေဆးၾကည့္လိုက္တဲ့အခါ

သမီးေလးဟာ ျပည့္တန္ဆာ အလုပ္ကို အဖြဲ႕အစည္း ကြန္ရက္ တစ္ခုရဲ႕ ကူညီမႈနဲ႔ ျပဳလုပ္ေနတာကို ေတြ႕ရွိခဲ့ပါတယ္။

ကေလးဟာ အသက္ ၁၃ ႏွစ္ ႐ြယ္ ပဲ ရွိပါေသးတယ္။ မိုဘိုင္းဖုန္းမွာ အင္တာနက္သုံးၿပီး WeChat app ကေန SMS ေတြ ပို႔ပါတယ္။

ဖခင္ျဖစ္သူက စစ္ၾကည့္လိုက္တဲ့အခါမွာ ကေလးမေလးဟာ ကေလး ျပည့္တန္ဆာ ကြန္ရက္ရဲ႕အုပ္ခ်ဳပ္သူ အမ်ိဳးသမီးတစ္ဦးနဲ႔ ေျပာေနတာကို ေတြ႕ခဲ့ရပါတယ္။

ေဈးဘယ္ေလာက္ေတာင္းသင့္ေၾကာင္း ေမးျမန္းေနၿပီး သူေဌးအမ်ိဳးသမီး (ျပည့္တန္ဆာေခါင္း) ကလည္း သူမကို ဘယ္ေလာက္ ဘယ္ေလာက္ ေတာင္းသင့္ေၾကာင္း အႀကံေပးပါတယ္။

ၿပီးေတာ့ သြားရမယ့္ ဟိုတယ္လိပ္စာ၊ ဆက္သြယ္ လာမယ့္လူ အစရွိသျဖင့္တို႔ကို ေပးပါတယ္။

ဖခင္ျဖစ္သူဟာ ဖုန္းကို စစ္ၾကည့္ဖို႔ ျဖစ္လာတာကေတာ့ ကေလးမေလးရဲ႕ ေျပာင္းလဲလာတဲ့ စ႐ိုက္မ်ားေၾကာင့္ ျဖစ္ပါတယ္။

တစ္ခုခုဆိုရင္ စိတ္တိုလြယ္လာတာမ်ိဳး၊ အလွျပင္ပစၥည္းမ်ား အင္မတန္ ဝယ္လာတာမ်ိဳး၊ ပိုက္ဆံခိုးတာမ်ိဳး တို႔အျပင္ မိသားစုနဲ႔ ကင္းကင္းကြာကြာ စ႐ိုက္ျဖစ္လာပါတယ္။

သူမဟာ အလယ္တန္း ေက်ာင္းသူ အ႐ြယ္ပဲ ရွိပါေသးတယ္။ ပိုက္ဆံလည္း ပုံမွန္ရွိတဲ့ မိသားစု ျဖစ္ရက္သားနဲ႔ ကေလးမေလးဟာ ယင္းသို႔ ျဖစ္သြားရျခင္းျဖစ္ပါတယ္။

ဒါကို သိေတာ့ ဖခင္ျဖစ္သူဟာ ယင္း ျပည့္တန္ဆာကြန္ရက္ကို ၿဖိဳခြင္းဖို႔ ရဲကို သတင္းေပးခဲ့ၿပီး သတင္းေထာက္မ်ားက အင္တာဗ်ဴးတဲ့အခါ မ်က္ရည္မ်ားနဲ႔ ျပည့္ေနခဲ့ပါတယ္။

Source – ေအာင္ခမ္း (MMAS)