တိကျမှန်ကန်တဲ့ မိုးလေဝသဆရာမလေး စုစုစံရဲ့ ဆောင်းခိုငှက်တွေကိုကြို့မည့်မိုး
မိုးလေးတစ်ရက် နှစ်ရက်ပြတ်သွားရင် ပူတယ်ပြောကြတဲ့ရန်ကုန် ပူတယ်မပြောနဲ့ ရော့ယူလိုက်မိုးတွေ ISSUED TIME 12/10/2022
OCTOBER RAIN🌧🌧🌧 ဆောင်းခိုငှက်တွေကိုကြို့မည့်မိုး ၂၀၂၂အောက်တိုဘာလ ၁၅ရက်နေ့မှ နိုဝင်ဘာလ ၆ရက်နေ့အတွင်း ကချင်ပြည်နယ်တစ်ခုလုံးမိုးများစွာရွာသွန်းနိုင်ပြီး
ကချင်ပြည်နယ်မြောက်ပိုင်း မေခ မလိခ မြစ်ဖျား ပူတာအိုခရိုင်ကြီးမှာ ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံဖြစ်ပေါ်နိုင်မှုကို အထူးသတိထားကြရမှာဖြစ်ပါတယ်
အညာမြေ မြေပဲဖော်ကြမည့်သူတွေ မိုးသတိ🌧🌧🌧🌧🌧
၂၀၂၂ အောက်တိုဘာလ ၁၃ရက်နေ့တွင် ပုဂံ ညောင်ဦး ငါ့သရောက် ဝဲလောင် တောင်သာမြင်းခြံ မလှိုင် မိတ္ထီလာ ဒေသများတွင် မိုးရွာနိုင်သဖြင့် မြေပဲဖော်မည့်တောင်သူများ မိုးကြောင့်အခက်ကြုံရနိုင်ပါတယ်
၂၀၂၂ အောက်တိုဘာလ ၁၃ရက်နေ့မှ ၂၂ရက်နေ့အတွင်း ရှမ်းပြည်နယ်ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းတွေမှာ မိုးရွာနိုင်ပါတယ်
မိုးနည်းရပ်ဝန်းမှသည် မိုးများရပ်ဝန်းဆီသို့ 🦆🌧
မန္တလေးတိုင်းစစ်ကိုင်းတိုင်း မကွေးတိုင်းဒေသကြီးတွေသည် မိုးခေါင်ရေရှားရပ်ဝန်းဖြစ်ပါတယ် နွေရာသီရောက်ပြီဆိုလျှင် ကန်ရေခမ်းခြောက်ပြီး ကျွဲနွားတိရိစ္ဆာန် တွေတောင်သောက်သုံးရေပြတ်လပ်ပြီး ပိုင်ရှင်သခင်တွေက ရေရရှိနိုင်ရာအထိသွားရောက်ကာရေစည်တိုက်ပြီး နွားတွေရေသောက်ဖို့လုပ်ဆောင်ကြရပါတယ်
ယခုနှစ် ၂၀၂၂ အောက်တိုဘာလမှာ တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်း ၂လုံးသိုမဟုတ် ၃လုံးထိဖြစ်နိုင်ပြီး ဗီယက်နမ်းကိုဝင်ရောက်တိုက်ခတ်နိုင်ပါတယ် အဆိုပါမုန်တိုင်းတွေရဲ့ အထက်လေစီး UAC က ရှမ်းရိုးမတောင်တန်းကြီးတွေကိုကျော်လွန်ကာ မိုးနည်းရပ်ဝန်းကြီးဖြစ်တဲ့ မန္တလေးတိုင်းစစ်ကိုင်းတိုင်းမကွေးတိုင်းတွေမှာ ကန်ရေပြည်လျှံအောင်မိုးတွေရွာမှာဖြစ်ပါတယ်
အောက်တိုဘာလထဲမှာ ကချင်ပြည်နယ်ကြီးမှာလည်း မုတ်သုန်နုတ်ဆက်မိုးတွေများစွာရွာသွန်းနိုင်ပါတယ် အဆိုပါဒေသတွေရဲ့မိုးရွာသွန်းမှုကြောင့် အောက်တိုဘာလအတွင်း ဧရာဝတီမြစ်ရေတိုးလာနိုင်သေးသဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ရေကျကျွန်းပေါ် မြေနုကျွန်းစိုက်ပျိုးကြမည့်သူများ
အစောတလျှင် မစိုက်ပျိုးသင့်သေးပါဘူး နိုဝင်ဘာလရောက်မှသာလျှင်စိုက်ပျိုးသင့်ပါတယ် မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင်ဒေသတွေမှာ ရွာသွန်းမြဲထက်၂ဆပိုမိုရွာသွန်းနိုင်သဖြင့် တပ်ကုန်းရမည်းသင်း
ရွှေဒါး ရွာတန်း၂၄ရွာ ပျော်ဘွယ် သာစည် လှိုင်းတက် တောမ မိတ္ထီလာ ဝမ်းတွင်း ဒေသရှိ စပျစ်စိုက်ပျိုးကြသူများ စပျစ်ဖြတ်ခြင်းသတိထားကြပါ မိုးကြောင့် စပျစ်ဖူးပွင့်တွေပျက်စီးနိုင်ပါတယ်
ကျောက်ဆည် စဉ့်ကိုင် မြို့ကြီး မြစ်သားကူမဲဒေသတွေမှာ ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် ရဲရွာ မြို့ကြီး ကင်းတားဆည်ကြီးများ ရေများစွာစီးဝင်လာနိုင်ပါတယ်
ညောင်ဦးခရိုင်ပခုက္ကူခရိုင် မြင်းခြံရိုင် မုံရွာခရိုင်ဒေသတွေသည်လည်း ရွာသွန်းမြဲထက်၂ဆပိုမိုရွာသွန်းနိုင်သဖြင့် ဒေသအတွင်းရှိ ဆည်တမံ ကန်ချောင်းများ နွေရာသီရေပြတ်လပ်မှုမရှိအောင် ကန်ရေဝင်အားကောင်းအောင်ပြုလုပ်ခြင်း ထူးပေါက်ရှိမရှိစစ်ဆေးထိမ်းသိမ်းခြင်း( maintenance required) များလုပ်ဆောင်ထားသင့်ပါတယ်
ဒါမှလည်း နွေရာသီ ရေရှားမှုက ယခုလမိုးများစွာရွာသွန်းနိုင်ခြင်းကနေပြီး ရေရှားမှုမဖြစ်အောင် ထိထိမိမိလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးကြီးတစ်ခုပါပဲ မိုးနည်းရပ်ဝန်းကနေ ယခုလမှာ မိုးများရပ်ဝန်းဖြစ်လာပါလိမ့်မယ်



