မိဘတွေ သတိမထားမိတဲ့ ကလေးတွေ အိပ်မပျော်ရတဲ့ အကြောင်းရင်း (၁၀) ချက်
နှစ်ခြိုက်စွာ အိပ်စက်ခြင်းက ကလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။ အိပ်ရေး မဝခြင်းက ဘာသာစကားနဲ့ အဖတ်စွမ်းရည်တွေကို လေ့လာရာမှာ ထိခိုက်စေပါတယ်။ မိဘတွေ သတိမထားမိတဲ့ တချို့ အချက်အလက်တွေကြောင့် ကလေးတွေက လွယ်လွယ်နဲ့ အိပ်မပျော်တတ်ကြပါဘူး။ ဒါကြောင့် love media ကနေ ကလေးတွေ အိပ်မပျော်ရတဲ့ အကြောင်းရင်း ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်နော် ။
၁ ။ ကလေးတွေရဲ့ အိပ်ချိန်မမှန်ခြင်း
ကလေးတွေအတွက် အိပ်ချိန်မှန်ဖို့ လိုပါတယ်။ အိပ်ချိန်မှန်တဲ့အခါ စိတ်တည်ငြိမ်ပြီး ကလေးလည်း မြန်မြန် အိပ်ပျော်မှာပါ။ အဲဒါကြောင့် ကလေးကို အချိန်အတိအကျ သိပ်ဖို့လိုပါတယ်။ အိပ်ချိန်မှန်တဲ့အခါ ကလေးတွေက အချိန်ကျရင် အိပ်ချင်လာပါတယ်။ အဲဒီအခါ မြန်မြန်လည်း အိပ်ပျော်လွယ်ပါတယ်။
၂ ။ ကလေးတွေရဲ့ အမူအရာကို မမှတ်မိခြင်း
တစ်ခါတရံမှာ မိဘတွေက ကလေးအိပ်ဖို့ အကြာကြီး သိပ်ရပါတယ်။ ကလေးအိပ်ချင်လာတဲ့အခါ လက္ခဏာတွေ ပြပါတယ်။ မျက်မှောင်ကျုံ့ခြင်း၊ လက်သီးဆုပ်ခြင်း၊ အဝေးကိုငေးနေခြင်း၊ နားနဲ့မျက်လုံးများကို ပွတ်ခြင်းတို့က ကလေးတွေ အိပ်ချင်နေကြောင်းပြတဲ့ လက္ခဏာပါ။
၃ ။ ကလေးကို အလွန်ချော့ခြင်း
ကလေးကို ပွတ်သပ်ပေးခြင်းက အိပ်ပျော်လွယ်စေပါတယ်။ တစ်ခါတရံမှာ ကလေးကို မချော့ဘဲ သူ့ဘာသာသူ အိပ်ပျော်သွားအောင် ထားသင့်ပါတယ်။
၄ ။ ကလေးတွေနိုးနေတဲ့အချိန်မှာ သီချင်းဆို မပြခြင်း
လူကြီးတွေကလည်း တစ်နေကုန် အလုပ်လုပ်ပြီးရင် ပင်ပန်းပြီး အိပ်ချင်လာပါတယ်။ ကလေးတွေကလည်း တစ်နေကုန် လှုပ်လှုပ်ရှားရှား နေပြီးရင် အိပ်ချင်လာပါတယ်။ ကလေးကို စကားပြောတာ၊ သီချင်းဆိုပြတာ၊ ကခိုင်းတာက ပျော်ရွှင်စေတဲ့အပြင် မြန်မြန်လည်း အိပ်ပျော်လွယ်မှာပါ။
၅ ။ ကလေးကို မီးလင်းနေတဲ့အခန်းမှာ သိပ်ထားခြင်း
တချို့မိဘတွေက ကလေးကို နေ့လယ်မှာ တစ်ရေးသိပ်ပါတယ်။ အဲဒီအခါ ကလေးက နေ့နဲ့ည ခွဲသွားတတ်ပါတယ်။ ဒါပေမယ့် ကလေးကို နည်းနည်းမှောင်တဲ့အခန်းမှာ သိပ်တဲ့အခါ အိပ်စက်မှုကို ပုံမှန်ဖြစ်စေတဲ့ melatonin ဟော်မုန်း ထွက်တာကြောင့် ကလေးက အိပ်ပျော်လွယ်မှာပါ။
၆ ။ ဆူညံနေခြင်း
ကလေးက လုံးဝတိတ်ဆိတ်မှ အိပ်တတ်တယ် ဆိုရင် နောက်ပိုင်းမှ အိပ်ပျော်ဖို့ ခက်လာပါတယ်။ အဲဒီအခါ ငှက်သံ၊ စမ်းချောင်းက ရေသံ စတဲ့ချိုသာတဲ့ အသံလေးတွေကို ကလေးနားမှာ ဖွင့်ပေးတဲ့အခါ ကလေးက အိပ်ပျော်လွယ်မှာပါ။
၇ ။ ကလေးကို နေ့လယ်မှာ မအိပ်ခိုင်းခြင်း
ကလေးကို နေ့လယ်မှာ မအိပ်ခိုင်းရင် ညဘက်မှာ အိပ်ပျော်လွယ်တယ်လို့ တချို့မိဘတွေက ထင်ပါတယ်။ တကယ်တော့ ကလေးကို နေ့လယ်မှာ အချိန်ခဏလေးမသိပ်ခြင်းက ကလေးရဲ့အိပ်စက်မှု စက်ဝန်းကို ကမောက်ကမ ဖြစ်စေပါတယ်။
၈ ။ ကလေးကို ပုခက်နှင့် မသိပ်ခြင်း
ကလေးအများစုက ပုခက်မှာ အသက် တစ်နှစ်ခွဲကနေ ၃ နှစ်ခွဲအထိ အိပ်ပါတယ်။ ကလေးကို ပုခက်နဲ့ မသိပ်တော့တဲ့အခါ ကလေးအတွက် နေရထိုင်ရ အဆင်မပြေပါဘူး။ ညဆိုရင်လည်း အိပ်မပျော်ဘဲ အိမ်ထဲမှာ လျှောက်သွားတတ်ပါတယ်။ ကလေး ပုခက်ဘေးမှာ အကာတွေ ပါတာကြောင့် ညဆို အိမ်ထဲလျှောက်မသွားတော့ပါဘူး။ လမ်းလျှောက်တတ်စကလေးက ပုခက်ထဲကနေ ထွက်တတ်ပြီဆိုရင် အိပ်ရာထဲ ပြောင်းသိပ်သင့်ပါတယ်။
၉ ။ ကလေးကို မိဘနှင့်အတူ သိပ်ခြင်း
တချို့မိဘတွေက ကလေးတွေနဲ့ အတူတူ အိပ်ပါတယ်။ အဲဒီအခါ ကလေးက မိဘတွေမရှိတဲ့အခါ အိပ်ပျော်ဖို့ ခက်ပါတယ်။
၁၀ ။ ကလေးတွေကို နေ့လယ်မှာ အချိန်ကြာမြင့်စွာ အိပ်ခိုင်းခြင်း
မွေးကင်းစ ကလေးတွေအတွက် တစ်နေ့ကို ၁၃ နာရီ ကနေ ၁၅ နာရီကြာ အိပ်တာက ပုံမှန်အိပ်ချိန်ပါပဲ။ ဒါပေမယ့် လမ်းလျှောက်တတ်စ ကလေးက နေ့လယ်မှာ ၃ နာရီထက် ပိုပြီး မအိပ်သင့်ပါဘူး။
Credit
Zawgyi
မိဘေတြ သတိမထားမိတဲ့ ကေလးေတြ အိပ္မေပ်ာ္ရတဲ့ အေၾကာင္းရင္း (၁၀) ခ်က္
ႏွစ္ၿခိဳက္စြာ အိပ္စက္ျခင္းက ကေလးေတြရဲ႕ ဦးေႏွာက္ကို ဖြံ႕ၿဖိဳးေစပါတယ္။ အိပ္ေရး မဝျခင္းက ဘာသာစကားနဲ႔ အဖတ္စြမ္းရည္ေတြကို ေလ့လာရာမွာ ထိခိုက္ေစပါတယ္။ မိဘေတြ သတိမထားမိတဲ့ တခ်ိဳ႕ အခ်က္အလက္ေတြေၾကာင့္ ကေလးေတြက လြယ္လြယ္နဲ႔ အိပ္မေပ်ာ္တတ္ၾကပါဘူး။ ဒါေၾကာင့္ love media ကေန ကေလးေတြ အိပ္မေပ်ာ္ရတဲ့ အေၾကာင္းရင္း ၁၀ ခုကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။
၁ ။ ကေလးေတြရဲ႕ အိပ္ခ်ိန္မမွန္ျခင္း
ကေလးေတြအတြက္ အိပ္ခ်ိန္မွန္ဖို႔ လိုပါတယ္။ အိပ္ခ်ိန္မွန္တဲ့အခါ စိတ္တည္ၿငိမ္ၿပီး ကေလးလည္း ျမန္ျမန္ အိပ္ေပ်ာ္မွာပါ။ အဲဒါေၾကာင့္ ကေလးကို အခ်ိန္အတိအက် သိပ္ဖို႔လိုပါတယ္။ အိပ္ခ်ိန္မွန္တဲ့အခါ ကေလးေတြက အခ်ိန္က်ရင္ အိပ္ခ်င္လာပါတယ္။ အဲဒီအခါ ျမန္ျမန္လည္း အိပ္ေပ်ာ္လြယ္ပါတယ္။
၂ ။ ကေလးေတြရဲ႕ အမူအရာကို မမွတ္မိျခင္း
တစ္ခါတရံမွာ မိဘေတြက ကေလးအိပ္ဖို႔ အၾကာႀကီး သိပ္ရပါတယ္။ ကေလးအိပ္ခ်င္လာတဲ့အခါ လကၡဏာေတြ ျပပါတယ္။ မ်က္ေမွာင္က်ဳံ႕ျခင္း၊ လက္သီးဆုပ္ျခင္း၊ အေဝးကိုေငးေနျခင္း၊ နားနဲ႔မ်က္လုံးမ်ားကို ပြတ္ျခင္းတို႔က ကေလးေတြ အိပ္ခ်င္ေနေၾကာင္းျပတဲ့ လကၡဏာပါ။
၃ ။ ကေလးကို အလြန္ေခ်ာ့ျခင္း
ကေလးကို ပြတ္သပ္ေပးျခင္းက အိပ္ေပ်ာ္လြယ္ေစပါတယ္။ တစ္ခါတရံမွာ ကေလးကို မေခ်ာ့ဘဲ သူ႔ဘာသာသူ အိပ္ေပ်ာ္သြားေအာင္ ထားသင့္ပါတယ္။
၄ ။ ကေလးေတြႏိုးေနတဲ့အခ်ိန္မွာ သီခ်င္းဆို မျပျခင္း
လူႀကီးေတြကလည္း တစ္ေနကုန္ အလုပ္လုပ္ၿပီးရင္ ပင္ပန္းၿပီး အိပ္ခ်င္လာပါတယ္။ ကေလးေတြကလည္း တစ္ေနကုန္ လႈပ္လႈပ္ရွားရွား ေနၿပီးရင္ အိပ္ခ်င္လာပါတယ္။ ကေလးကို စကားေျပာတာ၊ သီခ်င္းဆိုျပတာ၊ ကခိုင္းတာက ေပ်ာ္႐ႊင္ေစတဲ့အျပင္ ျမန္ျမန္လည္း အိပ္ေပ်ာ္လြယ္မွာပါ။
၅ ။ ကေလးကို မီးလင္းေနတဲ့အခန္းမွာ သိပ္ထားျခင္း
တခ်ိဳ႕မိဘေတြက ကေလးကို ေန႔လယ္မွာ တစ္ေရးသိပ္ပါတယ္။ အဲဒီအခါ ကေလးက ေန႔နဲ႔ည ခြဲသြားတတ္ပါတယ္။ ဒါေပမယ့္ ကေလးကို နည္းနည္းေမွာင္တဲ့အခန္းမွာ သိပ္တဲ့အခါ အိပ္စက္မႈကို ပုံမွန္ျဖစ္ေစတဲ့ melatonin ေဟာ္မုန္း ထြက္တာေၾကာင့္ ကေလးက အိပ္ေပ်ာ္လြယ္မွာပါ။
၆ ။ ဆူညံေနျခင္း
ကေလးက လုံးဝတိတ္ဆိတ္မွ အိပ္တတ္တယ္ ဆိုရင္ ေနာက္ပိုင္းမွ အိပ္ေပ်ာ္ဖို႔ ခက္လာပါတယ္။ အဲဒီအခါ ငွက္သံ၊ စမ္းေခ်ာင္းက ေရသံ စတဲ့ခ်ိဳသာတဲ့ အသံေလးေတြကို ကေလးနားမွာ ဖြင့္ေပးတဲ့အခါ ကေလးက အိပ္ေပ်ာ္လြယ္မွာပါ။
၇ ။ ကေလးကို ေန႔လယ္မွာ မအိပ္ခိုင္းျခင္း
ကေလးကို ေန႔လယ္မွာ မအိပ္ခိုင္းရင္ ညဘက္မွာ အိပ္ေပ်ာ္လြယ္တယ္လို႔ တခ်ိဳ႕မိဘေတြက ထင္ပါတယ္။ တကယ္ေတာ့ ကေလးကို ေန႔လယ္မွာ အခ်ိန္ခဏေလးမသိပ္ျခင္းက ကေလးရဲ႕အိပ္စက္မႈ စက္ဝန္းကို ကေမာက္ကမ ျဖစ္ေစပါတယ္။
၈ ။ ကေလးကို ပုခက္ႏွင့္ မသိပ္ျခင္း
ကေလးအမ်ားစုက ပုခက္မွာ အသက္ တစ္ႏွစ္ခြဲကေန ၃ ႏွစ္ခြဲအထိ အိပ္ပါတယ္။ ကေလးကို ပုခက္နဲ႔ မသိပ္ေတာ့တဲ့အခါ ကေလးအတြက္ ေနရထိုင္ရ အဆင္မေျပပါဘူး။ ညဆိုရင္လည္း အိပ္မေပ်ာ္ဘဲ အိမ္ထဲမွာ ေလွ်ာက္သြားတတ္ပါတယ္။ ကေလး ပုခက္ေဘးမွာ အကာေတြ ပါတာေၾကာင့္ ညဆို အိမ္ထဲေလွ်ာက္မသြားေတာ့ပါဘူး။ လမ္းေလွ်ာက္တတ္စကေလးက ပုခက္ထဲကေန ထြက္တတ္ၿပီဆိုရင္ အိပ္ရာထဲ ေျပာင္းသိပ္သင့္ပါတယ္။
၉ ။ ကေလးကို မိဘႏွင့္အတူ သိပ္ျခင္း
တခ်ိဳ႕မိဘေတြက ကေလးေတြနဲ႔ အတူတူ အိပ္ပါတယ္။ အဲဒီအခါ ကေလးက မိဘေတြမရွိတဲ့အခါ အိပ္ေပ်ာ္ဖို႔ ခက္ပါတယ္။
၁၀ ။ ကေလးေတြကို ေန႔လယ္မွာ အခ်ိန္ၾကာျမင့္စြာ အိပ္ခိုင္းျခင္း
ေမြးကင္းစ ကေလးေတြအတြက္ တစ္ေန႔ကို ၁၃ နာရီ ကေန ၁၅ နာရီၾကာ အိပ္တာက ပုံမွန္အိပ္ခ်ိန္ပါပဲ။ ဒါေပမယ့္ လမ္းေလွ်ာက္တတ္စ ကေလးက ေန႔လယ္မွာ ၃ နာရီထက္ ပိုၿပီး မအိပ္သင့္ပါဘူး။
Credit