ဒီစာလေးဟာ ဘဝကိုတစ်ကိုယ်တည်း ရုန်းကန်နေရတဲ့သူတွေအတွက် အားဖြစ်စေပါတယ်
(၁) စိတ်မလျှော့လိုက်ပါနဲ့။
တစ်ခါတလေ ဘဝမှာအရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။
ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။
ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှုတွေလာတော့မှာဖြစ်တာကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။
အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။
(၂) လဲရင်ပြန်ထပါ။
ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ
ပိုပြီး အဓိပ္ပါယ်ရှိသွားတာပါ။မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။
အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းတွေက
လှိမ့်နေအောင်ခံရပြီးမှ အဲလိုနေရာကို ရောက်သွားကြတာပါ။လဲကျတိုင်းသာသူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။
(၃) အရှုံးထဲကအမြတ်ယူပါ။
ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ
အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။
အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။ဒါကိုက မြတ်နေပြီမဟုတ်လား။တခြားအမြတ်တွေလည်း အများကြီးရှိပါသေးတယ်။ယူတတ်အောင်ယူပါ။
(၄) ဝေမျှပါ။
သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့်သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။
နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ။
ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင်ကမ်းနိုင်လာတဲ့အခါမျှဝေလိုက်လို့ ရလာတဲ့
ပီတိရဲ့အရသာကို သင်ကောင်းကောင်း နားလည်သွားမှာပါ။စိတ်လှုပ်ရှား၊ဒေါသထွက်တဲ့အချိန်မျိုးမှာ တည်ငြိမ်အောင်လုပ်သင့်တဲ့အရာပါ။
(၅) စာဖတ်ပါ။
ဘဝကို တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။
ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေခွန်အားရှိစေမယ့်စာတွေ၊ လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့်စာတွေကို အမြဲတမ်းဖတ်ပါ။အချိန်ပေးပြီးဖတ်ပါ။
ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။
Credit – Original Writer
Zawgyi ဖြင့်ဖတ်ပါ
unicode
ဒီစာေလးဟာ ဘဝကိုတစ္ကိုယ္တည္း ႐ုန္းကန္ေနရတဲ့သူေတြအတြက္ အားျဖစ္ေစပါတယ္
(၁) စိတ္မေလွ်ာ့လိုက္ပါနဲ႔။
တစ္ခါတေလ ဘဝမွာအရႈံးေတြခ်ည္းပဲ ဆက္တိုက္ႀကဳံရတဲ့အခ်ိန္ေတြရွိတတ္ပါတယ္။ဒါေပမယ့္ အဲလိုအခ်ိန္ေတြမွာ လုံးဝစိတ္မေလွ်ာ့လိုက္ပါနဲ႔။
ဒုကၡေတြဆိုတာ ခဏေလးဆိုမွ ခဏေလးပါပဲ။
ဒီတစ္ခါေက်ာ္လႊားႏိုင္လိုက္တာနဲ႔ ေအာင္ျမင္မႈေတြလာေတာ့မွာျဖစ္တာေၾကာင့္ စိတ္ေလွ်ာ့ဖို႔ လုံးဝမစဥ္းစားလိုက္ပါနဲ႔။
ေအာင္ျမင္မႈဆိုတာ ဆုံးရႈံးမႈနဲ႔ လက္တစ္ကမ္းမွာပဲ ရွိတာေၾကာင့္ လက္တစ္ကမ္းအလိုမွာ ခဲေလသမွ် သဲေရက်ျဖစ္သြားမွာစိုးလို႔ပါ။
(၂) လဲရင္ျပန္ထပါ။
ဘဝဆိုတာ အႀကိမ္ႀကိမ္လဲၿပီး အႀကိမ္ႀကိမ္ျပန္ထမွ
ပိုၿပီး အဓိပၸါယ္ရွိသြားတာပါ။မလဲဖူးတဲ့သူ တစ္ေယာက္မွ မရွိပါဘူး။
အခုျမင္ေတြ႕ေနရတဲ့ ေအာင္ျမင္ေနတဲ့၊ ထိပ္ကိုေရာက္ေနတဲ့သူေတြအားလုံးဟာ ေလာကဓံရဲ႕ အ႐ိုက္အပုတ္၊ အထုအေထာင္းေတြက
လွိမ့္ေနေအာင္ခံရၿပီးမွ အဲလိုေနရာကို ေရာက္သြားၾကတာပါ။လဲက်တိုင္းသာသူတို႔ ျပန္မထခဲ့ဘူးဆိုရင္ အဲလိုေနရာေရာက္မွာ မဟုတ္ဘူးဆိုတာ သင္သိမွာပါ။
(၃) အရႈံးထဲကအျမတ္ယူပါ။
ဘဝမွာ ခက္ခဲၾကမ္းတမ္းၿပီး ခါးသီးမႈေတြအမ်ားႀကီးကို ရင္ဆိုင္ႀကဳံေတြ႕ရမွာပါ။ဒါေပမယ့္ အဲလို အခ်ိန္မ်ိဳးမွာ သင္သိထားရမွာက အဆိုးတိုင္းမွာ
အေကာင္းတစ္ခုခု အၿမဲဒြန္တြဲလ်က္ရွိတယ္။
အနည္းဆုံးေတာ့ သင့္ကို အေတြ႕အႀကဳံသစ္တစ္ခုရေစသလို၊ ခံႏိုင္ရည္စြမ္းကိုလည္း ပိုျမင့္လာေစပါတယ္။ဒါကိုက ျမတ္ေနၿပီမဟုတ္လား။တျခားအျမတ္ေတြလည္း အမ်ားႀကီးရွိပါေသးတယ္။ယူတတ္ေအာင္ယူပါ။
(၄) ေဝမွ်ပါ။
သင့္ဘဝဟာ ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ၊ သင့္ထက္ ပိုခက္ခဲတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ ဒါေၾကာင့္သူတစ္ပါးကို ကူညီဖို႔၊ ေဝမွ်ဖို႔ အၿမဲတမ္းစဥ္းစားပါ။
နည္းတာမ်ားတာ အသာထား၊ သူတစ္ပါးကို သင္တတ္ႏိုင္သေလာက္ေလး ကူညီၾကည့္ပါ။ သူတစ္ပါးအတြက္ စဥ္းစားၾကည့္ပါ။
ဒါဆိုရင္ သင့္ကို ႀကိဳးစားခ်င္စိတ္ေတြ ပိုျဖစ္လာေစၿပီး သူတစ္ပါးကို စိတ္ႀကိဳက္ေပးႏိုင္ကမ္းႏိုင္လာတဲ့အခါမွ်ေဝလိုက္လို႔ ရလာတဲ့
ပီတိရဲ႕အရသာကို သင္ေကာင္းေကာင္း နားလည္သြားမွာပါ။စိတ္လႈပ္ရွား၊ေဒါသထြက္တဲ့အခ်ိန္မ်ိဳးမွာ တည္ၿငိမ္ေအာင္လုပ္သင့္တဲ့အရာပါ။
(၅) စာဖတ္ပါ။
ဘဝကို တစ္ေယာက္တည္း ႀကိဳးစား႐ုန္းကန္ၿပီး ကိုယ့္ထူးကိုယ္ခြၽန္ရတဲ့သူေတြကို အေကာင္းဆုံး ပဲ့ကိုင္ေပးႏိုင္တာကေတာ့ စာအုပ္စာေပေတြပါပဲ။
ဒါေၾကာင့္ သင့္ကို အသိအလိမၼာတိုးေစမယ့္စာေတြခြန္အားရွိေစမယ့္စာေတြ၊ လမ္းမွန္ကို ၫႊန္ျပေပးႏိုင္မယ့္စာေတြကို အၿမဲတမ္းဖတ္ပါ။အခ်ိန္ေပးၿပီးဖတ္ပါ။
ဒါဆိုရင္ က်ိန္းေသေပါက္ သင္ေအာင္ျမင္လာမွာပါ။
Credit – Original Writer
Zawgyi ျဖင့္ဖတ္ပါ



