ၾကားသိရသမွ်

ကြားတဲ့သူတိုင်း အံ့ဩသွားရတဲ့ ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန်လေဆိပ်အကြောင်း…

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်နဲ့ထွက်ခွာမယ့် ခရီးသည်တွေကို လိုက်ပို့ချင်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေအနေနဲ့ လေဆိပ်အထဲကိုဝင်ချင်ရင် တစ်ဦးကို ၃ သောင်းကျပ် ပေးရတယ်လို့ ကိုယ်တိုင်ကြုံလာသူတွေက ပြောပါတယ်။

လေဆိပ်ကို သွားတဲ့ လမ်းတစ်လျှောက်လည်း လုံခြုံရေးတွေတင်းကြပ်ကာ မှတ်ပုံတင်နဲ့ ကားလိုင်စင်တွေ စစ်ဆေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ထို့အပြင် လိုက်ပို့ချင်သူတွေ လေဆိပ်အထဲကို ဝင်ရောက်လိုပါက တစ်ယောက်လျှင် ၃ သောင်းကျပ်ကျသင့်မှာဖြစ်ပြီး မှတ်ပုံတင်ပေးရမှာဖြစ်ကာစာရွက်စာတန်းတွေဖြည့်ရသလို စစ်ဆေးမေးမြန်းမှုတွေ ခံရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

“အိမ်က အစ်ကို ကိုရီးယားသွားတာ အရင်လည်း လေယာဉ် ကွင်းလိုက်ပို့နေကျ။ လိုက်ပို့တဲ့လူများ အထဲ ဝင်ချင်ရင် တယောက် ၃ သောင်း တဲ့။ မှတ်ပုံတင်ပေး စာရွက်စာတန်းလုပ် ပြီးမှစစ်ဆေးမေးတာဖြေရတယ်” လို့ ပြောပါတယ်။

လေယာဉ်ပေါ်တက်ပြီး ခရီးသွားတဲ့သူကို လိုက်ပို့တာဟာ ဘယ်နိုင်ငံမှာမှ ပိုက်ဆံမပေးရသလို မြန်မာနိုင်ငံမှာလည်း ခေတ်အဆက်ဆက်က ပိုက်ဆံမပေးခဲ့ရဘဲ အခု စကစ လက်ထက်ကျမှသာ ပေးနေရတာ ဖြစ်ပါတယ်။

ယခုလို ငွေကောက်ယူဖို့ တရားဝင် စာထုတ်ထားလားဆိုတာကို အသေအချာ မသိရသေးဘူးလို့ သိရပါတယ်။ မည်သည့်အဖွဲ့က ကောက်ယူတယ်ဆိုတာလည်း သေချာရေရာစွာ မသိရသေးပါဘူး။

လေဆိပ်ထဲ ဝင်သမျှကားတွေကိုလည်း လိုင်စင်ယူထားပြီး ပြန်အထွက်မှသာ လိုင်စင် ပြန်ပေးတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။

တခြားနိုင်ငံက လေဆိပ်တွေမှာ လူများများ လာစေဖို့ ဆွဲဆောင်မှုတွေအပြိုင်အဆိုင် လုပ်နေကြပေမယ့် မြန်မာပြည် လေဆိပ်မှာတော့ ဝင်တဲ့သူတိုင်း ဝင်ကြေးပေးရတဲ့ အဖြစ်ကတော့ ကမ္ဘာ့အထူးဆန်းဆုံး ဖြစ်ရပ်လို့ သတ်မှတ်ရသလို ဖြစ်နေပါတယ်။

zawgyi

ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ေလယာဥ္နဲ႔ထြက္ခြာမယ့္ ခရီးသည္ေတြကို လိုက္ပို႔ခ်င္တဲ့ မိသားစုေတြ၊ မိတ္ေဆြေတြအေနနဲ႔ ေလဆိပ္အထဲကိုဝင္ခ်င္ရင္ တစ္ဦးကို ၃ ေသာင္းက်ပ္ ေပးရတယ္လို႔ ကိုယ္တိုင္ၾကဳံလာသူေတြက ေျပာပါတယ္။

ေလဆိပ္ကို သြားတဲ့ လမ္းတစ္ေလၽွာက္လည္း လုံျခဳံေရးေတြတင္းၾကပ္ကာ မွတ္ပုံတင္နဲ႔ ကားလိုင္စင္ေတြ စစ္ေဆးမႈေတြ ရွိေနတယ္လို႔ သိရပါတယ္။

ထို႔အျပင္ လိုက္ပို႔ခ်င္သူေတြ ေလဆိပ္အထဲကို ဝင္ေရာက္လိုပါက တစ္ေယာက္လၽွင္ ၃ ေသာင္းက်ပ္က်သင့္မွာျဖစ္ၿပီး မွတ္ပုံတင္ေပးရမွာျဖစ္ကာစာရြက္စာတန္းေတြျဖည့္ရသလို စစ္ေဆးေမးျမန္းမႈေတြ ခံရတယ္လို႔ ကိုယ္တိုင္ၾကဳံခဲ့ရသူတစ္ဦးက ေျပာပါတယ္။

“အိမ္က အစ္ကို ကိုရီးယားသြားတာ အရင္လည္း ေလယာဥ္ ကြင္းလိုက္ပို႔ေနက်။ လိုက္ပို႔တဲ့လူမ်ား အထဲ ဝင္ခ်င္ရင္ တေယာက္ ၃ ေသာင္း တဲ့။ မွတ္ပုံတင္ေပး စာရြက္စာတန္းလုပ္ ၿပီးမွစစ္ေဆးေမးတာေျဖရတယ္” လို႔ ေျပာပါတယ္။

ေလယာဥ္ေပၚတက္ၿပီး ခရီးသြားတဲ့သူကို လိုက္ပို႔တာဟာ ဘယ္နိုင္ငံမွာမွ ပိုက္ဆံမေပးရသလို ျမန္မာနိုင္ငံမွာလည္း ေခတ္အဆက္ဆက္က ပိုက္ဆံမေပးခဲ့ရဘဲ အခု စကစ လက္ထက္က်မွသာ ေပးေနရတာ ျဖစ္ပါတယ္။

ယခုလို ေငြေကာက္ယူဖို႔ တရားဝင္ စာထုတ္ထားလားဆိုတာကို အေသအခ်ာ မသိရေသးဘူးလို႔ သိရပါတယ္။ မည္သည့္အဖြဲ႕က ေကာက္ယူတယ္ဆိုတာလည္း ေသခ်ာေရရာစြာ မသိရေသးပါဘူး။

ေလဆိပ္ထဲ ဝင္သမၽွကားေတြကိုလည္း လိုင္စင္ယူထားၿပီး ျပန္အထြက္မွသာ လိုင္စင္ ျပန္ေပးတာေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ျဖစ္ပြားေနတာကို ေတြ႕ရပါတယ္။

တျခားနိုင္ငံက ေလဆိပ္ေတြမွာ လူမ်ားမ်ား လာေစဖို႔ ဆြဲေဆာင္မႈေတြအၿပိဳင္အဆိုင္ လုပ္ေနၾကေပမယ့္ ျမန္မာျပည္ ေလဆိပ္မွာေတာ့ ဝင္တဲ့သူတိုင္း ဝင္ေၾကးေပးရတဲ့ အျဖစ္ကေတာ့ ကမၻာ့အထူးဆန္းဆုံး ျဖစ္ရပ္လို႔ သတ္မွတ္ရသလို ျဖစ္ေနပါတယ္။crd