၁။ နဖူးျပင္၏ မ်က္ခုံးအထက္နားတြင္ မွဲ႕မည္းတစ္လုံးတည္းရွိလၽွင္ ဂုဏ္ဓနႏွင့္ေက်ာ္ေစာေသာ လင္ေယာက္်ားကို ရတတ္သည္ ။
အိမ္ေထာင္ဆက္မ်ားတတ္သည္ ။ သားေယာက္်ားမ်ား ထြန္းကားသည့္မိခင္ ျဖစ္ပါလိမ့္မည္ ။
၂။ ညာဘက္နားထင္ မ်က္ခုံး၏ အနီးအနားပတ္ဝန္းက်င္တြင္ မွဲ႕ရွိလၽွင္ ငယ္ရြယ္စဥ္က ဆင္းရဲ၍ ႀကီးေသာ္ ခ်မ္းသာတတ္ပါသည္ ။ အိုဇာတာ ကံေကာင္းမည္ ။
မိမိၾသဇာကို နာခံမည့္ လင္ေယာက္်ားအား ရတတ္သည္ ။ အလုပ္အကိုင္ မွန္သမၽွကို ဦးစီးဦးေဆာင္ ျပဳလုပ္တတ္သည္ ။သားေယာက္်ားေမြးၿပီး အက်ိဳးေပးတတ္သည္ ။
၃။ အထက္ႏႈတ္ခမ္း (သို႔) ေအာက္ႏႈတ္ခမ္း အနီးတဝိုက္တြင္ မွဲ႕ရွိလၽွင္ မိမိကို ခ်စ္ျမတ္နိုးေသာ ေယာက္်ားမ်ား ေပါမ်ားတတ္သည္ ။ ေယာက္်ားမ်ား၏ ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္နိုးျခင္းကို ခံရမည္ ။
မိမိကိုယ္တိုင္လည္း အခ်စ္ႏွင့္ပတ္သက္လၽွင္ အစြဲအလမ္းစိတ္ ႀကီးတတ္သည္ ။ အစားအေသာက္ေကာင္းမ်ားကို အထူးႀကိဳက္ႏွစ္သက္သူျဖစ္သည္ ။
၄။ ဘယ္ဘက္ပါးျပင္မို႔တြင္ မွဲ႕ရွိလၽွင္ စိတ္ႏု၍ အညႇာလြယ္တတ္ပါသည္ ။ တဖက္သားေျပာလာသည့္စကားကိုမစဥ္းစားဘဲ အယုံလြယ္တတ္ပါသည္ ။ ေယာက္်ားမ်ား၏ စိတ္ဝင္စားျခင္း ၊ အေရးေပျခင္းကို ခံရတတ္သည္ ။
၅။ ညာဘက္ပါးျပင္မို႔တြင္ စံပယ္တင္မွဲ႕ရွိလၽွင္ လူခ်စ္လူခင္မ်ားတတ္သည္ ။ စန္းအလြန္ပြင့္တတ္သည္ ။ လင္ေယာက်ာ္းအေပၚ သစၥာရွိတတ္သည္ ။ အလုပ္အကိုင္ အဆင္ေျပ၍ ေအာင္ျမင္ေက်ာ္ၾကားမည္ ။ ကံေကာင္းသူ ျဖစ္တတ္ပါသည္ ။
၆။ လည္ပင္းတြင္ မွဲ႕ရွိလၽွင္ ခ်မ္းသာႂကြယ္ဝတတ္ပါသည္ ။
၇။ ဘယ္ ညာ လက္ေမာင္း (သို႔) ဘယ္လက္ဖ်ံ ညာလက္ဖ်ံတြင္ မွဲ႕ရွိလၽွင္ ပင္ပင္ပန္းပန္း လုပ္ကိုင္စားေသာက္ျခင္း မျပဳရဘဲ ေအးေအးခ်မ္းခ်မ္းႏွင့္ ေနထိုင္ရတတ္ပါသည္ ။
၈။ ညာဘက္သားျမတ္ (သို႔) ဘယ္ဘက္သားျမတ္ေပၚတြင္ မွဲ႕တလုံးထက္ပိုၿပီး မ်ားစြာရွိလၽွင္ ငယ္စဥ္က မိဘတို႔၏စြန႔္ပစ္ျခင္းကို ခံရတတ္သည္ ။
ပစၥည္းခ်မ္းသာေသာ္လည္း စိတ္မခ်မ္းသာ ျဖစ္ရတတ္သည္ ။ေလာဘရမၼက္ ႀကီးတတသည္။ မုဆိုးမ ျဖစ္တတ္ပါသည္ ။ ကံဆိုးတတ္ပါသည္ ။
၉။ ရင္၏အလယ္ဗဟိုတည့္တည့္တြင္ မွဲ႕ရွိလၽွင္ ပစၥည္းဥစၥာ ျပည့္စုံတတ္ပါသည္ ။ မိမိအေပၚ အလိုလိုက္ အႀကိဳက္ေဆာင္မည့္ လင္ေယာက္်ားကို ရတတ္သည္ ။သားေကာင္း သမီးေကာင္း ထြန္းကားတတ္သည္ ။
၁၀။ မွဲ႕စလြယ္ ပါရွိလၽွင္ ငယ္စဥ္က ဆင္းရဲေစကာမူ ခ်မ္းသာႂကြယ္ဝလာတတ္သည္ ။ ကေတာ္မယားျဖစ္တတ္ပါသည္ ။
လူသိမ်ားၿပီး ထင္ရွားေက်ာ္ၾကားေသာ လင္ေယာက်ာ္းကို ရတတ္ပါသည္ ။ မည္မၽွဆိုးသြမ္းေသာ ေယာက်ာ္ား ျဖစ္ေစကာမူ မိမိ၏ၾသဇာကို နာခံမည့္လင္ေယာက်ာ္းႏွင့္ ေပါင္းဖက္ နိုင္ေပေတာ့သတည္း ။crd
Unicode,
၁။ နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတစ်လုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကို ရတတ်သည် ။
အိမ်ထောင်ဆက်များတတ်သည် ။ သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည် ။
၂။ ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော် ချမ်းသာတတ်ပါသည် ။ အိုဇာတာ ကံကောင်းမည် ။
မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည် ။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည် ။သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည် ။
၃။ အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည် ။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည် ။
မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည် ။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည် ။
၄။ ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည် ။ တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည် ။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း ၊ အရေးပေခြင်းကို ခံရတတ်သည် ။
၅။ ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည် ။ စန်းအလွန်ပွင့်တတ်သည် ။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည် ။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည် ။ ကံကောင်းသူ ဖြစ်တတ်ပါသည် ။
၆။ လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည် ။
၇။ ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည် ။
၈။ ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည် ။
ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည် ။လောဘရမ္မက် ကြီးတတသည်။ မုဆိုးမ ဖြစ်တတ်ပါသည် ။ ကံဆိုးတတ်ပါသည် ။
၉။ ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည် ။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည် ။သားကောင်း သမီးကောင်း ထွန်းကားတတ်သည် ။
၁၀။ မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည် ။ ကတော်မယားဖြစ်တတ်ပါသည် ။
လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည် ။ မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သတည်း ။crd
crd