ကြောင်လေးတွေက လူတွေနဲ့ အလွန်နီးစပ်တဲ့ ချစ်စရာကလေးလေး တွေပါ။ သူတို့က လူတွေကို ချွဲတတ်ကြပြီးတော့ ချစ်လာအောင် လုပ်တတ်ကြပါတယ်။ ဒီနေ့မှာတော့ ကြောင်လေးတွေ ပြုမူတတ်တဲ့ အမူအရာလေးတွေရဲ့ အဓိပ္ပါယ်လေးတွေကို ဖော်ပြပေးပါ့မယ်။
၁။ ကြောင်လေး ကွေးပြီးအိပ်နေခြင်း
ကြောင်လေးတွေက တစ်ခါတရံ ကွေးပြီး အိပ်နေတတ်တာက သူတို့အတွက် လုံခြုံစိတ်ချရတယ် လို့ ဖော်ပြတာပါ။ အဲဒီအချိန်မှာ သူတို့ ခန္ဓာကိုယ်က အပူချိန်တွေလည်း လျော့သွားပါတယ်။ သင့်ရဲ့ကြောင်လေးက တစ်နေကုန်နီးပါး ခွေခွေလေးအိပ်နေတယ် ဆိုရင်တော့ သူ နေမကောင်းလို့ပါ။
၂။ ခြေသည်းလက်သည်းတွေကို ဖွက်ထားခြင်း
ဒီလို ပုံစံနေနေရင်တော့ ကြောင်လေးက ပျော်နေတာပါ။ တစ်ခါတလေမှာ သူတို့ရဲ့မျက်လုံးလေးတွေက အိပ်ငိုက်နေတတ်ပါတယ်။ သူတို့ရဲ့ နှုတ်ခမ်းမွေးနဲ့ အမြီးလေးကို ဖြည်းဖြည်းချင်း လှုပ်နေရင် ကြောင်လေးပျော်ရွှင်နေတဲ့ အဓိပ္ပါယ်ပါ။
၃။ ပက်လက်လှန်နေခြင်း
တစ်ခါတရံ ကြောင်လေးတွေက ပက်လက်လှန်ပြီး ခြေတွေလက်တွေကို ဆော့နေတတ်ပါတယ်။ ပထမအဓိပ္ပါယ်ကတော့ သူတို့ စိတ်သက်တောင့်သက်သာဖြစ်တာ၊ သခင်ကို ယုံကြည်တာ၊ သူတို့အချစ်ကို ပြတာပါ။ နောက်ထပ် အဓိပ္ပါယ်ကတော့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အဆင်သင့် ဖြစ်နေတာကို ဆိုလိုတာပါ။ ဒါပေမယ့် ကြောင်နဲ့ မရင်းနှီးဘဲ ကြောင်ပက်လက် လှန်နေတာကို သူ့ဗိုက်ပေါ် သွားမပွတ်သင့်ပါဘူး။ သူ့လက်သည်းတွေနဲ့ ဆွဲကုတ်ပါလိမ့်မယ်။
၄။ မျက်လုံးက ပြူးနေပြီး သူငယ်အိမ် ကျဉ်းနေခြင်း
အဲဒီလိုပုံစံ ဆိုရင် ကြောင်လေးတွေက တစ်ခုခုကို အာရုံစိုက်ပြီး သတိထား ကြည့်နေတာပါ။ အဲဒီအချိန်မှာ သူတို့ခန္ဓာကိုယ်က ဝပ်နေပြီး သားကောင်ကို လိုက်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။
၅။ နောက်ကျောခုံးနေခြင်း
ကြောင်လေးတွေ ကြောက်လန့်တဲ့အခါ၊ ဒေါသထွက်တဲ့အခါ သူတို့ခန္ဓာကိုယ်ကို ကြီးမားသယောင်ပြုဖို့ ကြိုးစားကြပါတယ်။ ဒီပုံစံက ရန်မူဖို့ အဆင်သင့်ဖြစ်တဲ့အနေအထားပါ။ အဲဒီအနေအထားမှာ ကြောင်လေးတွေက မြန်မြန်ပြေးဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။
၆။ မထိတထိဆော့ခြင်း
ကြောင်လေးတွေ ပျော်ရွှင်တဲ့အခါ စိတ်ကျေနပ်တဲ့အခါ လက်လေးတွေနဲ့ ပစ္စည်းတွေကို မထိတထိ ဆော့ကြပါတယ်။ မထိတထိဆော့တာက သူတို့ကြောင်ပေါက်စဘဝက မှတ်ဉာဏ် ကျန်ရစ်နေတာပါ။ သင့်ကို မထိတထိ လာစနေရင်တော့ သင်ဟာ ကြောင်လေးယုံကြည်ပြီး ချစ်ရတဲ့သူ ဖြစ်နေလို့ပါ။
Zombie (Lovemedia)
for zawgyi
ေၾကာင္ခ်စ္သူတိုင္း သိထားသင့္တဲ့ ေၾကာင္ေလးေတြ ျပဳလုပ္တတ္တဲ့ အမူအရာေလးေတြရဲ႕အဓိပၸါယ္မ်ား
ေၾကာင္ေလးေတြက လူေတြနဲ႔ အလြန္နီးစပ္တဲ့ ခ်စ္စရာကေလးေလး ေတြပါ။ သူတို႔က လူေတြကို ခြၽဲတတ္ၾကၿပီးေတာ့ ခ်စ္လာေအာင္ လုပ္တတ္ၾကပါတယ္။ ဒီေန႔မွာေတာ့ ေၾကာင္ေလးေတြ ျပဳမူတတ္တဲ့ အမူအရာေလးေတြရဲ႕ အဓိပၸါယ္ေလးေတြကို ေဖာ္ျပေပးပါ့မယ္။
၁။ ေၾကာင္ေလး ေကြးၿပီးအိပ္ေနျခင္း
ေၾကာင္ေလးေတြက တစ္ခါတရံ ေကြးၿပီး အိပ္ေနတတ္တာက သူတို႔အတြက္ လုံၿခဳံစိတ္ခ်ရတယ္ လို႔ ေဖာ္ျပတာပါ။ အဲဒီအခ်ိန္မွာ သူတို႔ ခႏၶာကိုယ္က အပူခ်ိန္ေတြလည္း ေလ်ာ့သြားပါတယ္။ သင့္ရဲ႕ေၾကာင္ေလးက တစ္ေနကုန္နီးပါး ေခြေခြေလးအိပ္ေနတယ္ ဆိုရင္ေတာ့ သူ ေနမေကာင္းလို႔ပါ။
၂။ ေျခသည္းလက္သည္းေတြကို ဖြက္ထားျခင္း
ဒီလို ပုံစံေနေနရင္ေတာ့ ေၾကာင္ေလးက ေပ်ာ္ေနတာပါ။ တစ္ခါတေလမွာ သူတို႔ရဲ႕မ်က္လုံးေလးေတြက အိပ္ငိုက္ေနတတ္ပါတယ္။ သူတို႔ရဲ႕ ႏႈတ္ခမ္းေမြးနဲ႔ အၿမီးေလးကို ျဖည္းျဖည္းခ်င္း လႈပ္ေနရင္ ေၾကာင္ေလးေပ်ာ္႐ႊင္ေနတဲ့ အဓိပၸါယ္ပါ။
၃။ ပက္လက္လွန္ေနျခင္း
တစ္ခါတရံ ေၾကာင္ေလးေတြက ပက္လက္လွန္ၿပီး ေျခေတြလက္ေတြကို ေဆာ့ေနတတ္ပါတယ္။ ပထမအဓိပၸါယ္ကေတာ့ သူတို႔ စိတ္သက္ေတာင့္သက္သာျဖစ္တာ၊ သခင္ကို ယုံၾကည္တာ၊ သူတို႔အခ်စ္ကို ျပတာပါ။ ေနာက္ထပ္ အဓိပၸါယ္ကေတာ့ သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔ အဆင္သင့္ ျဖစ္ေနတာကို ဆိုလိုတာပါ။ ဒါေပမယ့္ ေၾကာင္နဲ႔ မရင္းႏွီးဘဲ ေၾကာင္ပက္လက္ လွန္ေနတာကို သူ႔ဗိုက္ေပၚ သြားမပြတ္သင့္ပါဘူး။ သူ႔လက္သည္းေတြနဲ႔ ဆြဲကုတ္ပါလိမ့္မယ္။
၄။ မ်က္လုံးက ျပဴးေနၿပီး သူငယ္အိမ္ က်ဥ္းေနျခင္း
အဲဒီလိုပုံစံ ဆိုရင္ ေၾကာင္ေလးေတြက တစ္ခုခုကို အာ႐ုံစိုက္ၿပီး သတိထား ၾကည့္ေနတာပါ။ အဲဒီအခ်ိန္မွာ သူတို႔ခႏၶာကိုယ္က ဝပ္ေနၿပီး သားေကာင္ကို လိုက္ဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္။
၅။ ေနာက္ေက်ာခုံးေနျခင္း
ေၾကာင္ေလးေတြ ေၾကာက္လန႔္တဲ့အခါ၊ ေဒါသထြက္တဲ့အခါ သူတို႔ခႏၶာကိုယ္ကို ႀကီးမားသေယာင္ျပဳဖို႔ ႀကိဳးစားၾကပါတယ္။ ဒီပုံစံက ရန္မူဖို႔ အဆင္သင့္ျဖစ္တဲ့အေနအထားပါ။ အဲဒီအေနအထားမွာ ေၾကာင္ေလးေတြက ျမန္ျမန္ေျပးဖို႔ အဆင္သင့္ ျဖစ္ေနၾကပါတယ္။
၆။ မထိတထိေဆာ့ျခင္း
ေၾကာင္ေလးေတြ ေပ်ာ္႐ႊင္တဲ့အခါ စိတ္ေက်နပ္တဲ့အခါ လက္ေလးေတြနဲ႔ ပစၥည္းေတြကို မထိတထိ ေဆာ့ၾကပါတယ္။ မထိတထိေဆာ့တာက သူတို႔ေၾကာင္ေပါက္စဘဝက မွတ္ဉာဏ္ က်န္ရစ္ေနတာပါ။ သင့္ကို မထိတထိ လာစေနရင္ေတာ့ သင္ဟာ ေၾကာင္ေလးယုံၾကည္ၿပီး ခ်စ္ရတဲ့သူ ျဖစ္ေနလို႔ပါ။
Zombie (Lovemedia)