ဘေဘီမောင်က အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူ တစ်ယောက်ပါ ။
ပိုပြီး လေးစားစရာ ကောင်းတာကတော့ အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ပရဟိတ အလုပ်တွေကို တတ်နိုင်သလောက် လုပ်ကိုင်ကာ အလှူအတန်းတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။
ခုလိုကာလမှာ ကိုဗစ်ရောဂါဆိုးကြီးကို ပြည်သူတွေ ဆိုးဆိုးရွာရွား ခံစားနေရချိန်မှာလည်း သူမ တတ်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။
အခုလည်း ပဲခူးမြို့ သီရိဇေယျာကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော် ဦးနန္နိယအတွက် တန်ဖိုးကြီး Mark -x ကားတစ်စီးကို လှူဒါန်းကာ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ပါတယ် ။
ဒီအလှူက သူမရဲ့ အသက် (၂၈) နှစ်မှာ ကြီးမားတဲ့ အလှူကြီးတစ်ခု ဖြစ်ကြောင်းကိုလည်း ” 2019.6လပိုင်းက ပဲခူးမြို့ သီရိဇေယျာကျောင်းတိုက်မှာသီတင်းသုံးနေထိုင်တဲ့ဆရာတော် ဦးနန္နိယအား မော်တော်ယဉ် Mark-xကားလေး ရေစက်ချ လှူဒါန်းကုသိုလ်လေးပါ အသက်၂၈မှာလှူဒါန်းကုသိုလ်ပြုခဲ့တဲ့ကြီးမားတဲ့ကုသိုလ်လေးတစ်ခုပေါ့ရှင့် ဒီထက်ပိုပြီးလှူနိုင်တန်းနိုင်အောင်ပိုပြီးအလုပ်တွေကြိုးစားပီးလုပ်ကိုင်နေပါတယ် ဘေဘီကိုချစ်တဲ့အသဲတို့လည်း သာဓုခေါ်ကုသိုလ်လေးယူပေးပါနော်” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက်ဝေမျှပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Source Credit : Baby Maung Facebook Account
unicode
Source Credit : Baby Maung Facebook Account