တခါတုန်းက တံမြက်စည်းသည်ကြီး တစ်ယောက်က လူတစ်ယောက်ကို တံမြက်စည်း နှစ်ချောင်းကို ရောင်းချခဲ့ ပါတယ်။ ဝယ်တဲ့သူက တစ်ချောင်းကို အိမ်ပေါ်မှာ လှည်းဖို့နဲ့ တစ်ချောင်းက မြေကြီးမှာ လှည်းဖို့ ဆိုပြီး ဝယ်ခဲ့တာပါ ။
မြေကြီးပေါ်မှာ အလှည်းခံရတဲ့ တံမြက်စည်းက နေ့စဉ် နေ့တိုင်း ဖုန်တွေနဲ့ လုံးပန်းပြီး ကျင်ကြီး ကျင်ငယ်တွေနဲ့ ထိရကာ ကြမ်းတမ်းတဲ့ ကျောက်စရစ်တွေ နဲ့လည်း ကြုံရ ဆုံရတော့ သူ့ဘဝဟာ ကြမ်းသထက် ကြမ်းလာ ပါတယ်တဲ့ ။ ဒါကိုကြည့်ပြီး သူ့ဘဝသူ အားငယ်လာကာ..
” အိမ်ပေါ်မှာနေရတဲ့ တံမြက်စည်းလေး ဖြစ်ရင် သိပ်ကောင်းမှာပဲ ၊ သူ့ဘဝကျတော့ နေလဲမပူ.. ကြမ်းတဲ့ ကျောက်စရစ်တွေနဲ့ မတွေ့ရ ၊ ကျင်ကြီး ကျင်ငယ်နဲ့လည်း မဆုံရတော့ သူ့ဘဝ သိပ် သာယာနေမှာပဲ ” ဆိုပြီး သူ့မိတ်ဆွေ ဖြစ်တဲ့ အိမ်ပေါ်မှာ အလှည်းခံရတဲ့ တံမြက်စည်းကို အားကျနေမိ ပါတယ်တဲ့ ။ နောက်ပြီး..
” သူက အိမ်ပေါ်မှာ နေရတော့ သင်းပျံ့တဲ့ ရနံ့တွေနဲ့ နေရမှာပဲ.. ငါ့လို ဘဝ မကြမ်းလောက်ဘူး.. ငါလည်း သူ့လို ဘဝရောက်ရင် သိပ်ကောင်းမှာပဲ ” ဆိုပြီး အမြဲ တွေးပြီး နေတတ်သေးတယ် တဲ့..
ဒါနဲ့ တစ်နေ့တော့ သူ့သူငယ်ချင်း တံမြက်စည်းကို လှေခါးနားမှာ ဆုံမိကြတာမို့ စကား ပြောဖြစ်ကြ တာပေါ့ ။ အိမ်အောက်မြေကြီးမှာ အလှည်းခံရတဲ့ တံမြက်စည်းက..
” သူငယ်ချင်း.. မင်းဘဝက သိပ်ပီး သာယာတာ ပဲကွာ ၊ ငါ့လို မကြမ်းတမ်းဘူး ၊ မကောင်းတဲ့ ရနံ့တွေနဲ့ မထိတွေ့ ရဘူး ။ မင်းဘဝက သိပ်ပျော်စရာ ကောင်းမှာပဲ ” လို့ ပြောရှာ သတဲ့..
” မင်းလို ဘဝမျိုး နေချင်လိုက်တာ ” လို့လည်း ခဏခဏ ပြောသတဲ့ ။ ဒါနဲ့ အိမ်ပေါ်က တံမြက်စည်းက ပြန်ပြောလိုက်တာက..
” တကယ်တော့ ငါ့ဘဝကို အပြင်က မြင်ရင်တော့ သာယာတယ် လို့ မင်းထင်ချင်ထင်လိမ့်မယ် သူငယ်ချင်းရယ်.. တကယ်တော့ ငါ့ဘဝက မသာယာပါဘူးကွာ.. ”
” လင်မယားချင်း ရန်ဖြစ်လည်း ငါ့ကို ဆွဲပြီး ရိုက်ကြတယ် ၊ တစ်ယောက်နဲ့ တစ်ယောက် ဆွဲကြ လုကြတော့ ငါ နာကျင်ရတယ် ၊ သားသမီးကို ရိုက်ပြီ ဆိုလည်း ငါ့ကို အသုံးပြုတယ်။ အဲ့ဒီအခါလည်း တစ်ယောက်နဲ့ တစ်ယောက် ဆွဲကြ လုကြ ပြန်ရော.. ”
” ငါ့ဘဝက မင်းလို မကြမ်းတမ်းပေမယ့် နေ့စဉ် နားငြီးရ သလို ၊ နာကျင်တဲ့ ဝေဒနာ ခံစားရတယ် ၊ စိတ်ရှုပ်ရတယ် ။ ငါ့ဘဝက ပင်ပန်းတာ မခံရ ပေမယ့် စိတ်ရှုပ်စရာကြီး ပါကွာ ။ ”
” နောက်ပြီး ငါ့ကို ဘယ်နားမှာ ထားတာလဲ မင်းသိလား? ခြေနင်းခုံနား မှာ ထားတာကွ ။ ဟိုလူ လာလဲ တိုက်သွား.. ဒီလူလာလည်း နင်းသွားနဲ့ကွာ ၊ သေချင်စော် ကို နံရော ” လို့ ပြောပြလိုက်တော့.. အိမ်အောက် တံမြက်စည်းက သူ့ဘဝသူ ကျေနပ်သလို ခံစားရသွားတယ်တဲ့ ။အခု အချိန် မှာတော့ သူတွေးလိုက်တာက..
” ဪ.. အပြင် ပုံသဏ္ဌာန် လှပေမယ့် ဘဝရဲ့ဒုက္ခတွေက ငါ့ထက် များလှပါလား ၊ တကယ်တော့ ငါ့ဘဝက ကြမ်းပေမယ့် သူ့လောက် မဆိုးသေး ပါလား ” လို့တွေးပြီး ခေါင်းငုံ့ကာ သူငယ်ချင်းနှစ်ယောက် သူ့နေရာသူ ပြန်ကြပါသတဲ့ ။
ပုံပြင်လေးကတော့ ဒါပါပဲ။ လောကလူတွေလည်း ပုံပြင်လေးထဲကလို ကိုယ့်ဘဝ အပြင်မှာကြမ်းလို့လည်း စိတ်မပျက် ပါနဲ့ ။ အိမ်ကောင်းကောင်းနဲ့ နေနေရတယ် ၊ သင်းပျံ့တဲ့ ရနံ့တွေ ကြားမှာ နေနေရတယ် ဆိုပေမယ့်လည်း အားမကျပါနဲ့ ။
အပြင်လှပြီး အတွင်းပုပ်နေတာတွေ အများကြီးပါ ။ တကယ်တော့ ကိုယ်ရရှိထားတဲ့ ဘဝလေးကို အကျိုးရှိရှိ ပေးဆပ်ပြီး လောကကို အလှဆင်ခွင့် ရနေတာလေးကိုက ကျေနပ်စရာဖြစ်အောင် ကြိုးစားပြီး နေထိုင်သင့်ပါတယ် ။
အပြင်မှာ ကြမ်းတမ်းပေမယ့် အတွင်းမှာ သင်းပျံ့တဲ့ ရနံ့ရှိအောင် ကြိုးစားပြီးနေထိုင်မယ်ဆိုရင် ဘဝဟာ သာယာပါတယ် ။
မေတ္တာဖြင့်..
(ဓမ္မစမ်းရေ)
for zawgyi
တံျမက္စည္း
တခါတုန္းက တံျမက္စည္းသည္ႀကီး တစ္ေယာက္က လူတစ္ေယာက္ကို တံျမက္စည္း ႏွစ္ေခ်ာင္းကို ေရာင္းခ်ခဲ့ ပါတယ္။ ဝယ္တဲ့သူက တစ္ေခ်ာင္းကို အိမ္ေပၚမွာ လွည္းဖို႔နဲ႔ တစ္ေခ်ာင္းက ေျမႀကီးမွာ လွည္းဖို႔ ဆိုၿပီး ဝယ္ခဲ့တာပါ ။
ေျမႀကီးေပၚမွာ အလွည္းခံရတဲ့ တံျမက္စည္းက ေန႔စဥ္ ေန႔တိုင္း ဖုန္ေတြနဲ႔ လုံးပန္းၿပီး က်င္ႀကီး က်င္ငယ္ေတြနဲ႔ ထိရကာ ၾကမ္းတမ္းတဲ့ ေက်ာက္စရစ္ေတြ နဲ႔လည္း ႀကဳံရ ဆုံရေတာ့ သူ႔ဘဝဟာ ၾကမ္းသထက္ ၾကမ္းလာ ပါတယ္တဲ့ ။ ဒါကိုၾကည့္ၿပီး သူ႔ဘဝသူ အားငယ္လာကာ..
” အိမ္ေပၚမွာေနရတဲ့ တံျမက္စည္းေလး ျဖစ္ရင္ သိပ္ေကာင္းမွာပဲ ၊ သူ႔ဘဝက်ေတာ့ ေနလဲမပူ.. ၾကမ္းတဲ့ ေက်ာက္စရစ္ေတြနဲ႔ မေတြ႕ရ ၊ က်င္ႀကီး က်င္ငယ္နဲ႔လည္း မဆုံရေတာ့ သူ႔ဘဝ သိပ္ သာယာေနမွာပဲ ” ဆိုၿပီး သူ႔မိတ္ေဆြ ျဖစ္တဲ့ အိမ္ေပၚမွာ အလွည္းခံရတဲ့ တံျမက္စည္းကို အားက်ေနမိ ပါတယ္တဲ့ ။ ေနာက္ၿပီး..
” သူက အိမ္ေပၚမွာ ေနရေတာ့ သင္းပ်ံ႕တဲ့ ရနံ႔ေတြနဲ႔ ေနရမွာပဲ.. ငါ့လို ဘဝ မၾကမ္းေလာက္ဘူး.. ငါလည္း သူ႔လို ဘဝေရာက္ရင္ သိပ္ေကာင္းမွာပဲ ” ဆိုၿပီး အၿမဲ ေတြးၿပီး ေနတတ္ေသးတယ္ တဲ့..
ဒါနဲ႔ တစ္ေန႔ေတာ့ သူ႔သူငယ္ခ်င္း တံျမက္စည္းကို ေလွခါးနားမွာ ဆုံမိၾကတာမို႔ စကား ေျပာျဖစ္ၾက တာေပါ့ ။ အိမ္ေအာက္ေျမႀကီးမွာ အလွည္းခံရတဲ့ တံျမက္စည္းက..
” သူငယ္ခ်င္း.. မင္းဘဝက သိပ္ပီး သာယာတာ ပဲကြာ ၊ ငါ့လို မၾကမ္းတမ္းဘူး ၊ မေကာင္းတဲ့ ရနံ႔ေတြနဲ႔ မထိေတြ႕ ရဘူး ။ မင္းဘဝက သိပ္ေပ်ာ္စရာ ေကာင္းမွာပဲ ” လို႔ ေျပာရွာ သတဲ့..
” မင္းလို ဘဝမ်ိဳး ေနခ်င္လိုက္တာ ” လို႔လည္း ခဏခဏ ေျပာသတဲ့ ။ ဒါနဲ႔ အိမ္ေပၚက တံျမက္စည္းက ျပန္ေျပာလိုက္တာက..
” တကယ္ေတာ့ ငါ့ဘဝကို အျပင္က ျမင္ရင္ေတာ့ သာယာတယ္ လို႔ မင္းထင္ခ်င္ထင္လိမ့္မယ္ သူငယ္ခ်င္းရယ္.. တကယ္ေတာ့ ငါ့ဘဝက မသာယာပါဘူးကြာ.. ”
” လင္မယားခ်င္း ရန္ျဖစ္လည္း ငါ့ကို ဆြဲၿပီး ႐ိုက္ၾကတယ္ ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ဆြဲၾက လုၾကေတာ့ ငါ နာက်င္ရတယ္ ၊ သားသမီးကို ႐ိုက္ၿပီ ဆိုလည္း ငါ့ကို အသုံးျပဳတယ္။ အဲ့ဒီအခါလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ဆြဲၾက လုၾက ျပန္ေရာ.. ”
” ငါ့ဘဝက မင္းလို မၾကမ္းတမ္းေပမယ့္ ေန႔စဥ္ နားၿငီးရ သလို ၊ နာက်င္တဲ့ ေဝဒနာ ခံစားရတယ္ ၊ စိတ္ရႈပ္ရတယ္ ။ ငါ့ဘဝက ပင္ပန္းတာ မခံရ ေပမယ့္ စိတ္ရႈပ္စရာႀကီး ပါကြာ ။ ”
” ေနာက္ၿပီး ငါ့ကို ဘယ္နားမွာ ထားတာလဲ မင္းသိလား? ေျခနင္းခုံနား မွာ ထားတာကြ ။ ဟိုလူ လာလဲ တိုက္သြား.. ဒီလူလာလည္း နင္းသြားနဲ႔ကြာ ၊ ေသခ်င္ေစာ္ ကို နံေရာ ” လို႔ ေျပာျပလိုက္ေတာ့.. အိမ္ေအာက္ တံျမက္စည္းက သူ႔ဘဝသူ ေက်နပ္သလို ခံစားရသြားတယ္တဲ့ ။အခု အခ်ိန္ မွာေတာ့ သူေတြးလိုက္တာက..
” ဪ.. အျပင္ ပုံသဏၭာန္ လွေပမယ့္ ဘဝရဲ႕ဒုကၡေတြက ငါ့ထက္ မ်ားလွပါလား ၊ တကယ္ေတာ့ ငါ့ဘဝက ၾကမ္းေပမယ့္ သူ႔ေလာက္ မဆိုးေသး ပါလား ” လို႔ေတြးၿပီး ေခါင္းငုံ႔ကာ သူငယ္ခ်င္းႏွစ္ေယာက္ သူ႔ေနရာသူ ျပန္ၾကပါသတဲ့ ။
ပုံျပင္ေလးကေတာ့ ဒါပါပဲ။ ေလာကလူေတြလည္း ပုံျပင္ေလးထဲကလို ကိုယ့္ဘဝ အျပင္မွာၾကမ္းလို႔လည္း စိတ္မပ်က္ ပါနဲ႔ ။ အိမ္ေကာင္းေကာင္းနဲ႔ ေနေနရတယ္ ၊ သင္းပ်ံ႕တဲ့ ရနံ႔ေတြ ၾကားမွာ ေနေနရတယ္ ဆိုေပမယ့္လည္း အားမက်ပါနဲ႔ ။
အျပင္လွၿပီး အတြင္းပုပ္ေနတာေတြ အမ်ားႀကီးပါ ။ တကယ္ေတာ့ ကိုယ္ရရိွထားတဲ့ ဘဝေလးကို အက်ိဳးရွိရွိ ေပးဆပ္ၿပီး ေလာကကို အလွဆင္ခြင့္ ရေနတာေလးကိုက ေက်နပ္စရာျဖစ္ေအာင္ ႀကိဳးစားၿပီး ေနထိုင္သင့္ပါတယ္ ။
အျပင္မွာ ၾကမ္းတမ္းေပမယ့္ အတြင္းမွာ သင္းပ်ံ႕တဲ့ ရနံ႔ရွိေအာင္ ႀကိဳးစားၿပီးေနထိုင္မယ္ဆိုရင္ ဘဝဟာ သာယာပါတယ္ ။
ေမတၱာျဖင့္..
(ဓမၼစမ္းေရ)