သီတင်းကျွတ်လကွယ်နေ့ နေကြတ်၍ တန်ဆောင်မုန်းလပြည့်နေ့ လကြတ်မည်။<<<
နေကြတ်ခြင်း၊ လကြတ်ခြင်း ဖြစ်စဉ်များဟာ နေ-ကမ္ဘာ နှင့် လ တို့ တတန်းတည်းကျရောက်ချိန်
(တနည်းအားဖြင့်) လပြည့်၊ လကွယ် အချိန်မှာသာ ဖြစ်ပေါ်လေ့ရှိပါတယ်။
သီတင်းကျွတ်လကွယ်နေ့ (အမှန်) ဖြစ်တဲ့ ၂၀၂၂ အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ နေ တပိုင်းကြတ်ခြင်းဖြစ်စဉ် ပေါ်ပေါက်မှာဖြစ်ပြီး
နေ နဲ့ ကမ္ဘာအကြားကို လ ရောက်ရှိသွားတဲ့အတွက် လရဲ့အရိပ်ဟာ ကမ္ဘာပေါ်သို့ ကျရောက်လာမှာဖြစ်ပါတယ်။
အဆိုပါ နေကြတ်ခြင်းဖြစ်စဉ်ကို တွေ့မြင်ရမည့် နိုင်ငံတွေကတော့ နော်ဝေ၊ ဖင်လန် အပါအဝင် ဥရောပ အရှေ့ပိုင်းနိုင်ငံများ၊
ရုရှား နဲ့ တရုတ် အနောက်ပိုင်း နဲ့ အာရှ အရှေ့အလယ်ပိုင်းဒေသများဖြစ်ပါတယ်။
နေကြတ်မည့်အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ (15:30) မှ ၇ နာရီ ၃၁ မိနစ် (19:31) အထိ ဖြစ်ပါတယ်။
(မြန်မာနိုင်ငံမှ မမြင်ရပါ။) နေ နှင့် လတို့ အတူရှိနေမည့် ကြယ်တာရာကတော့ Virgo လို့ခေါ်တဲ့ ကန်ရာသီ ကြယ်စုများပဲ ဖြစ်ပါတယ်။
ကံဇာတာနိမ့်ပါးမှေးမှိန်တတ်သော နေ့နာမ်အလိုက် အသက်အရွယ်များ…
မွေးနေ့ နေ့နံအလိုက် အသက်အရွယ် အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ…
(ကလေးသူငယ်များမှာတော့ ကျန်းမာရေး နှင့် ပညာရေး)အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး
ဆိုင်ရာ ယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေး ထားခြင်း ဖြစ်ပါတယ်ခင်ဗျား။
– တနင်္ဂနွေနေ့ဖွား များသည်…
အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊
၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်း များတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။
ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊
အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။
– တနင်္လာနေ့ဖွားများသည်…
အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ် ၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ် ၊
၇၇နှစ်၊ ၈၄ နှစ်၊ ၉၁နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးနွမ်းလွယ်၏။
ယတြာအားဖြင့် ရေအရှင် (စီးနေသော မြစ်ရေ..ချောင်းရေ) တွင် ငါးလွှတ်ပေး ရ၏။ သန့်ရှင်းရေး ကုသိုလ်များ ပြုပေးရ၏။
ကျန်းမာသူဖြစ်လျှင် သွေးလှူပေးခြင်းသည် အထိရောက်ဆုံး ယတြာဖြစ်၏။
– အင်္ဂါနေ့ဖွားများသည်…
အသက်အားဖြင့် ၁နှစ် ၊ ၈နှစ်၊ ၁၅နှစ်၊ ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊ ၆၄နှစ်၊
၇၁နှစ်၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်၏။
ယတြာအားဖြင့် ဘုန်းတော်ကြီးကျောင်းသို့ လောင်စာလှူရ၏။
ထင်း/မီးသွေး/မီးခတ်/မီးဖို စသည် ဖြင့် လှူနိုင်၏။ နာရီ ပြက္ခဒိန် စသည်တို့ကို လှူပေးရ၏။
– ဗုဒ္ဓဟူး/ရာဟုနေ့ဖွားများသည်…
အသက်အားဖြင့် ၂နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊ ၇၂နှစ်၊
၇၉နှစ်၊ ၈၆ နှစ် ၊ ၉၃ နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ မှေးမှိန်လွယ်၏။
ယတြာအားဖြင့် ယပ်လှူရ၏။ လေပန်ကာ၊ လေအေးပေးစက် စသည်လည်း လှူနိုင်၏။
စိတ်မနှံ့သူ တို့ကို ကုသိုလ်ပြုရ၏။ ဇာတာရှင်ကိုယ်တိုင်လည်း အိပ်ယာ ပြောင်းအိပ်ရ၏။
– ကြာသာပတေးနေ့ဖွားတို့သည်…
အသက်အားဖြင့် ၃နှစ်၊ ၁၀နှစ်၊ ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်၊ ၆၆နှစ်၊
၇၃နှစ်၊ ၈၀နှစ်၊ ၈၇နှစ်၊ ၉၄နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။
ယတြာအားဖြင့် အင်္ဂါနေ့တွင် ဆီဦးထောပတ်ကို လှူရ၏။ ငွေငါးရာ၊ ငါးထောင်၊ ငါးသောင်း ၊ ငါးသိန်း စသည်ဖြင့် မိမိ တို့ တတ်နိုင်သမျှကို ပံ့သကူ ပစ်ပေးရ၏။
တစ်နေရာတည်းတွင် မပစ်ဘဲ ငါးနေရာခန့် ခွဲဖြန့်ပြီး ပံ့သကူ ပစ်ရ၏။ သန့်ရှင်းရေးကုသိုလ်လည်း ပြုပေးရ၏။
– သောကြာနေ့ဖွားတို့သည်…
အသက်အားဖြင့် ၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊ ၇၄နှစ်၊
၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ် စသော အသက်ပိုင်းတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။
ယတြာအားဖြင့် အမှိုက်ပုံး၊ ထွေးခံ စသည်တို့တွင် မိမိနာမည်ရေးထိုးပြီး သံဃာတော် တို့ကို လှူပေးရ၏။
တတ်နိုင်သူများအဖို့ (မိမိနာမည်ထိုးပြီး) ကုဋီဆောက်လုပ်လှူဒါန်းနိုင်၏။
ဝေယျာဝစ္စ ကုသိုလ်အဖြစ် ပတ်ဝန်းကျင် သန့်ရှင်းရေးကို လည်း ပြုပေးရ၏။ သော့လှူရ၏။
– စနေနေ့ဖွားတို့သည်…
အသက်အားဖြင့် ၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊ ၇၅နှစ်၊ ၈၂နှစ်၊ ၈၉နှစ် တို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။
ယတြာအားဖြင့် သံဃာစီးဖိနပ်တို့ကို လှုဒါန်းပေးရ၏။ ကလေးသူငယ်များကို ဒါနပြုပေးရ၏။ သွေးလှူရ၏။
သူတစ်ပါး၏ ဝန်စည်စလွယ် တို့ကို မိမိမှ စေတနာဖြင့် ကူညီထမ်းပိုးပေးရ၏။
ဖော်ပြပါအသက်ပိုင်းတွေကို လေ့လာကြည့်ရင် ၇ နှစ် စက်ဝိုင်းလို လည်ပတ်နေတဲ့ ကံအားနည်းတတ်ချိန်များကို သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။
မှန်ပါတယ်။ ၇နှစ်တစ်ခါ ကျွန်တော်တို့တွေ ဖြတ်သန်းနေကြ ကံအတက်အကျ လှိုင်းအပေါ် မှာ တွက်ချက် ယူထားခြင်း ဖြစ်ပါတယ်။
၇ ခုစား ၈ခုစားဗေဒင် ဆိုပြီးတော့ အထင်တော့ မသေးလိုက်ကြပါနဲ့ ခင်ဗျား။
ရှေးစဉ်က ရှင်ဘုရင်တွေ စစ်ချီစစ်တိုက် ထွက်ရာမှာသော်မှ ဒီစနစ်ကလေးတွေကို မုချ အသုံးပြုခဲ့ ရပါတယ်။
အရေးကြီးလို့လည်း ကျွန်တော် ဒီမျှအထိ အသေးစိတ် သေချာရေး ပေးထားခြင်း ဖြစ်ပါတယ်။
တစ်ခုရှိတာက ဆိုင်ရာနေ့နံအလိုက် ဆိုင်ရာအသက်ပိုင်းများ ရောက်တိုင်း မညံ့ပါ။ ဒါကို အထူးသတိပြုပါ။
သို့သော် ၁၀ယောက်မှာ ၅ယောက်လောက်က သိသိသာသာကို ညံ့တတ်ပါတယ်။
၃ယောက်လောက် မသိမသာလောက်သာ ဖြစ်နိုင်ပြီး ၂ ယောက်လောက် ကတော့ လုံးဝ လွတ်လွတ်ကင်းကင်း ဖြစ်တတ်ပါတယ်။
(မူလဇာတာ၊ ဖြတ်သန်းဆဲဒသာနဲ့ အမည်များအရ ကွာခြားသွားတာ ဖြစ်ပါတယ်။)
လေးစားစွာဖြင့် ကိုဖုန်း(သုတေသီဝေသာလီမောင်ဖုန်း)
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Credit
==================
Zawgyi
>>>သီတင္းကြၽတ္လကြယ္ေန႔ ေနၾကတ္၍ တန္ေဆာင္မုန္းလျပည့္ေန႔ လၾကတ္မည္။<<<
ေနၾကတ္ျခင္း၊ လၾကတ္ျခင္း ျဖစ္စဥ္မ်ားဟာ ေန-ကမာၻ ႏွင့္ လ တို႔ တတန္းတည္းက်ေရာက္ခ်ိန္
(တနည္းအားျဖင့္) လျပည့္၊ လကြယ္ အခ်ိန္မွာသာ ျဖစ္ေပၚေလ့ရွိပါတယ္။
သီတင္းကြၽတ္လကြယ္ေန႔ (အမွန္) ျဖစ္တဲ့ ၂၀၂၂ ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာေတာ့ ေန တပိုင္းၾကတ္ျခင္းျဖစ္စဥ္ ေပၚေပါက္မွာျဖစ္ၿပီး
ေန နဲ႔ ကမာၻအၾကားကို လ ေရာက္ရွိသြားတဲ့အတြက္ လရဲ႕အရိပ္ဟာ ကမာၻေပၚသို႔ က်ေရာက္လာမွာျဖစ္ပါတယ္။
အဆိုပါ ေနၾကတ္ျခင္းျဖစ္စဥ္ကို ေတြ႕ျမင္ရမည့္ ႏိုင္ငံေတြကေတာ့ ေနာ္ေဝ၊ ဖင္လန္ အပါအဝင္ ဥေရာပ အေရွ႕ပိုင္းႏိုင္ငံမ်ား၊
႐ုရွား နဲ႔ တ႐ုတ္ အေနာက္ပိုင္း နဲ႔ အာရွ အေရွ႕အလယ္ပိုင္းေဒသမ်ားျဖစ္ပါတယ္။
ေနၾကတ္မည့္အခ်ိန္ကေတာ့ ျမန္မာစံေတာ္ခ်ိန္ ညေန ၃ နာရီခြဲ (15:30) မွ ၇ နာရီ ၃၁ မိနစ္ (19:31) အထိ ျဖစ္ပါတယ္။
(ျမန္မာႏိုင္ငံမွ မျမင္ရပါ။) ေန ႏွင့္ လတို႔ အတူရွိေနမည့္ ၾကယ္တာရာကေတာ့ Virgo လို႔ေခၚတဲ့ ကန္ရာသီ ၾကယ္စုမ်ားပဲ ျဖစ္ပါတယ္။
ကံဇာတာနိမ့္ပါးေမွးမွိန္တတ္ေသာ ေန႔နာမ္အလိုက္ အသက္အ႐ြယ္မ်ား…
ေမြးေန႔ ေန႔နံအလိုက္ အသက္အ႐ြယ္ အလိုက္ ကံဇာတာနိမ့္ပါးတတ္ခ်ိန္မ်ား…
(ကေလးသူငယ္မ်ားမွာေတာ့ က်န္းမာေရး ႏွင့္ ပညာေရး)အားနည္းတတ္ခ်ိန္မ်ားကို အလြယ္တကူ ၾကည့္ရႈသိရွိႏိုင္ၿပီး
ဆိုင္ရာ ယၾတာပိုင္းေလးေတြကိုလည္း ျပဳလုပ္ႏိုင္ေအာင္ တင္ျပေပးလိုက္ပါတယ္။
ျမန္မာ့႐ိုးရာ ေသသဝိဇၨာပညာရပ္အရ သုံးသပ္ တင္ျပေပး ထားျခင္း ျဖစ္ပါတယ္ခင္ဗ်ား။
– တနဂၤေႏြေန႔ဖြား မ်ားသည္…
အသက္အားျဖင့္ ၆ႏွစ္၊ ၁၃ႏွစ္၊ ၂၀ႏွစ္၊ ၂၇ႏွစ္၊ ၃၄ႏွစ္၊ ၄၁ႏွစ္၊ ၄၈ႏွစ္၊ ၅၅ႏွစ္၊ ၆၂ႏွစ္၊ ၆၉ႏွစ္၊ ၇၆ႏွစ္၊
၈၃ႏွစ္၊ ၉၀ႏွစ္ စေသာ အသက္ပိုင္း မ်ားတြင္ ကံဇာတာ ညႇိးႏြမ္းလြယ္တတ္ပါသည္။
ယၾတာအားျဖင့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးႏွင့္ အစာအာဟာရ လႈဒါန္းျခင္း၊
အေဝးရွိ အမ်ိဳးသား အႀကီးအကဲ တစ္ဦးကို ေက်းဇူးျပဳျခင္း၊ ကန္ေတာ့ျခင္း ျပဳေပးရပါသည္။
– တနလၤာေန႔ဖြားမ်ားသည္…
အသက္အားျဖင့္ ၇ႏွစ္၊ ၁၄ႏွစ္၊ ၂၁ႏွစ္၊ ၂၈ႏွစ္၊ ၃၅ႏွစ္၊ ၄၂ႏွစ္၊ ၄၉ႏွစ္ ၊ ၅၆ႏွစ္၊ ၆၃ႏွစ္၊ ၇၀ႏွစ္ ၊
၇၇ႏွစ္၊ ၈၄ ႏွစ္၊ ၉၁ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ညႇိးႏြမ္းလြယ္၏။
ယၾတာအားျဖင့္ ေရအရွင္ (စီးေနေသာ ျမစ္ေရ..ေခ်ာင္းေရ) တြင္ ငါးလႊတ္ေပး ရ၏။ သန႔္ရွင္းေရး ကုသိုလ္မ်ား ျပဳေပးရ၏။
က်န္းမာသူျဖစ္လွ်င္ ေသြးလႉေပးျခင္းသည္ အထိေရာက္ဆုံး ယၾတာျဖစ္၏။
– အဂၤါေန႔ဖြားမ်ားသည္…
အသက္အားျဖင့္ ၁ႏွစ္ ၊ ၈ႏွစ္၊ ၁၅ႏွစ္၊ ၂၂ႏွစ္၊ ၂၉ႏွစ္၊ ၃၆ႏွစ္၊ ၄၃ႏွစ္၊ ၅၀ႏွစ္၊ ၅၇ႏွစ္၊ ၆၄ႏွစ္၊
၇၁ႏွစ္၊ ၇၈ႏွစ္၊ ၈၅ႏွစ္၊ ၉၂ႏွစ္ စေသာ အသက္ပိုင္းမ်ားတြင္ ကံဇာတာ ညႇိးႏြမ္းလြယ္၏။
ယၾတာအားျဖင့္ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ေလာင္စာလႉရ၏။
ထင္း/မီးေသြး/မီးခတ္/မီးဖို စသည္ ျဖင့္ လႉႏိုင္၏။ နာရီ ျပကၡဒိန္ စသည္တို႔ကို လႉေပးရ၏။
– ဗုဒၶဟူး/ရာဟုေန႔ဖြားမ်ားသည္…
အသက္အားျဖင့္ ၂ႏွစ္၊ ၉ႏွစ္၊ ၁၆ႏွစ္၊ ၂၃ႏွစ္၊ ၃၀ႏွစ္၊ ၃၇ႏွစ္၊ ၄၄ႏွစ္၊ ၅၁ႏွစ္၊ ၅၈ႏွစ္၊ ၆၅ႏွစ္၊ ၇၂ႏွစ္၊
၇၉ႏွစ္၊ ၈၆ ႏွစ္ ၊ ၉၃ ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ေမွးမွိန္လြယ္၏။
ယၾတာအားျဖင့္ ယပ္လႉရ၏။ ေလပန္ကာ၊ ေလေအးေပးစက္ စသည္လည္း လႉႏိုင္၏။
စိတ္မႏွံ႔သူ တို႔ကို ကုသိုလ္ျပဳရ၏။ ဇာတာရွင္ကိုယ္တိုင္လည္း အိပ္ယာ ေျပာင္းအိပ္ရ၏။
– ၾကာသာပေတးေန႔ဖြားတို႔သည္…
အသက္အားျဖင့္ ၃ႏွစ္၊ ၁၀ႏွစ္၊ ၁၇ႏွစ္၊ ၂၄ႏွစ္၊ ၃၁ႏွစ္၊ ၃၈ႏွစ္၊ ၄၅ႏွစ္၊ ၅၂ႏွစ္၊ ၅၉ႏွစ္၊ ၆၆ႏွစ္၊
၇၃ႏွစ္၊ ၈၀ႏွစ္၊ ၈၇ႏွစ္၊ ၉၄ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။
ယၾတာအားျဖင့္ အဂၤါေန႔တြင္ ဆီဦးေထာပတ္ကို လႉရ၏။ ေငြငါးရာ၊ ငါးေထာင္၊ ငါးေသာင္း ၊ ငါးသိန္း စသည္ျဖင့္ မိမိ တို႔ တတ္ႏိုင္သမွ်ကို ပံ့သကူ ပစ္ေပးရ၏။
တစ္ေနရာတည္းတြင္ မပစ္ဘဲ ငါးေနရာခန႔္ ခြဲျဖန႔္ၿပီး ပံ့သကူ ပစ္ရ၏။ သန႔္ရွင္းေရးကုသိုလ္လည္း ျပဳေပးရ၏။
– ေသာၾကာေန႔ဖြားတို႔သည္…
အသက္အားျဖင့္ ၄ႏွစ္၊ ၁၁ႏွစ္၊ ၁၈ႏွစ္၊ ၂၅ႏွစ္၊ ၃၂ႏွစ္၊ ၃၉ႏွစ္၊ ၄၆ႏွစ္၊ ၅၃ႏွစ္၊ ၆၀ႏွစ္၊ ၆၇ႏွစ္၊ ၇၄ႏွစ္၊
၈၁ႏွစ္၊ ၈၈ႏွစ္၊ ၉၅ႏွစ္ စေသာ အသက္ပိုင္းတို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။
ယၾတာအားျဖင့္ အမႈိက္ပုံး၊ ေထြးခံ စသည္တို႔တြင္ မိမိနာမည္ေရးထိုးၿပီး သံဃာေတာ္ တို႔ကို လႉေပးရ၏။
တတ္ႏိုင္သူမ်ားအဖို႔ (မိမိနာမည္ထိုးၿပီး) ကုဋီေဆာက္လုပ္လႉဒါန္းႏိုင္၏။
ေဝယ်ာဝစၥ ကုသိုလ္အျဖစ္ ပတ္ဝန္းက်င္ သန႔္ရွင္းေရးကို လည္း ျပဳေပးရ၏။ ေသာ့လႉရ၏။
– စေနေန႔ဖြားတို႔သည္…
အသက္အားျဖင့္ ၅ႏွစ္၊ ၁၂ႏွစ္၊ ၁၉ႏွစ္၊ ၂၆ႏွစ္၊ ၃၃ႏွစ္၊ ၄၀ႏွစ္၊ ၄၇ႏွစ္၊ ၅၄ႏွစ္၊ ၆၁ႏွစ္၊ ၆၈ႏွစ္၊ ၇၅ႏွစ္၊ ၈၂ႏွစ္၊ ၈၉ႏွစ္ တို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။
ယၾတာအားျဖင့္ သံဃာစီးဖိနပ္တို႔ကို လႈဒါန္းေပးရ၏။ ကေလးသူငယ္မ်ားကို ဒါနျပဳေပးရ၏။ ေသြးလႉရ၏။
သူတစ္ပါး၏ ဝန္စည္စလြယ္ တို႔ကို မိမိမွ ေစတနာျဖင့္ ကူညီထမ္းပိုးေပးရ၏။
ေဖာ္ျပပါအသက္ပိုင္းေတြကို ေလ့လာၾကည့္ရင္ ၇ ႏွစ္ စက္ဝိုင္းလို လည္ပတ္ေနတဲ့ ကံအားနည္းတတ္ခ်ိန္မ်ားကို သတိျပဳမိၾကလိမ့္မယ္ ထင္ပါတယ္။
မွန္ပါတယ္။ ၇ႏွစ္တစ္ခါ ကြၽန္ေတာ္တို႔ေတြ ျဖတ္သန္းေနၾက ကံအတက္အက် လႈိင္းအေပၚ မွာ တြက္ခ်က္ ယူထားျခင္း ျဖစ္ပါတယ္။
၇ ခုစား ၈ခုစားေဗဒင္ ဆိုၿပီးေတာ့ အထင္ေတာ့ မေသးလိုက္ၾကပါနဲ႔ ခင္ဗ်ား။
ေရွးစဥ္က ရွင္ဘုရင္ေတြ စစ္ခ်ီစစ္တိုက္ ထြက္ရာမွာေသာ္မွ ဒီစနစ္ကေလးေတြကို မုခ် အသုံးျပဳခဲ့ ရပါတယ္။
အေရးႀကီးလို႔လည္း ကြၽန္ေတာ္ ဒီမွ်အထိ အေသးစိတ္ ေသခ်ာေရး ေပးထားျခင္း ျဖစ္ပါတယ္။
တစ္ခုရွိတာက ဆိုင္ရာေန႔နံအလိုက္ ဆိုင္ရာအသက္ပိုင္းမ်ား ေရာက္တိုင္း မညံ့ပါ။ ဒါကို အထူးသတိျပဳပါ။
သို႔ေသာ္ ၁၀ေယာက္မွာ ၅ေယာက္ေလာက္က သိသိသာသာကို ညံ့တတ္ပါတယ္။
၃ေယာက္ေလာက္ မသိမသာေလာက္သာ ျဖစ္ႏိုင္ၿပီး ၂ ေယာက္ေလာက္ ကေတာ့ လုံးဝ လြတ္လြတ္ကင္းကင္း ျဖစ္တတ္ပါတယ္။
(မူလဇာတာ၊ ျဖတ္သန္းဆဲဒသာနဲ႔ အမည္မ်ားအရ ကြာျခားသြားတာ ျဖစ္ပါတယ္။)
ေလးစားစြာျဖင့္ ကိုဖုန္း(သုေတသီေဝသာလီေမာင္ဖုန္း)
ကိုစိုးမိုးထြန္း (ေဗဒင္ပညာသုေတသီ)
Credit