ငွေတွေဝင်လာမဆဲတဲ့ “လှိမ့်ဝင် တည်သုံး အိုးနှစ်လုံး ” အဆောင်အကြောင်း နှင့် အသုံးပြုနည်း..
တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင်တည်သုံးယတြာကကျွန်တော်စခဲ့တဲ့ဇာတ်လမ်းပါ။အဖြစ်က ဒီလိုပါ။မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့သူ့မိသားစုကတော်တော်လေးအဆင်ပြေနေပြီး
အရင်ထရံအိမ်လေးနေရာမှာအာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။ သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို..အဲ့ သူ့အိမ်ရှေ့အဝင်ဝမှာလှိမ့်ဝင်စဉ့်အရုပ်လေးကိုအိမ်ဘက်လှိမ့်ဝင်နေတဲ့ပုံချိတ်ထားတာတွေ့ရပါတယ်။
အိမ်ဧည့်ခန်းမှာတော့စဉ့်အိုးလေးတည်နေတဲ့ပုံကိုတင်ထားတာတွေ့ရပါတယ်။မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့။စီးပွားဖြစ်တယ်လုပ်ငန်းကောင်းတယ်တဲ့ဗျာ..ကျွန်တော်တို့ မြို့မှာထမင်းဆိုင်တစ်ဆိုင်ရှိတယ်။အရမ်းကိုရောင်းရတယ်။အလှူပေးနေသလိုကိုရောင်းရတာ
သူတို့အိမ်မှာလည်း အိမ်ရှေ့သံတံခါးအုတ်ခုံမှာအဲဒီလှိမ့်ဝင်အရုပ်လေးအိမ်ဘက်ကိုလှိမ့်ဝင်နေတဲ့ ပုံလေး တင်ထားတာတွေ့ရပါတယ်။သူ့ထမင်းဆိုင်ကတော့လူတွေလှိမ့်ဝင်နေတော့တာပါပဲဗျာ..အဲဒါနဲ့လူမဝင်လုပ်ငန်းမကောင်းတဲ့သူနဲ့အကြွေးတင်နေတဲ့မိတ်ဆွေတစ်ယောက်နှစ်ယောက်ကိုအဲဒီအရုပ်လေးနှစ်ခုကိုထားဖို့ပြောလိုက်တာ
သူတို့လည်း ကျောက်ဆည်တပေါင်းပွဲနဲ့ကြုံတော့စဉ့်ကူးက စဉ်အိုးသည်တွေလာတာနဲ့အဲဒီအရုပ်လေးကိုတစ်ရုပ်ကိုအိမ်ရှေမှာထားပြီးတစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာအဲဒီ ၃ယောက်ဟာ ၆လအတွင်းလုံးဝမဆပ်နိုင်တော့ဘူးလို့ထင်ထားတဲ့အကြွေးတွေ ကြေပြီးအဆင်ပြေသူတွေဖြစ်နေပါပြီဗျာ။
”လှိမ့်ဝင် တည်သုံး” စဉ့်အိုးလေးတွေ ဘယ်လိုဓာတ်ဆင်ရတာပါလဲ”
အဲဒီလှိမ့်ဝင်တည်သုံးအရုပ်လေးတွေကဟို အရင်လောကီပညာရှင်(ဆန်းပညာရှင်)တွေလုပ်သွားခဲ့တာပါ ။ပညှပ်သွားရာဓါတ်သက်ပါဆိုသလိုလူအများသုံးစကားလှိမ့်ဝင်ဆိုတာကိုယူပြီးလှိမ့်ဝင်နေတဲ့ အရုပ်ကလေးတွေကိုစီရင်ပေးသွားတာပါ။
အဲဒီမှာစဉ့်အိုးလေးကိုလှိမ့်ဝင်နေတဲ့ကောင်လေး( ၂ ၄ )ပုံလေးပါ ။ စဉ့်အိုးကိုဘာလို့သုံးလဲ။တစ်ခြားဟာတစ်ခုခုကိုလည်းလှိမ့်ဝင်လို့ ရတာပဲလို့တွေးမိတော့ ..စဉ့်အိုး = ၃ ၁ ဆိုတာအောင်စေ = အေးစေ = ၁ ၃ ကို ကက်ကင်းရိုက်သွားတယ်ထင်ပါတယ်။
လှိမ့်ဝင် ဆိုတာကတော့ဗျာ လှိမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့..လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့တည်သုံးလေတစ်ရုပ်လုပ်သွားပါတယ်။လှိမ့်ဝင်လာတဲ့ဟာတွေကိုဘုရားတည်။ကျောင်းတည်။ ဇရပ်တည်။သာသနာတည်နိုင်တဲ့အထိသုံးနိုင်ဖို့ လောကီဝိဇ္ဇာ အဘများကစီရင်သွားခဲ့တဲ့ဓါတ်အရုပ်လေးတွေပါ။
“ဘယ်လို သုံးမလဲ ၊ ဘယ်လို ဆောင်မလဲ”
သနချေရပါတယ်။အညံ့ခြေရပါတယ်။ကိုယ့်စီးပွားအတွက်အထွဋ် အမြတ်ဆောင်မည့်ပစ္စည်းဟာကားနဲ့သယ်လားရင်အမျိုးသားအမျိုးသမီးကလေးလူကြီးကျော်ခွသွားတာမျိုး၊ကားထိုင်ခံအောက်ထဲထည့် သယ်လာတာမျိုးတွေရှိတတ်ပါတယ်။
အဲဒီလိုအညံ့ဓါတ်တွေကင်းဖို့ဆားရည်(ရေ ၁ ဂါလံကိုဆား၂ ဇွန်းထည့်ပြီး)ကိုဇလုံထဲထည့်ပြီးလက်ဆယ်ချောင်းကဆေးဖြစ်စေဆိုပြီး ၃ ခါပြောပြီးလက်နှစ်ဖက်ကိုဇလုံထဲထည့်ပြီးသနပ်ခါးသွေးသလိုလက်ယာရစ်မွှေပြီး
ပါးစပ်မှလည်း““ ဥုမ် သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက်ရွတ်ပြီးမှအဲဒီအရုပ် များကို၎င်းရေနဲ့ ဆေးပါ။ပြီးမှ ၎င်းအရုပ်များကိုရေမွှေး (နဝင်းရေ) ရည်နဲ့ပက်ဖြန်းပြီးမှာအိမ်ဘက်သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံ အိုးကို အိမ်ဘက်အတွင်းသို့ထားပြီးအိမ်ရှေ့မှာထားလိုက်ပါ။
တည်သုံး အိုး လေးကိုတော့အလုပ်စားပွဲ၊အိပ်ခန်းစားပွဲ၊အိမ်ထဲမှာထားထားလိုက်ထူးထူးခြားခြား အဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာ။လှိမ့်ဝင်အိုးကိုအိမ်အပြင်ကနေအိမ်ထဲဖက်ကိုလှည့်ထားရပါမယ်။ဖြစ်နိုင်ရင်အိမ်အဝင်အမြင့်တနေရာမှာထားပါ။
တည်အိုးကို မိမိအိမ်ထဲမှ-ဂဟပတိအရပ်သို့လှည့်ထားပေးပါ။ဂဟပတိအရပ်ဟူသည်
တနင်္ဂနွေ(သား-သမီး အတွက်)အနောက်တောင်အရပ်ဟူ၍မှတ်ပါလေ။
တနင်္လာ (သား-သမီး အတွက်)အနောက်စူးစူးအရပ်ဟူ၍မှတ်ပါလေ။
အင်္ဂါ(သား-သမီး အတွက်) အနောက်မြောက်အရပ်ဟူ၍မှတ်ပါလေ။
ဗုဒ္ဓဟူး (သား-သမီး အတွက်) -မြောက်အရပ်ဟူ၍မှတ်ပါလေ။
ရာဟု – (သား-သမီး အတွက်) အရှေ့တောင်အရပ်ဟူ၍မှတ်ပါလေ။
ကြာသပတေး – (သား-သမီး အတွက်) အရှေ့စူးစူးအရပ်ဟူ၍မှတ်ပါလေ။
သောကြာ(သား-သမီး အတွက်) တောင်အရပ်ဟူ၍မှတ်ပါလေ။
စနေ -(သား-သမီး အတွက်) အရှေ့မြောက်အရပ်ဟူ၍မှတ်ပါလေ။
လှိမ့်ဝင်=တည်သုံး အိုးနှစ်လုံးကို မိမိမွေးနေ့မနက် ၆နာရီကနေ၇နာရီခွဲအတွင်းစတင်ပြီးထားပါ။နေ့စဉ်ရှင်သီဝလိ ၁၀ ဂါထာရွတ်ပေးပါ။(နေ့စဉ်ရွတ်ဆိုပါရန်)လှိမ့်ဝင်အိုးမှာကောတည်သုံးအိုးမှာပါငွေ ၃၆၀၀ကျပ်စီထည့်ပေးထားပါ။သိသိသာသာငွေဝင်လာပါလိမ့်မည်။
ချေးထားပြီးပြန်မရသောငွေများ အရူံးပေါ်နေသောလုပ်ငန်းများ ငွေကြေးကိစ္စနဲ့ပတ်သက်သောလုပ်ငန်းကိစ္စမှန်သမျှ သိသိသာသာ အဆင်ပြေလာပါလိမ့်မည်။ငွေကံပွင့်လာပါက မကြာခဏဒါနပြုပါ။ ပံ့သကူဒါနပစ်ပါ။ငွေအိုးကြီးလှိမ့်ယူလာပြီရွှေတွေတည်သုံးမည်။
လူမဝင်သောဆိုင်များတည်းခိုခန်းများ ဟိုတယ်များလူများလှိမ့်ဝင်လာပါလိမ့်မယ်။အရောင်းအဝယ်လုပ်ငန်းများသိသိသာသာတိုးတက်လာ တာကိုတွေ့ရပါလိမ့်မည်။တစ်ပတ် လောက်လှိမ့်ဝင်နေပြီးနောက်ပိုင်းနည်းနည်းပါးသွားတာမျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင်အရုပ်ကလေးကိုမျက်နှာသစ်ပေးလိုက်ပါ။
ပြီးတော့ရေမွှေးလေး ဖြန်ပေးလိုက်ပါ။ပြီးတော့ ““လာထား လာထား”” ဆိုပြီး လက်ခုတ်တီးပြီးပြောလိုက်ပါ။ဝင်လာပါလိမ့်မယ်ဗျာ .. ပထမဆုံးဝင်သောငွေမှအနည်းအကျင်းကိုဘုရားလှူလိုက်ပါ။ပြီးမှကျန်တဲ့ပိုက်ဆံကိုသုံးပါလေ။
ပထမဆုံးဝင်တဲ့ ပိုက်ဆံကိုအနိဌပစ္စည်းတွေဝယ်မသုံးလိုက်ပါနဲ့ ။နောက်ပြီး လာဒ်တိတ်စေတဲ့အကြောင်းတရားတွေကို ရှောင်ပေးရပါတယ်။ အရင်ကရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ်ဗျာ။
၁။ မနက် အိပ်ယာထလျှင်အိမ်သာထဲသိုတန်းမသွားရ၊မီးဖိုချောင်ထဲသို့တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်းတန်းမလုပ်ရပါ။လာဒ်တိတ်တတ်ပါသည်။
၂။ ထမင်းစားလျှင်ဘေးမှာကျနေသာအမှိုက်များကိုထမင်းစားပြီးလျှင်မိမိပန်းကန်ထဲသို့ထည့်ပြီးဆေးဖို့ မယူသွားရပါ။
၃။ စားပြီးအိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ်ဆိုပြီးမီးဖိုချောင်ထဲမှာမဆေးပဲ တစ်ညလုံး ပုံမထားသင့်ပါ။
၄။ အိမ်ထောင်ဦး အမျိုးသား၏ အကျီး ၊ စွတ်ကျယ် ၊တဘက်၊ပုဆိုး အဟောင်းများကိုကြမ်းသုတ်လက်သုတ်ဖုန်သုတ်မလုပ်ရပါ။
၅။ လင်မယားအချင်းချင်း ၉ နာရီ မကျော်မီစောစောစီးစီးစကားများရန်မဖြစ်ရ။မငြူစူးရ၊ဒေါသမဖြစ်ရပါ။စောစော စီးစီးနိမိတ်မကောင်းသောအမင်္ဂလာသီချင်းများမဖွင့်ရပါ။
အဲဒီ ၅ ချက် ၂ ချက်လောက်လုပ်မိလျှင် လာဒ်တိတ်စေတတ်ပါတယ်။ငွေဝင်ပါလျှင်လည်း အသာလွတ် ပြန်ပြန်ထွက်သွားတတ်ပါသည်။ထို့ကြောင့်အဲဒီ အချက်များကိုရှောင်သင့်ပါသည်။
အားလုံး ငွေကြေး ရတနာများလုပ်ငန်းကောင်းများလှိမ့်ဝင်ကြပြီးအလှူအတန်း ၊ဘာသာရေး၊သာသာနာရေး ပရဟိတ အရေးအတွက်တည်သုံးနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း….။
Crd