အေထြအေထြဗဟုသုတ

မိန္းကေလးတိုင္းသိထားသင့္တဲ့ ဝိသာခါကို သူ႔အေဖဆုံးမတဲ့ စကား(၁၀)ခြန္း

မိန္းကေလးတိုင္းသိထားသင့္တဲ့ ဝိသာခါကို သူ႔အေဖဆုံးမတဲ့ စကား(၁၀)ခြန္း

၁။ အိမ္တြင္းမီး အျပင္မထုတ္နဲ႔။

(အိမ္တြင္းေရးျပႆနာေတြကို အျပင္မွာေဖာက္သည္ မခ်နဲ႔)

၂။အိမ္ျပင္မီး အတြင္းမသြင္းနဲ႔။

(အျပင္က ျပႆနာေတြကို အိမ္တြင္းထဲ သယ္မလာနဲ႔)

၃။ျပန္ေပးမယ့္သူကိုသာ ေပးပါ။

(ဥစၥာပစၥည္းေတြကိုျပန္ေတာင္းလို့ရမယ့္သူကိုသာ ေခ်းငွားပါ)

၄။ျပန္မေပးမယ့္သူကို မေပးနဲ႔။

(ဥစၥာပစၥည္းေတြကိုျပန္ေတာင္းလို့မရမယ့္သူကို မေခ်းငွားနဲ႔)

၅။ေပးသင့္သူကိုလည္း ေပးပါ။

(ေဆြမ်ိဳးအသိုင္းအဝိုင္းမွာ ဘဝေပးအရမျပည့္စုံတဲ့သူေတြကို ဘာမွမေမၽွာ္လင့္ဘဲ ေထာက္ပံ့လိုက္ပါ)

၆။ေကာင္းေကာင္း ထိုင္ပါ။

(မိဘ၊ေယာကၡမ၊ခင္ပြန္းရဲ့ အထက္အရပ္၊ ေလညာအရပ္စေသာ အျပစ္မလြတ္ေသာေနရာတြင္ မထိုင္ဘဲ အျပစ္ကင္းေသာေနရာမွာ ထိုင္ပါ)

၇။ ေကာင္းေကာင္း စားပါ။

(မိဘ၊ေယာကၡမ၊ခင္ပြန္းကို ေရွးဦးစြာေကၽြးၿပီးေနာက္မွ စားပါ)

၈။ေကာင္းေကာင္း အိပ္ပါ။

(မိဘ၊ေယာကၡမ၊ခင္ပြန္းတို့ကို သင့္တင့္ေသာေဝယ်ာဝစၥ ျပဳလုပ္ေပးၿပီးမွ အိပ္ပါ)

၉။မီးကို ရိုေသစြာလုပ္ေကၽြးပါ။

(ေယာကၡမေတြကို မိဘကဲ့သို့ ေကာင္းစြာေစာင့္ေရွာက္ ရိုေသပါ)

၁၀။အိမ္ဦးနတ္ကို ရွိခိုးပူေဇာ္ပါ။

(မိမိခင္ပြန္းအား ရိုေသေလးစားစြာ ဆက္ဆံပါ)

မိန်းကလေးတိုင်းသိထားသင့်တဲ့ ဝိသာခါကို သူ့အဖေဆုံးမတဲ့ စကား(၁၀)ခွန်း

၁။ အိမ်တွင်းမီး အပြင်မထုတ်နဲ့။

(အိမ်တွင်းရေးပြဿနာတွေကို အပြင်မှာဖောက်သည် မချနဲ့)

၂။အိမ်ပြင်မီး အတွင်းမသွင်းနဲ့။

(အပြင်က ပြဿနာတွေကို အိမ်တွင်းထဲ သယ်မလာနဲ့)

၃။ပြန်ပေးမယ့်သူကိုသာ ပေးပါ။

(ဥစ္စာပစ္စည်းတွေကိုပြန်တောင်းလို့ရမယ့်သူကိုသာ ချေးငှားပါ)

၄။ပြန်မပေးမယ့်သူကို မပေးနဲ့။

(ဥစ္စာပစ္စည်းတွေကိုပြန်တောင်းလို့မရမယ့်သူကို မချေးငှားနဲ့)

၅။ပေးသင့်သူကိုလည်း ပေးပါ။

(ဆွေမျိုးအသိုင်းအဝိုင်းမှာ ဘဝပေးအရမပြည့်စုံတဲ့သူတွေကို ဘာမှမမျှော်လင့်ဘဲ ထောက်ပံ့လိုက်ပါ)

၆။ကောင်းကောင်း ထိုင်ပါ။

(မိဘ၊ယောက္ခမ၊ခင်ပွန်းရဲ့ အထက်အရပ်၊ လေညာအရပ်စသော အပြစ်မလွတ်သောနေရာတွင် မထိုင်ဘဲ အပြစ်ကင်းသောနေရာမှာ ထိုင်ပါ)

၇။ ကောင်းကောင်း စားပါ။

(မိဘ၊ယောက္ခမ၊ခင်ပွန်းကို ရှေးဦးစွာကျွေးပြီးနောက်မှ စားပါ)

၈။ကောင်းကောင်း အိပ်ပါ။

(မိဘ၊ယောက္ခမ၊ခင်ပွန်းတို့ကို သင့်တင့်သောဝေယျာဝစ္စ ပြုလုပ်ပေးပြီးမှ အိပ်ပါ)

၉။မီးကို ရိုသေစွာလုပ်ကျွေးပါ။

(ယောက္ခမတွေကို မိဘကဲ့သို့ ကောင်းစွာစောင့်ရှောက် ရိုသေပါ)

၁၀။အိမ်ဦးနတ်ကို ရှိခိုးပူဇော်ပါ။

(မိမိခင်ပွန်းအား ရိုသေလေးစားစွာ ဆက်ဆံပါ)