အိမ်အလုပ်တွေကို အလွန်ကြိုးစားနေတာကြောင့် အမှုဖြစ်မှာစိုးရိမ်ပြီး အိမ်ရှင်များက အိမ်ဖော်မလေးကို အလုပ်မကြိုးစားရန် တောင်းပန်နေရသည့်အဖြစ်
လူတစ်ယောက်ကို ခိုင်းစေရန်အတွက် ငှားရမ်းခဲ့ပြီဆိုလျှင် မိမိ၏စိတ်တိုင်းကျမဖြစ်နိုင်ဘဲ အလုပ်ကြိုးစားရန်အတွက် စိတ်ပူပန်နေရတတ်ပါတယ်..။သာမန်အားဖြင့် အလုပ်သမားများသည် စေခိုင်းချက်များကိုသာ လုပ်ဆောင်ပြီး အနားယူချိန်က ပိုမိုများပြားနေတတ်ကြပါတယ်။
ယခုအခါမှာတော့ အိမ်ရှင် မိသားစုတစ်ခုဟ အိမ်အကူမိန်းကလေးကို ငှားရမ်းခဲ့ရာတွင်.. အလုပ်ကြိုးစားလွန်းတာကြောင့် သဘောကျနေခဲ့ရပါတယ်။တစ်နေ့တွင် အိမ်အကူမိန်းကလေးဟာ တိုက်အမြင့်မှာနေထိုင်သည်ကိုပင် ကြောက်လန့်ခြင်းမရှိဘဲ ပြတင်းပေါင်အပြင်ထွက်ပြီး မှန်တွေကို သန့်ရှင်းရေးလုပ်ခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် အန္တာရာယ်တစ်ခုခုဖြစ်လာမည်စိုးရိမ်တာကြောင့် အိမ်ရှင်များက အိမ်ဖော်မလေးကို တားယူခဲ့ရသည်အထိပင်ဖြစ်ခဲ့ပါတယ်။
Crd;Shoon (Cele Daily)
Zawgyi
Crd;Shoon (Cele Daily)