အေထြအေထြဗဟုသုတ

ႀကိဳးႀကိဳးစားစားနဲ႔ လုိခ်င္တာေတြ ရေအာင္ယူၾကမယ္

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေအာင္ျမင္ခ်မ္းသာခ်င္ရင္ ကိုယ့္ကိုယ္ကို အလုပ္ပိုခုိင္းပါ

ကိုယ့္ပတ္ဝန္းက်င္မွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေအာင္ျမင္ေနၾကတဲ့ သူေတြကို ေတြ႔ဖူးၾကမွာျဖစ္ၿပီး အဲဒီ့လူေတြလုိ ျဖစ္ခ်င္တဲ့ အားက်တဲ့စိတ္ကလည္း ျဖစ္ေပၚဖူးၾကမယ္လုိ႔ ထင္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ေအာင္ျမင္ခ်င္တယ္ဆုိတဲ့အရာကို စကားအျဖစ္သာ ေျပာတတ္ၾကေပမယ့္ တကယ္တမ္း လိုအပ္တဲ့ အားစိုက္မႈေတြက်ေတာ့ မ႐ွိတတ္ၾကျပန္ပါဘူး။ ဒီေတာ့ တကယ္ေအာင္ျမင္ခ်မ္းသာတဲ့ သူတစ္ေယာက္ျဖစ္ခ်င္ရင္ေတာ့ ကိုယ့္ကို္ယ္ကို အလုပ္ပိုခုိင္းဖို႔ လုိအပ္ပါတယ္္ေနာ္။

ႀကိဳးစားၾကည့္ပါ

ေအာင္ျမင္ခ်မ္းသာခ်င္တယ္ဆုိရင္ေတာ့ အလုပ္ႀကိဳးစားဖုိ႔လိုတယ္ဆုိတာ ေျပာေနစရာေတာင္ လုိမယ္မထင္ပါဘူးေနာ္။ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ေတြ၊ ပန္းတိုိင္ေတြ တကယ္ျဖစ္လာဖို႔ လုိအပ္တဲ့ ႀကိဳးစားမႈေလးေတာ့ အားစိုက္ဖို႔လုိအပ္ပါတယ္။ လက္႐ွိလုပ္ေနတဲ့ အလုပ္အကိုင္ကို အေကာင္းဆံုး လုပ္ေဆာင္တာ၊ ဝင္ေငြပိုေကာင္းလာေအာင္ ႀကိဳးစားတာ စသျဖင့္ လုပ္ေဆာင္ဖို႔လုိအပ္ပါတယ္ေနာ္။

ကိုယ့္ကိုယ္ကို မညုာလြန္းပါနဲ႔

လူေတာ္ေတာ္မ်ားမ်ားက ေအာင္ေတာ့ေအာင္ျမင္ခ်င္တယ္ ဒါေပမယ့္ ကိုယ့္ကိုယ္ကို အရမ္းညုာေနတတ္ၾကပါတယ္္။ ဥပမာ- အလုပ္ပိတ္ရက္မွာ သာသာယာယာ ေနေနတတ္တာမ်ိဳး၊ သင္တန္းေတြတက္ရမွာကို ပင္ပန္းမွာစိုးလို႔ အခ်ိန္မေပးႏုိင္တာမ်ိဳး၊ အလုပ္ေလးတစ္ခု ႐ွိေန႐ံုနဲ႔ ေက်နပ္ေနတတ္တာမ်ိဳး စသျဖင့္ေပါ့။ ဒီလုိ ကိုယ့္ရဲ႕ခဏတာ သာယာဖုိ႔အတြက္ပဲ ၾကည့္ေနရင္ေတာ့ ဘယ္ေတာ့မွ ေအာင္ျမင္တဲ့သူတစ္ေယာက္ ျဖစ္လာမွာ မဟုတ္ပါဘူး။

ေလ့လာသင္ယူလုိစိတ္ ႐ွိပါ

ေအာင္ျမင္ခ်မ္းသာခ်င္ရင္ေတာ့ ေလ့လာသင္ယူလုိစိတ္ ႐ွိကို႐ွိရပါမယ္။ ဒီ့ထက္ ေကာင္းမြန္တဲ့ ေနရာတစ္ခုကို ေရာက္ဖုိ႔၊ ကိုယ္အခ်ိန္အၾကာႀကီး မက္လာခဲ့ရတဲ့ စိတ္ကူးအိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖုိ႔ ကိုယ့္မွာ ပညာေတြျပည့္ဝေနဖို႔ လုိအပ္ပါတယ္။ ကိုယ္သိတာ၊ တတ္တာ မ်ားလာေလေလ ကိုယ္လုိခ်င္တဲ့ ေအာင္ျမင္မႈကို အလြယ္တကူ ရယူလာႏုိင္ေလပါပဲ။ ဒါေၾကာင့္ ကိုယ့္အတြက္ လုိအပ္မယ္ထင္တဲ့ အရာတုိင္းကို ေသခ်ာေလ့လာသင္ယူပါ။

အ႐ံႈးေတြကို ရင္ဆုိင္ၾကည့္ပါ

လူေတြက ေအာင္ျမင္ခ်င္ေပမယ့္ က်႐ံႈးမွာကိုေတာ့ အရမ္းေၾကာက္တတ္ၾကပါတယ္။ တစ္ခါေလး အ႐ံႈးနဲ႔ရင္ဆုိင္ရတုိင္းမွာ ေ႐ွ႕ဆက္ဖုိ႔ သတၱိေတြေပ်ာက္သြားတတ္ၾကပါတယ္ေနာ္။ ေအာင္ျမင္မႈဆိုတဲ့အရာက လြယ္လြယ္ကူကူ ရလာတဲ့အရာေတာ့မဟုတ္ပဲ အ႐ံႈးေတြကို ရင္ဆုိင္ၿပီးမွာ အသီးအပြင့္အေနနဲ႔ ရလာတဲ့ အရာတစ္ခုပါ။ ဒါေၾကာင့္ ကိုယ္ဘာပဲလုပ္လုပ္ က်႐ႈံးမွာကို မေၾကာက္ပါနဲ႔ လဲက်တုိင္း ျပန္ထၿပီး ေ႐ွ႕ဆက္ပါ။ ဒါဆုိရင္ေတာ့ ေသခ်ာေပါက္ သင္ဟာ တစ္ေန႔မွာ ေအာင္ျမင္တဲ့သူတစ္ေယာက္ ျဖစ္လာမွာပါေနာ္။

Unicode,

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချမ်းသာချင်ရင် ကိုယ့်ကိုယ်ကို အလုပ်ပိုခိုင်းပါ

ကိုယ့်ပတ်ဝန်းကျင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေကြတဲ့ သူတွေကို တွေ့ဖူးကြမှာဖြစ်ပြီး အဲဒီ့လူတွေလို ဖြစ်ချင်တဲ့ အားကျတဲ့စိတ်ကလည်း ဖြစ်ပေါ်ဖူးကြမယ်လို့ ထင်ပါတယ်။ လူတော်တော်များများက အောင်မြင်ချင်တယ်ဆိုတဲ့အရာကို စကားအဖြစ်သာ ပြောတတ်ကြပေမယ့် တကယ်တမ်း လိုအပ်တဲ့ အားစိုက်မှုတွေကျတော့ မရှိတတ်ကြပြန်ပါဘူး။ ဒီတော့ တကယ်အောင်မြင်ချမ်းသာတဲ့ သူတစ်ယောက်ဖြစ်ချင်ရင်တော့ ကိုယ့်ကို်ယ်ကို အလုပ်ပိုခိုင်းဖို့ လိုအပ်ပါတယ််နော်။

ကြိုးစားကြည့်ပါ

အောင်မြင်ချမ်းသာချင်တယ်ဆိုရင်တော့ အလုပ်ကြိုးစားဖို့လိုတယ်ဆိုတာ ပြောနေစရာတောင် လိုမယ်မထင်ပါဘူးနော်။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ပန်းတိိုင်တွေ တကယ်ဖြစ်လာဖို့ လိုအပ်တဲ့ ကြိုးစားမှုလေးတော့ အားစိုက်ဖို့လိုအပ်ပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်ကို အကောင်းဆုံး လုပ်ဆောင်တာ၊ ဝင်ငွေပိုကောင်းလာအောင် ကြိုးစားတာ စသဖြင့် လုပ်ဆောင်ဖို့လိုအပ်ပါတယ်နော်။

ကိုယ့်ကိုယ်ကို မညုာလွန်းပါနဲ့

လူတော်တော်များများက အောင်တော့အောင်မြင်ချင်တယ် ဒါပေမယ့် ကိုယ့်ကိုယ်ကို အရမ်းညုာနေတတ်ကြပါတယ််။ ဥပမာ- အလုပ်ပိတ်ရက်မှာ သာသာယာယာ နေနေတတ်တာမျိုး၊ သင်တန်းတွေတက်ရမှာကို ပင်ပန်းမှာစိုးလို့ အချိန်မပေးနိုင်တာမျိုး၊ အလုပ်လေးတစ်ခု ရှိနေရုံနဲ့ ကျေနပ်နေတတ်တာမျိုး စသဖြင့်ပေါ့။ ဒီလို ကိုယ့်ရဲ့ခဏတာ သာယာဖို့အတွက်ပဲ ကြည့်နေရင်တော့ ဘယ်တော့မှ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

လေ့လာသင်ယူလိုစိတ် ရှိပါ

အောင်မြင်ချမ်းသာချင်ရင်တော့ လေ့လာသင်ယူလိုစိတ် ရှိကိုရှိရပါမယ်။ ဒီ့ထက် ကောင်းမွန်တဲ့ နေရာတစ်ခုကို ရောက်ဖို့၊ ကိုယ်အချိန်အကြာကြီး မက်လာခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကိုယ့်မှာ ပညာတွေပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ကိုယ်သိတာ၊ တတ်တာ များလာလေလေ ကိုယ်လိုချင်တဲ့ အောင်မြင်မှုကို အလွယ်တကူ ရယူလာနိုင်လေပါပဲ။ ဒါကြောင့် ကိုယ့်အတွက် လိုအပ်မယ်ထင်တဲ့ အရာတိုင်းကို သေချာလေ့လာသင်ယူပါ။

အရှုံးတွေကို ရင်ဆိုင်ကြည့်ပါ

လူတွေက အောင်မြင်ချင်ပေမယ့် ကျရှုံးမှာကိုတော့ အရမ်းကြောက်တတ်ကြပါတယ်။ တစ်ခါလေး အရှုံးနဲ့ရင်ဆိုင်ရတိုင်းမှာ ရှေ့ဆက်ဖို့ သတ္တိတွေပျောက်သွားတတ်ကြပါတယ်နော်။ အောင်မြင်မှုဆိုတဲ့အရာက လွယ်လွယ်ကူကူ ရလာတဲ့အရာတော့မဟုတ်ပဲ အရှုံးတွေကို ရင်ဆိုင်ပြီးမှာ အသီးအပွင့်အနေနဲ့ ရလာတဲ့ အရာတစ်ခုပါ။ ဒါကြောင့် ကိုယ်ဘာပဲလုပ်လုပ် ကျရှုံးမှာကို မကြောက်ပါနဲ့ လဲကျတိုင်း ပြန်ထပြီး ရှေ့ဆက်ပါ။ ဒါဆိုရင်တော့ သေချာပေါက် သင်ဟာ တစ်နေ့မှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာပါနော်။