မိန္းကေလးတစ္ေယာက္ သူ့ခ်စ္သူ႔ေကာင္ေလးကို အရမ္းခ်စ္လာရင္ ဒါေတြလုပ္တတ္တယ္
အခ်စ္ ဆိုတဲ့ အဓိပၸာယ္ေဖာ္ရခက္တဲ့ ခံစားခ်က္ႀကီးဟာ မိန္းကေလး တစ္ေယာက္ရဲ႕ ႏွလုံးသား မွာ အျမစ္တြယ္ၿပီဆိုရင္ အဲ့ဒီ မိန္းကေလး မွာ ေျပာင္းလဲမႈေတြ အလိုလိုျဖစ္လာေတာ့တာပဲ။
ပိုလွခ်င္လာတယ္၊ ေပ်ာ္႐ႊင္ျမဴးတူးလာတယ္။ ပိုၿပီးေတာ့လည္း ေတြးတတ္လာတယ္။ အမူအရာ ေတြကလည္း ေျပာင္းလဲလာတယ္။ အထူးသျဖင့္ ခ်စ္သူ နဲ႔ေတြ႕ရင္ ကေလးဆန္သြားေတာ့တာပဲ။
ဒါေၾကာင့္လည္း ဒါေတြလုပ္တတ္လာၾကတယ္။
၁။ အနား ကို အရမ္းကပ္တယ္။
တူတူထိုင္ေနရင္ေတာင္မွ ေဘးခ်င္းကပ္ထိုင္ေနခ်င္တယ္။ ခ်စ္သူရဲ႕ကိုယ္သင္းနံ႔က ဘယ္လိုရွိတယ္ဆိုတာလည္း ေျပာဦးမယ္။ အဲ့ဒီ အနံ႔ ေလးကိုပဲ သေဘာက်ေနမိတာ။
၂။ ကုတင္ဘယ္ေလာက္ႀကီးႀကီး အနားနားကပ္အိပ္ရမွ ေက်နပ္တာမ်ိဳး။
ခ်စ္သူ ရဲ႕ေဘးမွာ နီးနီးကပ္ကပ္အိပ္ရင္ အိပ္ေပ်ာ္လြယ္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လည္း အိပ္စက္ရတယ္လို႔ သုေတသီေတြကလည္း ဆိုထားတယ္။ ဒါေၾကာင့္ ဘယ္ေလာက္အိုက္အိုက္ သူမက အနားကပ္ၿပီးအိပ္တဲ့အခါ နားလည္ေပးႏိုင္ဖို႔လိုပါတယ္။
၃။ ခ်စ္သူရဲ႕ေပြ႕ဖက္မႈ ကို အရမ္းလိုခ်င္တယ္။
ဘာေတြျဖစ္ေနေန ဘယ္လိုပဲ ပင္ပန္းေနပါေစ ခ်စ္သူရဲ႕လက္ေမာင္းေတြနဲ႔ ေပြ႕ဖက္ၿပီး ရင္ခြင္ထဲ ဝင္ေနလိုက္ရရင္ အရာအားလုံး အဆင္ေျပသြားသလိုပဲ။
၄။ ကိုယ့္ ခ်စ္သူ က သေဘာက်တဲ့ပုံစံမ်ိဳးကိုလည္း အတုခိုးတတ္ေသးတယ္။
ဥပမာေျပာရရင္ သနပ္ခါးလိမ္းထားတဲ့ ေကာင္မေလးေတြက ခ်စ္ဖို႔ေကာင္းတယ္လို႔မ်ား ေျပာၾကည့္ပါလား။ ေနာက္ေန႔က်ရင္ သူမရဲ႕ေဖ့စ္ဘုတ္ေပၚမွာ “ခါးခါးေလးနဲ႔/ပူလို႔သနပ္ခါးလူးထားတာ/ေတာသူမေလးပါရွင္” ဘာညာနဲ႔ အစခ်ီၿပီး သူမလည္း လွပါတယ္ဆိုတာမ်ိဳး ျပသလိမ့္မယ္။
၅။ ဆိုးတဲ့တစ္ခ်က္ကေတာ့ ခ်စ္သူ နဲ႔ပတ္သက္လာရင္ ဆတ္ဆတ္ထိမခံ ျဖစ္သြားတာပဲ။
အခ်စ္ ဆိုမွ အခ်စ္ ျဖစ္ေနေတာ့ ဘာကိုမွ မေတြးေတာ့ဘူး။ ကိုယ့္ ခ်စ္သူ ရဲ႕ မေကာင္းေၾကာင္းေျပာလာရင္ ခ်က္ခ်င္းကို ရန္ေတြ႕ပလိုက္ေတာ့တာ ဆိုးတယ္။ ရန္မေတြ႕ဘူးဆိုရင္ေတာင္မွ မ်က္ႏွာက မၾကည္ေတာ့ဘူးေလ။
Unicode,
မိန်းကလေးတစ်ယောက် သူ့ချစ်သူ့ကောင်လေးကို အရမ်းချစ်လာရင် ဒါတွေလုပ်တတ်တယ်
အချစ် ဆိုတဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့ ခံစားချက်ကြီးဟာ မိန်းကလေး တစ်ယောက်ရဲ့ နှလုံးသား မှာ အမြစ်တွယ်ပြီဆိုရင် အဲ့ဒီ မိန်းကလေး မှာ ပြောင်းလဲမှုတွေ အလိုလိုဖြစ်လာတော့တာပဲ။
ပိုလှချင်လာတယ်၊ ပျော်ရွှင်မြူးတူးလာတယ်။ ပိုပြီးတော့လည်း တွေးတတ်လာတယ်။ အမူအရာ တွေကလည်း ပြောင်းလဲလာတယ်။ အထူးသဖြင့် ချစ်သူ နဲ့တွေ့ရင် ကလေးဆန်သွားတော့တာပဲ။
ဒါကြောင့်လည်း ဒါတွေလုပ်တတ်လာကြတယ်။
၁။ အနား ကို အရမ်းကပ်တယ်။
တူတူထိုင်နေရင်တောင်မှ ဘေးချင်းကပ်ထိုင်နေချင်တယ်။ ချစ်သူရဲ့ကိုယ်သင်းနံ့က ဘယ်လိုရှိတယ်ဆိုတာလည်း ပြောဦးမယ်။ အဲ့ဒီ အနံ့ လေးကိုပဲ သဘောကျနေမိတာ။
၂။ ကုတင်ဘယ်လောက်ကြီးကြီး အနားနားကပ်အိပ်ရမှ ကျေနပ်တာမျိုး။
ချစ်သူ ရဲ့ဘေးမှာ နီးနီးကပ်ကပ်အိပ်ရင် အိပ်ပျော်လွယ်ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်စက်ရတယ်လို့ သုတေသီတွေကလည်း ဆိုထားတယ်။ ဒါကြောင့် ဘယ်လောက်အိုက်အိုက် သူမက အနားကပ်ပြီးအိပ်တဲ့အခါ နားလည်ပေးနိုင်ဖို့လိုပါတယ်။
၃။ ချစ်သူရဲ့ပွေ့ဖက်မှု ကို အရမ်းလိုချင်တယ်။
ဘာတွေဖြစ်နေနေ ဘယ်လိုပဲ ပင်ပန်းနေပါစေ ချစ်သူရဲ့လက်မောင်းတွေနဲ့ ပွေ့ဖက်ပြီး ရင်ခွင်ထဲ ဝင်နေလိုက်ရရင် အရာအားလုံး အဆင်ပြေသွားသလိုပဲ။
၄။ ကိုယ့် ချစ်သူ က သဘောကျတဲ့ပုံစံမျိုးကိုလည်း အတုခိုးတတ်သေးတယ်။
ဥပမာပြောရရင် သနပ်ခါးလိမ်းထားတဲ့ ကောင်မလေးတွေက ချစ်ဖို့ကောင်းတယ်လို့များ ပြောကြည့်ပါလား။ နောက်နေ့ကျရင် သူမရဲ့ဖေ့စ်ဘုတ်ပေါ်မှာ “ခါးခါးလေးနဲ့/ပူလို့သနပ်ခါးလူးထားတာ/တောသူမလေးပါရှင်” ဘာညာနဲ့ အစချီပြီး သူမလည်း လှပါတယ်ဆိုတာမျိုး ပြသလိမ့်မယ်။
၅။ ဆိုးတဲ့တစ်ချက်ကတော့ ချစ်သူ နဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိမခံ ဖြစ်သွားတာပဲ။
အချစ် ဆိုမှ အချစ် ဖြစ်နေတော့ ဘာကိုမှ မတွေးတော့ဘူး။ ကိုယ့် ချစ်သူ ရဲ့ မကောင်းကြောင်းပြောလာရင် ချက်ချင်းကို ရန်တွေ့ပလိုက်တော့တာ ဆိုးတယ်။ ရန်မတွေ့ဘူးဆိုရင်တောင်မှ မျက်နှာက မကြည်တော့ဘူးလေ။