ရင့်ကျက်တဲ့ ချစ်သူကောင်လေးတွေမှာသာ ရှိနေတတ်တဲ့ လက္ခဏာရပ်များ…
လူတိုင်းက အသက်ကြီးလာတာနဲ့ ရင့်ကျက်လာတာမျိုး မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ရင့်ကျက်လာတာ မတူသလိုမျိုး ရင့်ကျက်တဲ့သူတွေကတော့ သူများနဲ့မတူစွာ ထူးခြားနေလေ့ ရှိပါတယ်။
ရင့်ကျက်တဲ့ ချစ်သူကောင်လေးတွေကလည်း တခြားသော မရင့်ကျက်တဲ့ ကောင်လေးတွေလိုမျိုး မဟုတ်ဘဲ အချစ်ရေးမှာ သင် စိတ်ကျေနပ်မှု ရှိစေအောင် လုပ်ပေးတတ်ကြပါတယ်။ ရင့်ကျက်တဲ့ ချစ်သူကောင်လေးတွေ
ရှိထားရင်တော့ ဒီလိုအချက်လေးတွေကို တွေ့ရမှာပါနော်။
(၁) သဝန်မတိုတတ်ဘူး
ရင့်ကျက်လာတဲ့ ကောင်လေးတွေက ကိုယ့်ချစ်သူကို ယုံကြည်မှုလည်း ပေးတတ်သလို အရှိတရားကိုလည်း လက်ခံတတ်ကြပါတယ်။
ကိုယ့်ချစ်သူက ကိုယ့်ကို မချစ်တော့ချိန်မှာ ထွက်သွားရင်လည်း သွားခွင့်ပေးရမယ်ဆိုတဲ့ စိတ်ရှိပြီး အနားမှာ ရှိနေတဲ့ ချစ်သူကို သဝန်တိုမှုတွေကြောင့် စိတ်ရှုပ်စေမှာမျိုးတွေ မလုပ်တတ်ကြပါဘူး။
(၂) သင်နဲ့ စကားပြောတယ်
လူချစ်လူခင်ပေါများပြီး အပေါင်းအသင်း ဆန့်ချင်ရင် ဒီအချက်တွေကို လိုက်နာပါ
များသောအားဖြင့် မရင့်ကျက်တဲ့ ကောင်လေးတွေက ကိုယ့်ချစ်သူကို စကားပြောပြီး အချိန်ပေးတာမျိုးကို မလုပ်တတ်ကြပါဘူး။
ရင့်ကျက်တဲ့ ကောင်လေးတွေကတော့ ကိုယ့်ချစ်သူကောင်မလေးအတွက် ကိုယ်နဲ့ စကားပြောချင်တဲ့ အချိန်က အရေးကြီးတယ်ဆိုတာကို လက်ခံပေးနိုင်ကြပါတယ်။
မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူကို အရင်းနှီးဆုံး နားလည်ပေးနိုင်မယ့်သူလို့ ယူဆထားလို့ စကားပြောကြတာကို သိလို့ နားလည်ပေးကြတာ ဖြစ်ပါတယ်။
(၃) အမြဲပံ့ပိုးပေးတယ်
ကိုယ့်ချစ်သူ စိတ်ညစ်နေတဲ့ အချိန်မှာ ဖြစ်စေ၊ ဝမ်းနည်းနေတဲ့ အချိန်မှာ ဖြစ်စေ၊ အလုပ်အတွက် အကြံဉာဏ် လိုအပ်နေတဲ့ အခါမျိုးမှာ ဖြစ်စေ ရင့်ကျက်တဲ့ ချစ်သူကောင်လေးတွေက ကိုယ့်ချစ်သူကို အားဖြစ်စေတတ်တဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ တတ်နိုင်သရွေ့ အစွမ်းကုန် ပံ့ပိုးပေးပြီး ချစ်သူရဲ့ ဖိအားတွေ လျော့ကျစေတဲ့သူတွေလည်း ဖြစ်ပါတယ်။
(၄) သင့်ကို သိတယ်
ချစ်သူဖြစ်တိုင်း ကိုယ့်ချစ်သူအကြောင်းကို မသိကြပါဘူး။
ရင့်ကျက်တဲ့ ချစ်သူကောင်လေးတွေကတော့ ကိုယ့်ကောင်မလေးက ဘယ်လိုစိတ်ထား ရှိတယ်၊ ဘာတွေ ကြိုက်တတ်တယ်၊ ဘယ်လိုဆိုရင် ပျော်ရွှင်သွားတတ်တယ်ဆိုတာမျိုးကို သိကြပါတယ်။
ဒါကြောင့် သင် ပျော်ဖို့အတွက် သူ့ဘက်ကလည်း ဖန်တီးပေးတတ်ပါတယ်။
(၅) သင့်ကို ဘယ်နည်းနဲ့မှ မကစားဘူး
သင့်ကို အရှိအရှိတိုင်းပဲ ရင့်ကျက်တဲ့ ကောင်လေးတွေက ပြုမူဆက်ဆံတတ်ကြပါတယ်။
သင့်ကို ခံစားရစေဖို့ နှစ်နာရီလောက် ပစ်ထားတာမျိုးတွေ၊ သင့်ကို တမင် စိတ်ဆိုးပြတာမျိုးတွေ သူတို့က မလုပ်တတ်ကြပါဘူး။
သူ့ခံစားချက် အမှန်အတိုင်းပဲ ဆက်ဆံတာမို့ သင့်ကို ဘယ်တော့မှ ကစားတာမျိုး မလုပ်တတ်ပါဘူး။
Kham